Home သတင်း ဖမ်းဆီးခံထားရသည့် ဒီ‌ကေဘီ‌အေ ၂ဦးနှင့် အရပ်သား ၁ဦးကို အစိုးရစစ်တပ် ပြန်လွှတ်‌ပေး

ဖမ်းဆီးခံထားရသည့် ဒီ‌ကေဘီ‌အေ ၂ဦးနှင့် အရပ်သား ၁ဦးကို အစိုးရစစ်တပ် ပြန်လွှတ်‌ပေး

1757

‌အောက်တိုဘာ ၁၃ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ချောင်‌ဖော့

ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ်တွင် အစိုးရစစ်တပ်မှ ဖမ်းဆီးထိန်းသိမ်းထားသည့် ဒီ‌ကေဘီ‌အေ ၂ဦးနှင့် အရပ်သား ၁ဦးကို ‌အောက်တိုဘာလ ၁၂ရက်‌နေ့ ‌နေ့လည် ၂နာရီခွဲအချိန်တွင် ပြန်လွှတ်‌ပေးလိုက်ပြီးဖြစ်‌ကြောင်း ‌ကော့ကရိတ်မြို့ရှိ ဆက်ဆံ‌ရေးရုံး တာဝန်ခံ ဗိုလ်မှူး‌စောသရဲနီက ‌ကေအိုင်စီသို့ ‌ပြောသည်။

ဗိုလ်မှူး‌စောသရဲနီက “မ‌နေ့က ပြန်လွှတ်‌ပေးလိုက်ပြီး။ ရွာသားကို‌တော့ အရင်လွှတ်‌ပေးတယ်။ စခက-၁၂ မှာပဲ ထိန်းသိမ်းထား တယ်။ ထိုးတာကြိတ်တာလည်း ဘာမှမလုပ်ဘူး။ ‌ကောင်း‌ကောင်းမွန်မွန်ပဲ ပြန်အပ်‌ပေးတယ်။ ဖမ်းဆီးထိန်းသိမ်းထားတာ‌တော့ ၂ရက်‌လောက်ကြာတယ်။ ကျ‌နော်တို့လည်း ငြိမ်းငြိမ်းချမ်းချမ်း‌နေဖို့လိုတယ်။ တစ်‌ယောက်နဲ့ တစ်‌ယောက် ‌စေတနာရှိရင် ဘာမှ မဖြစ်ပါဘူး”ဟု ‌ပြောဆိုသည်။

‌အောက်တိုဘာလ ၉ရက်ညက ‌ကော့ကရိတ်မြို့‌တောင်ပိုင်းရှိ ရွာတန်းရှည်‌ကျေးရွာမှ တစ်မိုင်ကုန်း(ကမိုင်ကုန်း)သို့ သွား‌နေသည့် ဒီ‌ကေဘီ‌အေ ကလို့ထူးဝါးဗျူဟာ လက်‌အောက်ခံ တပ်ဖွဲ့ဝင်နှစ်ဦးဖြစ်သည့် ‌စောရန်နိုင်၊ ‌စောအရှည်ကြီးနှင့် ၎င်းတို့အားဆိုင်ကယ် ဖြင့် တင်‌ဆောင်လာသူ ရွာတန်းရှည်ရွာသား‌စော‌ကျော်လာသန့်တို့ကို ‌ရေတွင်းဖြူကုန်းအ‌ရောက်တွင် ‌ကော့ကရိတ်မြို့နယ် အ‌ခြေ စိုက် စစ်ကွပ်ကဲ‌ရေးဌာနချုပ် (စကခ-၁၂) လက်‌အောက်ခံ ‌ခြေမြန်တပ်ရင်း (ခမရ-၅၄၆)က ဖမ်းဆီးခဲ့သည်။

ယင်းသို့ မိမိတို့တပ်သားများကို ဖမ်းရခြင်းမှာ ‌အောက်‌ခြေပိုင်းတွင် အနည်းငယ် ပဋိပက္ခတိုက်ပွဲများဖြစ်‌နေပြီး ဒီ‌ကေဘီ‌အေတပ် သားများအ‌နေဖြင့် အသွားအလာ မဆင်ခြင်သည့်အတွက်‌ကြောင့်ဖြစ်ပြီး ဖမ်းဆီးခံရစဉ်က ၎င်းတို့တွင် ပါသွားခဲ့သည့် M-16 နှင့် M-40 ‌သေနတ်နှစ်လက်ကို အစိုးရစစ်တပ်မှ လက်နက်များကို ပြန်‌ပေးခြင်းမရှိသဖြင့် ပြန်လည်ညှိနှိုင်းရအုံးမည်ဟု ဗိုလ်မှူး‌စော သရဲနီက ဆက်‌ပြောသည်။

ဖမ်းဆီးမှုမှ ပြန်လွတ်‌မြောက်လာသူ ရွာတန်းရှည်ရွာသား ‌စော‌ကျော်လာသန့်က “အစိုးရစစ်တပ်က ဖမ်းပြီး‌တော့ ကျ‌နော့်ကို စစ် တယ်။ နင် ရွာမှာ‌နေတာ နင်ဘာလုပ်လဲ။ နင့်ရွာမှာ ဆိုင်ဘယ်နှစ်လုံးရှိလဲ။ အိမ်‌ထောင်မကျခင်က နင်ဘာလုပ်လဲ။ နင် ငယ်ငယ် က ‌သေနတ်ပစ်ဖူးတယ်ဆိုတာ ဟုတ်လား။ အစုံပဲ ‌မေးတယ်။ အခုလိုမျိုး အဖမ်းခံရမယ်ဆိုရင် ကျ‌နော်လိုက်ပို့ရဲမှာ မဟုတ်ဘူး” ဟု ‌ပြောသည်။

ဒီ‌ကေဘီ‌အေတပ်သား ၂ဦး အဖမ်းခံရပြီး‌နောက်ပိုင်း ‌အောက်တိုဘာလ ၁ဝရက်‌နေ့တွင် ကရင်ပြည်နယ် ‌ကော့ကရိတ်မြို့နယ်အ တွင်းရှိ ဒီမိုက‌ရေစီအကျိုးပြုကရင့်တပ်မ‌တော်(ဒီ‌ကေဘီ‌အေ) ကလို့ထူးဝါးဗျူဟာမှ တပ်ဖွဲ့ဝင်များနှင့် မြန်မာအစိုးရ၏ စစ်ကွပ်ကဲ ‌ရေးဌာနချုပ် (စကခ-၁၂) လက်‌အောက်ခံ တပ်ဖွဲ့ဝင်များအကြား ပစ်ခတ်မှု ဖြစ်ပွားခဲ့‌သေး‌ကြောင်း သိရသည်။