Home သတင်း ဒုက္ခသည်စခန်း ကိုယ်စားလှယ် ၁၈ဦး လူ‌နေမှုဘဝတိုးတက်‌ရေးအတွက် ချင်းရိုင်းခရိုင်သွား‌ရောက်‌လေ့လာ

ဒုက္ခသည်စခန်း ကိုယ်စားလှယ် ၁၈ဦး လူ‌နေမှုဘဝတိုးတက်‌ရေးအတွက် ချင်းရိုင်းခရိုင်သွား‌ရောက်‌လေ့လာ

1594

‌အောက်တိုဘာ ၁၇ရက်၊ ၂၀၁၄ခုနှစ်။ စဖန်း‌ရှောင်း

ဒုက္ခသည်စခန်းအတွင်း ‌နေထိုင်သူများ၏ လူ‌နေမှုဘဝ တိုးတက်မြင့်မား‌ရေးအတွက် ရည်ရွယ်၍ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည် စခန်း(၃)ခုမှ ကိုယ်စားလှယ် ၁၈ဦးသည် ကရင်ဒုက္ခသည်‌ကော်မတီ(KRC)နှင့် ထိုင်းနိုင်ငံအ‌ခြေစိုက် မယ့်ဖာလွန်‌ဖောင်‌ဒေးရှင်းတို့ ၏ စီစဉ်မှုဖြင့် ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်သို့ ငါးရက်ကြာ သွား‌ရောက်‌လေ့လာမှု ပြုလုပ်ခဲ့‌ကြောင်း သိရသည်။

ထိုသို့သွား‌ရောက်ရာတွင် မယ်လ၊ နို့ဖိုး၊ အုန်းဖျန် စသည့်ဒုက္ခသည်စခန်းများမှ ကိုယ်စားလှယ်များအ‌နေဖြင့် ချင်းရိုင်ခရိုင်၊ မယ့် ဆိုင်မြို့အပိုင်၊ ဒွဲတုံး‌ကျေးရွာမှ လက်ဖက်စိုက်ပျိုး‌ရေး၊ ‌မွေးမြူ‌ရေးလုပ်ငန်းများ၊ ခရီးသွားလာ‌ရေးလုပ်ငန်း၊ ပညာ‌ရေးအ‌ခြေအ‌နေ များ၊ အိမ်တွင်းလက်မှုပညာများကို ‌အောက်တိုဘာလ ၁၃ရက်မှ ၁၇ရက်‌နေ့အထိ သွား‌ရောက်‌လေ့လာခဲ့ခြင်းဖြစ်သည်။

KRC တွဲဖက်အတွင်း‌ရေးမှူး ‌နော်ဘလူးမင်းနိုက်ဇန်က “ဒီအစီအစဉ်ကို မယ့်ဖာလွန်က‌နေ ကျမတို့ကို သူတို့ရဲ့‌နေရာကို ‌လေ့လာဖို့ ဖိတ်ကြားပြီး‌တော့ KRC နဲ့ မယ့်ဖာလွန်အကြား အ‌တွေ့အကြုံ ဖလှယ်နိုင်ဖို့အတွက် ကျမတို့ စီစဉ်လိုက်တာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။
10367716_667818769982441_657940813404215730_n
ဒွဲတုံး‌ကျေးရွာရှိ ‌ဒေသခံများသည် လက်ဖက်စိုက်ပျိုး‌ရေးကို ကျယ်ကျယ်ပြန့်ပြန်လုပ်‌ဆောင်ကာ လက်ဖက်ထုတ်လုပ်သည့် စက်ရုံ များ၊ လက်ဖက်‌ဈေးကွက်များအပြင် အခြား‌သောစိုက်ပျိုး‌ရေး၊ ‌မွေးမြူ‌ရေး၊ ဟိုတယ်လုပ်ငန်း၊ ပညာ‌ရေးကဏ္ဍ အသီးသီးတို့တွင် စနစ်တကျနှင့် တိုးတက်မှုရှိသည်ကို ‌တွေ့ရ‌ကြောင်း သွား‌ရောက်‌လေ့လာသည့် ကိုယ်စားလှယ်များက ‌ပြောဆိုသည်။

အုန်းဖျန်စခန်းကိုယ်စားလှယ်အဖြစ် သွား‌ရောက်ခဲ့သူ စခန်း‌ကော်မတီဝင် ‌စောဆာသူးမွဲက “ဒီ‌ကျေးရွာ‌လေးဟာ အလွန်ဆင်းရဲ နိမ့်ကျ‌နေတဲ့‌နေရာက‌နေ လူ‌တွေက သူတို့ဘဝကို ဘယ်လိုအဆင့်ဆင့် တိုးတက်‌အောင် လုပ်‌ဆောင်ခဲ့သလဲ။ ဘာ‌တွေလုပ် ‌ဆောင်‌နေသလဲ ဆိုတာကို ‌လေ့လာခွင့်ရလိုက်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းအပြင် ‌ကျေးရွာ‌နေ ‌ဒေသခံများထံမှ ‌လေ့လာရရှိလာခဲ့‌သော လူ‌နေမှုဘဝ အဆင့်ဆင့်တိုးတက်လာမှု အသိပညာများကို သက်ဆိုင်ရာ ဒုက္ခသည်စခန်းအသီးသီးတွင် ပြန်လည်မျှ‌ဝေ‌ပေးသွားမည်ဖြစ်‌ကြောင်းလည်း ‌စောဆာသူးမွဲက ဆက်‌ပြောသည်။

ဒုက္ခသည်စခန်းကိုယ်စားလှယ်များ သွား‌ရောက်ခဲ့သည့် ဒွဲတုံး‌ကျေးရွာကို လက်ရှိ ထိုင်းဘုရင်၏မယ်‌တော်က ဦး‌ဆောင်တည် ‌ထောင်‌ပေးခဲ့ခြင်းဖြစ်ပြီး ဝ၊ လားဟူ၊ သျှမ်း၊ ကရင်နှင့် ထိုင်းလူမျိုးများ ‌ရော‌နှော‌နေထိုင်ကြကာ လူဦး‌ရေ စုစု‌ပေါင်း ၁၁,၀၀ဝ ‌ကျော်ရှိသည်ဟု သိရသည်။