Home သတင်း နယ်စပ်ဒုက္ခသည်စခန်း ၃ခုတွင် TBC မှ ဆန်ခွဲ‌ဝေမှု ထပ်တိုး‌ပေးမည်

နယ်စပ်ဒုက္ခသည်စခန်း ၃ခုတွင် TBC မှ ဆန်ခွဲ‌ဝေမှု ထပ်တိုး‌ပေးမည်

1796

‌အောက်တိုဘာ ၂၈ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ထိုင်း-မြန်မာနယ်စပ် ကရင်ဒုက္ခသည်စခန်း ၃ခုဖြစ်သည့် မယ်လ၊ အုန်းဖျန်၊ နို့ဖိုးစခန်းများတွင် နယ်စပ်အကူအညီ‌ပေး‌ရေးညွန့် ‌ပေါင်းအဖွဲ့(TBC -The Border Consortium )က လာမည့် နိုင်ဝင်ဘာလမှ စတင်ကာ ရိက္ခာအဖြစ် ဆန်ခွဲ‌ဝေမှု အနည်းငယ် ထပ် တိုး‌ပေးရန်ရှိ‌ကြောင်း စခန်းတာဝန်ရှိသူများက ‌ပြောသည်။

TBC ၏ စစ်တမ်း‌ကောက်ယူမှုများအရ အဆိုပါ ဒုက္ခသည်စခန်းကြီး ၃ခုအတွင်း လက်ရှိ ပုံမှန်‌ပေး‌နေကျဖြစ်သည့် လူတစ်ဦးလျှင် ဆန် ၈ကီလိုနှုန်းမှာ လုံ‌လောက်မှု မရှိသဖြင့် နိုဝင်ဘာလမှ စတင်၍ ၉ကီလိုအထိ ပြန်လည်ထပ်တိုးသွား‌ပေးမည်ဖြစ်သည်ဟု TBC တာဝန်ရှိသူတစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

“အရင်က စခန်းမှာ ၁ဝကီလို‌ပေးထားတယ်။ ဒီစခန်း ၃ခုက အများစုဟာ ကိုယ်ပိုင်လုပ်ကိုင် စား‌သောက်နိုင်တဲ့အပြင် ဝင်‌ငွေရှိကြ တဲ့အတွက် TBC က ၈ကီလိုအထိ ပြန်‌လျှော့လိုက်တယ်။ တကယ်ပြန်စစ်ကြည့်လိုက်တဲ့အခါကျ‌တော့ သူတို့‌တွေ စားဖို့မလုံ ‌လောက်တဲ့အတွက် အခု‌နောက်ထပ် ၁ကီလို ပြန်ထပ်တိုး‌ပေးတာပါ”ဟု အဆိုပါ TBC တာဝန်ရှိသူက ‌ပြောသည်။

ယခု ဆန်တိုး‌ပေးလိုက်သည့် ဒုက္ခသည်စခန်းများမှာ ၂၀၁၃ခုနှစ်က ရိက္ခာ‌ပေး‌ဝေမှု အနည်းငယ် ‌လျှော့ချခံရပြီး‌နောက် ယခုပြန် လည်တိုး‌ပေးရာတွင် ၁၈နှစ်အထက်ရှိသူများကိုသာ‌ပေးမည်ဖြစ်ပြီး ဆန်ရိက္ခာမှလွဲ၍ အခြား‌သောရိက္ခာများ ပါဝင်မည်မဟုတ် ‌ကြောင်း သိရသည်။ ၎င်းအပြင် ကျန်ရှိသည့် အခြားဒုက္ခသည်စခန်းများတွင် ဆန် ၁ဝကီလိုနှင့် အခြား‌သောရိက္ခာများကို ယခင် နှုန်းထားအတိုင်း ဆက်‌ထောက်ပံ့‌ပေးသွားမည်ဖြစ်‌ကြောင်း TBC က ဆိုသည်။

ဆန်‌ပေး‌ဝေမှု တိုး‌ပေးလိုက်သည့်အ‌ပေါ် မယ်လစခန်း ဒုဥက္ကဌ ‌စောသာကဲက “စခန်းအတွက် ‌နောက်လက‌နေ စတင်ပြီး တိုး‌ပေး သွားမယ်လို့ TBC က‌ပြောတယ်။ အခုတိုး‌ပေးတာက လူထုဘက်က မိသားစု စားဝတ်‌နေ‌ရေး‌တွေ ‌ဖြေရှင်းနိုင်ဖို့ ပြန်လည်ထပ်တိုး ‌ပေးတာဖြစ်တယ်။ တခြားရိက္ခာ‌တွေက ‌ပေးမ‌ပေး‌တော့ ဘာမှမသိရ‌သေး ဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မယ်လစခန်းမှ ဒုက္ခသည်အမျိုးသမီး ‌နောလုံ့က “ဒီအချိန်မှာ အခုလိုဆန်တိုးပြီး ‌ဝေ‌ပေးတာ‌တော့ ‌ကောင်းပါ တယ်။ မဟုတ်ရင် အပြင်မှာ အလုပ်သွားလုပ်ဖို့က ခက်ခဲတယ်။ ပြီး‌တော့ အပြင်မှာ အလုပ်သွားလုပ်ရင် လက်မှတ်တစ်‌စောင်ကို ၂၀၀‌ပေးပြီး သွားရ တယ်။ သွားခွင့်က ၅ရက်ရတယ်။ ရတဲ့ပိုက်ဆံက သွားလာစရိတ်နဲ့ တစ်ဝက်ကုန်ပြီး အိမ်မှာ မိသားစုများရင် ဆန် ၈ကီလို‌တော့ စားမ‌လောက်ဘူး။ အခုတခြား မီး‌သွေး၊ ဆီတို့လည်း သုံးလို့မ‌လောက်ဘူး။ အရမ်း‌ချွေတာပြီး သုံးရတယ်”ဟု ‌ပြောဆိုသည်။

လက်ရှိ ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် ဆန်၊ မီး‌သွေး၊ ဆီ၊ ဆား၊ ပဲဝါ၊ ဂျုံမှုန့် စသည့် အ‌ခြေခံ စားနပ်ရိက္ခာများကို TBC မှ တစ်လတစ်ကြိမ် ‌ထောက်ပံ့‌ပေးထားသလို ‌နေအိမ်အ‌ဆောက်အဦးအတွက် ဝါး၊ သစ်၊ ဖက်မိုး စသည် အ‌ဆောက်အဦး ပစ္စည်းများကိုလည်း နှစ်စဉ် ‌ပေး‌ဝေလျှက်ရှိသည်။