Home သတင်း တိုက်ပွဲများထပ်မံဖြစ်မှု ‌ရေကာတာစီမံကိန်းများနှင့် ဆက်စပ်‌နေဟု သံလွင်မြစ်‌စောင့်ကြည့်‌ရေးအဖွဲ့‌ပြောဆို

တိုက်ပွဲများထပ်မံဖြစ်မှု ‌ရေကာတာစီမံကိန်းများနှင့် ဆက်စပ်‌နေဟု သံလွင်မြစ်‌စောင့်ကြည့်‌ရေးအဖွဲ့‌ပြောဆို

1368

‌အောက်တိုဘာ ၁၄ရက်၊ ၂၀၁၄ခုနှစ်။ စဖန်း‌ရှောင်း

ကရင်ပြည်နယ်အတွင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားမှုများမှာ သံလွင်မြစ်‌ပေါ်တွင် အ‌ကောင်အထည်‌ဖော် တည်‌ဆောက်သွား မည့် ဟတ်ကြီး‌ရေကာတာစီမံကိန်းနှင့် ဆက်စပ်မှုများရှိ‌နေ‌ကြောင်း သံလွင်မြစ်‌စောင့်ကြည့်‌ရေးအဖွဲ့(Salween Watch-SW)က ‌အောက်တိုဘာလ ၁၃ရက်‌နေ့က ‌ကြေညာချက်တစ်‌စောင် ထုတ်ပြန်‌ပြောဆိုလိုက်သည်။

သံလွင်မြစ်‌စောင့်ကြည့်‌ရေးအဖွဲ့တွင် ပါဝင်သည့် ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှု‌ရေးဆိုင်ရာလှုပ်ရှားမှုကွန်ယက်(KESAN) ဒါရိုက်တာ ‌စော‌ပေါလ်စိန်ထွားက “တိုက်ပွဲဖြစ်‌နေတာ‌တွေရဲ့ ‌နောက်ကွယ်မှာ ‌ရေကာတာစီမံကိန်း‌တွေနဲ့ ဆက်စပ်တယ်လို့ ယူဆ တယ်။ အဓိကက‌တော့ ဖွံ့ဖြိုး‌ရေးလုပ်ငန်း‌တွေ၊ ရင်းနှီးမြုပ်နှံသူ‌တွေက ဒီ‌ဒေသမှာရှိတဲ့ လက်ရှိအ‌ခြေအ‌နေနဲ့ ‌နောက်ကွယ်က အ‌ခြေအ‌နေ‌တွေကို သိ‌အောင်ပြချင်တဲ့သ‌ဘော ဖြစ်ပါတယ်”ဟု ‌ပြောသည်။

အဆိုပါ‌ရေကာတာစီမံကိန်းသည် ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်ရှိ ကရင်အမျိုးသားအစည်းအရုံး(KNU)၏ တပ်မဟာ(၇)၊ တပ်မ ဟာ(၅)နယ်‌မြေနှင့် ထိစပ်‌နေကာ ဒီမိုက‌ရေစီအကျိုးပြုကရင်တပ်မ‌တော်(DKBA)တပ်များလည်း လှုပ်ရှားသွားလာ‌နေသည့်နယ် ‌မြေဖြစ်ပြီး စက်တင်ဘာလကုန်ပိုင်းမှစ၍ ကရင်ပြည်နယ်အတွင်း လှုပ်ရှား‌နေ‌သော DKBA နှင့် အစိုးရတပ်တို့ တိုက်ပွဲများ ပြန် လည်ဖြစ်ပွားမှုအ‌ပေါ် အ‌ခြေခံကာ ယခုလို ‌ပြောဆိုလိုက်ခြင်းဖြစ်သည်။
SAM_0527
KNU ဖားအံခရိုင် ဥက္ကဌ ပဒို‌စော‌အောင်‌မော်‌အေးက “အခုဖြစ်‌နေတာက‌တော့ ကျ‌နော့်အမြင် စီမံကိန်း‌တွေနဲ့ မဆိုင်‌လောက်ပါ ဘူး။ ပြီး‌တော့ လက်ရှိအ‌ခြေအ‌နေထိ သူတို့ဘက်က စီမံကိန်းပြန်စဖို့ ဆက်သွယ်‌ပြောဆို လုပ်‌ဆောင်တာမရှိ‌သေးဘူး”ဟု ဆို သည်။

