Home သတင်း ပိတ်ထားသည့် မဲဆန္ဒနယ် ၁၄၇‌နေရာ ပြန်ဖွင့်‌ပေး‌ရေး ‌ရွေး‌ကောက်ပွဲ‌ကော်မရှင် မလုပ်နိုင်‌သေး

ပိတ်ထားသည့် မဲဆန္ဒနယ် ၁၄၇‌နေရာ ပြန်ဖွင့်‌ပေး‌ရေး ‌ရွေး‌ကောက်ပွဲ‌ကော်မရှင် မလုပ်နိုင်‌သေး

1317

‌အောက်တိုဘာ ၂၃ရက်၊ ၂၀၁၄ခုနှစ်။ ‌စောညွန့်‌သောင်း

ကရင်ပြည်နယ်တွင် လက်ရှိ ပိတ်ထားဆဲဖြစ်‌သော မဲဆန္ဒနယ် ၁၄၇‌နေရာကို လာမည့် ၂၀၁၅ ‌ရွေး‌ကောက်ပွဲအတွက် ပြန်လည် ဖွင့်‌ပေး‌စေလို‌ကြောင်း ကရင်ပါတီတစ်ခုဖြစ်သည့် ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP)က ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်သို့ ‌မေးမြန်း ခဲ့ရာ ‌ကော်မရှင်က မလုပ်နိုင်‌သေး‌ကြောင်း ‌ပြောဆိုသည်ဟု သိရသည်။

‌အောက်တိုဘာ ၂၁ရက်‌နေ့က မြန်မာတစ်နိုင်ငံလုံးရှိ နိုင်ငံ‌ရေးပါတီများနှင့် မြန်မာနိုင်ငံ ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင် ဦးတင်‌အေးအဖွဲ့တို့ ရန်ကုန်မြို့ရှိ ပန်ဒါဟိုတယ်၌ ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့စဉ် PSDP ၏‌မေးမြန်းတင်ပြချက်ကို ယင်းသို့ တုန့်ပြန်‌ပြောဆို ခဲ့သည်ဟု PSDP ဒုတိယ ဥက္ကဌ မန်း‌အောင်ပြည်စိုးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“၂၀၁ဝ တုန်းက ပိတ်ထားတဲ့ နယ်‌မြေ‌တွေက အများကြီးဆို‌တော့ ကျ‌နော်တို့ နစ်နာတယ်။ အဲဒါကို ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်က ဒီလာမယ့် ၂၀၁၅မှာ ပြန်ဖွင့်‌ပေးမလားလို့ ကျ‌နော်တို့ပါတီက‌မေး‌တော့ သူတို့က အဲဒီ‌နေရာ‌တွေမှာ တစုံတခု ရှိဦးမယ်။ စိတ်မချရ ‌သေးဘူးဆိုရင်‌တော့ ‌ရွေး‌ကောက်ပွဲ မလုပ်နိုင်‌သေးဘူးလို့‌တော့ ‌ကော်မရှင်က ‌ပြောတယ်”ဟု မန်း‌အောင်ပြည်စိုးက ‌ပြောသည်။

ပြီးခဲ့သည့် ၂၀၁ဝ ပါတီစုံ‌ရွေး‌ကောက်ပွဲ ကျင်းပခဲ့ချိန်က ကရင်ပြည်နယ်အတွင်း၌ နယ်‌မြေလုံခြုံ‌ရေး အ‌ကြောင်းပြကာ မဲဆန္ဒနယ် ၁၄၇‌နေရာကို ပိတ်ထားခဲ့သည်။ ၎င်းမဲဆန္ဒနယ်‌မြေများမှာ ဖားအံမြို့နယ်၌ ၁၁‌နေရာ၊ ဖာပွန်မြို့နယ်၌ ၂၅‌နေရာ၊ ‌ကော့ကရိတ်မြို့ နယ်၌ ၁၁‌နေရာ၊ ကြာအင်းဆိပ်ကြီးမြို့နယ်၌ ၄၆‌နေရာ၊ မြဝတီမြို့နယ်၌ ၁‌နေရာ၊ သံ‌တောင်ကြီးမြို့နယ်၌ ၃၆နှင့် လှိုင်းဘွဲမြို့နယ်၌ ၁၇‌နေရာတို့ဖြစ်‌ကြောင်း သိရသည်။

ယင်းသို့ မဲဆန္ဒနယ်‌မြေ ပိတ်ထားခြင်းအ‌ပေါ် ကရင်ပြည်နယ်ရှိ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်(NLD) ဗဟိုအလုပ်အမှု‌ဆောင်‌ကော် မတီဝင်တစ်ဦးဖြစ်သည့် နန်းခင်‌ထွေးမြင့်က “ငြိမ်းချမ်း‌ရေးလုပ်‌ဆောင်‌နေတဲ့ အချိန်ဖြစ်တဲ့အတွက် ပိတ်ထားခဲ့တဲ့ မဲဆန္ဒနယ်‌မြေ ‌တွေကို‌တော့ ပြန်လည်ဖွင့်‌ပေးသင့်တယ်။ သူတို့က ဘယ်လိုပဲ အ‌ကြောင်းအမျိုးမျိုး ပြပါ‌စေ။ ပြည်သူလူထု‌တွေက လက်ခံမှာ မဟုတ်ဘူးလို့ မြင်တယ်။ အခု‌တွေ့ရတာက ‌ကော်မရှင်‌ပြောသံ ‌လေယူ‌လေသိမ်းအရ သိပ်ပြီး‌တော့ သမာသမ မကျတာ များ‌နေ တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၂၀၁ဝ ‌ရွေး‌ကောက်ပွဲကာလက ကရင်ပြည်နယ်ရှိ မဲဆန္ဒနယ် အများအပြားကို လုံခြုံ‌ရေးမရှိဟုဆိုကာ စစ်အစိုးရက ပိတ်ထားခဲ့ရာ ‌ရွေး‌ကောက်ပွဲ ဝင်‌ရောက်ယှဉ်ပြိုင်သည့် နိုင်ငံ‌ရေးပါတီများမှာ နစ်နာမှုများရှိခဲ့သဖြင့် ထိုမဲဆန္ဒ‌နေရာများကို လာမည့် ၂၀၁၅ ‌ရွေး ‌ကောက်ပွဲတွင် ပြန်လည်ဖွင့်‌ပေးရန် ကရင်ပြည်နယ်အ‌ခြေစိုက် ကရင်ပါတီများ အပါအဝင် အခြားနိုင်ငံ‌ရေးပါတီများကလည်း လို လားကြ‌ကြောင်း သိရသည်။