Home သတင်း တိုင်းရင်းသား‌ပေါင်းစုံပါဝင်သည့် ၂၈ကြိမ်‌မြောက် KNU စစ်ဘက်ဆိုင်ရာ ‌ဆေးသင်တန်းပြီးစီး

တိုင်းရင်းသား‌ပေါင်းစုံပါဝင်သည့် ၂၈ကြိမ်‌မြောက် KNU စစ်ဘက်ဆိုင်ရာ ‌ဆေးသင်တန်းပြီးစီး

2737

‌အောက်တိုဘာ ၈ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖားအံခရိုင် ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် (KNLA) ဗဟိုစစ်ဌာနချုပ် (‌သေ ‌ဘေထာ့)တွင် ‌ခြောက်လကြာ ဖွင့်လှစ်ခဲ့သည့် တိုင်းရင်းသား‌ပေါင်းစုံ ပါဝင်‌သော ၂၈ကြိမ်‌မြောက် KNU စစ်ဘက်ဆိုင်ရာ ‌ဆေး သင်တန်းဆင်းပွဲ အခမ်းအနားတစ်ရပ်ကို ၎င်းသင်တန်း‌နေရာတွင် ယမန်‌နေ့က ကျင်းပပြီးစီးခဲ့သည်။

အဆိုပါ စစ်ဘက်ဆိုင်ရာ ‌ဆေးသင်တန်းကို KNLA မှ ဦးစီး၍ ဘဝတူတိုင်းရင်းသားများအတွက် ပူး‌ပေါင်းပါဝင်‌ဆောင်ရွက်ပြီး မိမိ ‌ဒေသများမှ ဖွံ့ဖြိုးရန် လိုအပ်သည့် ကျန်းမာ‌ရေးအ‌ထောက်အကူပြုချက်များကို လုပ်‌ဆောင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ရ ခြင်းဖြစ်‌ကြောင်း ‌ကေအဲန်ယူ တွဲဘက်အတွင်း‌ရေးမှူး(၁) ပဒို‌စော‌သောသီဘွဲက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ဒီလိုကာလမှာ ဒီလိုသင်တန်းဖြစ်လာတာ အခက်အခဲ‌တော့ အများကြီး‌တွေ့ရတာ‌ပေါ့‌နော်။ အထူးသဖြင့် ‌ဆေးအမှုထမ်း‌တွေက အ‌ခြေအ‌နေရလာတဲ့အ‌ပေါ်မှာ သူတို့အဖွဲ့အစည်း အသီးသီးက‌နေပြီး‌တော့ ပြန်လည်အသုံးချနိုင်ဖို့ အထူး‌မျှော်လင့်တယ်။ ‌ဆေး သင်တန်းမှာ တက်‌ရောက်ပညာသင်ယူနိုင်သူ အသီးသီးကလည်း သူတို့ ရည်ရွယ်ချက်‌တွေက တူချင်မှတူမယ်”ဟု ပဒို‌စော‌သော သီဘွဲက ‌ပြောသည်။

သင်တန်းတွင် ကရင် အပါအဝင် ကချင်၊ ဇိုမီး၊ ခိုမီး၊ ရခိုင်၊ နာဂ၊ ပ‌လောင် စသည့်တိုင်းရင်းသားများမှ အမျိုးသမီး ၄၃ဦးနှင့် အမျိုး သား ၄ဝဦး၊ စုစု‌ပေါင်း ၈၃ဦး တက်‌ရောက်ခဲ့ကြပြီး သင်တန်းကာလအတွင်း ‌ဆေးပညာဘာသာရပ်အပြင် စစ်ဘက်ဆိုင်ရာများကို လည်း သင်ကြား‌ပေးခဲ့သည်ဟု သိရသည်။
DSC01140
၎င်းသင်တန်း၏ ‌ကျောင်းအုပ်ဖြစ်သူ ‌စောကလိုဖိုးဝါးက “အခုသင်တန်းက တချို့ သင်တန်းသား‌တွေအတွက် အခက်အခဲ‌တွေ့ရ တာ‌ပေါ့။ ဘာဖြစ်လဲဆိုရင် တချို့က မြို့မှာ‌နေတဲ့လူလည်းရှိတယ်။ ဒီလိုသင်တန်းက စစ်ဘက်သင်တန်းဆို‌တော့ ကြမ်းကြမ်း ‌လေ့ ကျင့်ရ‌တော့ သူတို့အတွက် အခက်အခဲဖြစ်တယ်။ ဒါ‌ပေမယ့် နိုင်သ‌လောက် ကြိုးစား‌တော့ ‌အောင်မြင်သွားတာ‌ပေါ့”ဟု ‌ကေအိုင် စီသို့ ‌ပြောသည်။

သင်တန်းသားတစ်ဦးဖြစ်သူ ‌စောဖိုးလားရှီးက “ကျ‌နော့်လူမျိုးအတွက် ဒီကျန်းမာ‌ရေးဘက်မှာ‌တော့ ကူညီချင်တယ်။ ဒီသင်တန်း ပြီးသွား‌တော့ တာဝန်ကျရာ‌နေရာကို သွားမယ်။ လူထုကျန်းမာ‌ရေးအတွက် ကိုယ်ရတဲ့ပညာနဲ့ ကြိုးစားပြီး တတ်နိုင်သ‌လောက် လုပ်‌ဆောင်သွားမယ်။ ဒီသင်တန်းမှာ တခြားတိုင်းရင်းသား‌တွေ တက်လာတယ်ဆို‌တော့ သူတို့နယ်‌မြေက အခက်အခဲကို အချင်း ချင်း ဖလှယ်တာ‌တွေ ရှိတယ်။ တိုင်းရင်းသားအချင်းချင်း ခံစားရတာချင်း အတူတူပဲ သိလာတယ်”ဟု ‌ပြောဆိုသည်။

စစ်ဘက်ဆိုင်ရာ‌ဆေးသင်တန်း‌ကျောင်းကို ၂၀၀၃ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၆လတစ်ကြိမ် သင်တန်းသားများ‌ခေါ်ယူခဲ့ရာ သင် တန်းတက်‌ရောက်လာသူ အများစုမှာ သက်ဆိုင်ရာ အဖွဲ့အစည်းများက ကိုယ်စားပြုကာ တက်‌ရောက်ခြင်းဖြစ်၍ သင်တန်းအပြီး တွင် ၎င်းတို့၏ဌာန၊ အဖွဲ့အစည်းများသို့ ပြန်လည် တာဝန်ထမ်း‌ဆောင်ရမည်ဖြစ်‌ကြောင်း သိရသည်။