Salween Watch ၏ ထုတ်ပြန်ချက်ထဲတွင် ‌ရေကာတာစီမံကိန်းများသည် ပဋ္ဋိပက္ခနယ်‌မြေများအတွင်း၌သာ တည်ရှိ‌နေသည်ဟု ‌ပြောဆိုထားပြီး မကြာ‌သေးမှီက တိုက်ပွဲများပြန်လည်ဖြစ်ပွား‌နေမှုများနှင့် စစ်အင်အားချဲ့ထွင်မှုများကို ပြစ်တင်ရှုတ်ချထားသည် ကို ‌တွေ့ရသည်။

ပြီးခဲ့သည့် ၂၀၁၃ခုနှစ်၊ ‌မေလကလည်း အစိုးရတပ်များက အဆိုပါနယ်‌မြေအတွင်း အ‌ခြေချလှုပ်ရှား‌နေ‌သော DKBA တပ်များကို ဖယ်ရှား‌ပေးရန် ‌ပြောဆိုမှုများရှိခဲ့ပြီး DKBA အ‌နေဖြင့် ဟတ်ကြီး‌ရေကာတာစီမံကိန်း ပြုလုပ်မည်ကို သ‌ဘောမတူဘဲ အဆိုပါနယ် ‌မြေမှ ဖယ်ရှား‌ပေးရန် ငြင်းဆန်မှုများရှိခဲ့သည်။

သံလွင်မြစ်‌ပေါ်ရှိ ဟတ်ကြီး‌ရေကာတာစီမံကိန်းနှင့်ပတ်သက်ပြီး ဖြစ်‌ပေါ်လာမည့် အကျိုးသက်‌ရောက်မှုများကို ‌စော‌ပေါလ်စိန်ထွား က “‌ရေကာတာ‌ဆောက်လိုက်မယ်ဆို အနီးနားဝန်းကျင်‌ကျေးရွာ‌တွေက‌နေ ‌ရေမြုပ်ဧရိယာ‌တွေဖြစ်လာမယ်။ သဘာဝပတ်ဝန်း ကျင်နဲ့ ‌ဒေသခံ အသက်‌မွေးမှု ထိခိုက်လာမယ်။ ဆက်လုပ်မယ်ဆို တိုက်ပွဲ‌တွေဖြစ်ပြီး‌တော့ လူ့အခွင့်အ‌ရေး ချိုး‌ဖောက်ခံရမှု‌တွေ၊ ဒုက္ခသည်‌တွေ များလာလိမ့်မယ်”ဟု ဆက်လက် ‌ပြောဆိုသည်။

၎င်းအပြင် အဖွဲ့အစည်း‌ပေါင်း ၁၃၁ဖွဲ့က ဦး‌ဆောင်ကာ သံလွင်မြစ်တစ်‌လျှောက် ‌ရေအားလျှပ်စစ်စီမံကိန်းများအား ကန့်ကွက် ‌ကြောင်း ရှမ်း၊ ကယား၊ ကရင်၊ မွန်ပြည်နယ်ရှိ ‌ဒေသခံတိုင်းရင်းသားများ၏ လက်မှတ်များကို ‌ကောက်ခံလျှက်ရှိရာ ယခုလက်ရှိ တွင် လက်မှတ်အ‌ရေအတွက် သုံး‌သောင်း‌ကျော် ရရှိ‌နေပြီဖြစ်သည်ဟု သိရသည်။

ယင်းသို့ ‌ကောက်ခံရရှိ‌သောလက်မှတ်များကို ‌အောက်တိုဘာလကုန်တွင် နိုင်ငံ‌တော် သမ္မတရုံး အပါအဝင် တရုတ်သံရုံးနှင့် ထိုင်းသံရုံးများသို့ ‌ပေးပို့သွားကာ ‌ကြေညာချက်များလည်း ထုတ်ပြန်သွားမည်ဖြစ်‌ကြောင်း ကရင်မြစ်‌ချောင်းများ‌စောင့်ကြည့် ‌လေ့လာ‌ရေးအဖွဲ့ထံမှ သိရသည်။

လျှပ်စစ်ဓာတ်အား ၁၃၆ဝမဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် ဟတ်ကြီး‌ရေအားလျှပ်စစ်စီမံကိန်းကို ယခင်အစိုးရလက်ထက် လျှပ်စစ်စွမ်း အားဝန်ကြီးဌာန၊ The Electricity Generating Authority of Thailand (EGAT)နှင့် China’s Sinohydro Corporation ကုမ္ပ ဏီတို့က ၂၀၀၆ခုနှစ်တွင် သ‌ဘောတူ လက်မှတ်‌ရေးထိုးထားခြင်းဖြစ်သည်။