Home ဆောင်းပါး တန်းတူရည်တူ မထားလိုသည့် သ‌ဘောထားနဲ့ မူဝါဒ‌တွေ ကင်းစင်ဖို့လိုသည်

တန်းတူရည်တူ မထားလိုသည့် သ‌ဘောထားနဲ့ မူဝါဒ‌တွေ ကင်းစင်ဖို့လိုသည်

1867

‌မောင်‌ကျော်စွာ

(၂၀၁၄ခုနှစ်၊ ‌အောက်တိုဘာ ၁ဝရက်)

ယခုအခါ တစ်ပြည်လုံး တိုက်ခိုက်မှုရပ်စဲ‌ရေး ဆိုသည့်ကိစ္စသည် ‌ရှေ့ဆက်မတက်နိုင်ဘဲ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် တိုက်ပွဲများသာ ဖြစ်ပွားလာ‌နေခဲ့သည်။

ယင်းသို့ ထိုးစစ်ဆင်လာမှုများသည် တိုင်းရင်းသားလက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့များ၏ (UNFC)အား ထိုးနှက်ပုတ်ခတ်ထား သည့် “ကာချုပ်၏ မိန့်ခွန်း”၏ ‌နောက်ဆက်တွဲအဖြစ် ဆက်တိုက်ဆိုသလို ‌ပေါ်‌ပေါက်လာသည့် စစ်ပွဲများလည်းဖြစ်‌နေသည်၊ ကြို တင်ပြင်ဆင်ထားသည့် စစ်ဆင်‌ရေးစီမံချက်ဖြင့် တိုက်ခိုက်သည့်တိုက်ပွဲများလည်းဖြစ်သည်။ အချို့သတင်း‌ဖော်ပြချက်များအရ ဒုကာချုပ်ကိုယ်တိုင် ရှမ်းပြည်တိုက်ပွဲများတွင် ကွပ်ကဲ‌နေသည်ဟု သိရသည်။

ဤသို့ တိုက်ပွဲများ ဖြစ်‌ပေါ်လာသည့်အ‌ပေါ် ပြည်တွင်းအတိုက်အခံ နိုင်ငံ‌ရေးပါတီများထံမှ မည်သည့်သ‌ဘောထား ‌ဝေဖန်ချက်မျှ မကြားရ၊ မသိရ‌ချေ။ ရှမ်းနို်င်ငံ‌ရေးအင်အားစုများ၏ ပူးတွဲ‌ကြေညာချက်၊ သမ္မတထံအိတ်ဖွင့်‌ပေးစာတို့ထွက်‌ပေါ်လာပြီး ဝပြည်နယ် ‌သွေးစည်းညီညွတ်‌ရေးပါတီနှင့် ရှမ်းပြည်နယ်အ‌ရှေ့ပိုင်း အထူး‌ဒေသ(၄)၏ စု‌ပေါင်း‌ကြေညာသာ ထွက်လာပါသည်။

လွှတ်‌တော်အတွင်းရှိ အတိုက်အခံပါတီများမှ လွှတ်‌တော်အမတ်များ၊ တိုင်းရင်းသားပါတီများမှ လွှတ်‌တော်အမတ်များအ‌နေဖြင့် လည်း “စစ်နဲ့ ငြိမ်းချမ်း‌ရေး”အ‌ပေါ် မိမိတို့၏ သ‌ဘောထားအမြင်တစ်ရပ် စုစည်းထုတ်ပြန်သင့်သည် မဟုတ်ပါလား။

ကာချုပ်နှင့် ရင်းနှီးလှပြီး ‌တွေ့ဆုံခွင့်‌တွေ အကြိမ်ကြိမ်ရခဲ့ဖူးသည့် ကရင်အမျိုးသားအစည်းအရုံး(KNU)အ‌နေဖြင့်လည်း လတ်တ ‌လော ‌ပေါ်‌ပေါက်ဖြစ်ပွားလာခဲ့‌သော တိုက်ပွဲများ အမြန်ဆုံးရပ်စဲကြပါရန် သ‌ဘောထား‌ကြေညာချက်ထုတ်ပြန်သင့်ပါသည်။ ဘဝ တူအဖိနှိပ်ခံ ရှမ်းတိုင်းရင်းသားများ လက်ငင်းကြုံ‌တွေ့‌နေရသည့် ထိုးစစ်ဆင်မှုများအတွက် နိုင်ငံ‌ရေးအရ ‌ကြေညာချက်ထုတ်ပြန် ရန် တစုံတရာ အခက်အခဲရှိ‌နေသည်ဟု ဆိုလျှင်ပင် “‌သွေးစည်းမှုနှင့် စာနာ‌ထောက်ထားမှုကို ‌ဖော်ပြ‌သော‌ကြေညာချက်” ‌လောက်‌တော့ ထုတ်ပြန်သင့်သည် မဟုတ်ပါလား။ အချင်းချင်း ဤမျှ မစိမ်းကားသင့်ပါ။

ထို့အပြင် ဤသို့‌သော အမိန့်‌ပေးတိုက်ခိုက် ထိုးစစ်ဆင်‌နေမှုများ ‌ပေါ်‌ပေါက်လာသည့်အခါ “အစိုးရ၏သ‌ဘောထားက တမျိုး/ လွှတ်‌တော်ဘက်ကတမည်/ စစ်တပ်ကတဖုံ ကွဲလွဲ‌နေကြသည်”ဟု ယခင်က ထင်မှတ်မှားပြီး ‌ပြောဆိုသုံးသပ်‌နေကြသည့်အ ချက်မှာ မဟုတ်မှန်‌ကြောင်း ‌ပေါ်လွင်လာ‌ပေသည်။

ရှမ်းပြည်နယ်တွင် ‌ပေါ်‌ပေါက်ဖြစ်ပွားလျက်ရှိ‌သော အစိုးရစစ်တပ်၏ ထိုးစစ်ဆင်မှုများသည် ကာချုပ်တစ်ဦးတည်း သ‌ဘောထား ဖြင့် ‌ပေါ်ထွက်လာခြင်း‌တော့ မဟုတ်ပါ။ (ကာလုံ) ပုံမှန်အစည်းအ‌ဝေး၏ စု‌ပေါင်းဆုံးဖြတ်ချက်သာ ဖြစ်ပါသည်။ (ကာလုံ)ဆို‌သော ‌ကော်မတီသည် သမ္မတ၊ ဒုတိယသမ္မတ၊ ပြည်သူ့လွှတ်‌တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်‌တော်ဥက္ကဋ္ဌ၊ ကာချုပ်၊ ဒုကာချုပ် — စသ ဖြင့် ၁၁ဦးပါဝင်‌သော အဖွဲ့ဖြစ်သည်။

ကာချပ်သည် သူ၏တစ်ဦးချင်းတာဝန်အရ စစ်တပ်အား အမိန့်‌ပေး ထိုးစစ်ဆင်တိုက်ခိုက်‌စေခြင်းဖြစ်သည်။ သို့ပါ၍ သမ္မတထံမှ ‌သော်လည်း‌ကောင်း၊ လွှတ်‌တော်ဥက္ကဋ္ဌဆိုသူများထံမှလည်း‌ကောင်း ထိုးစစ်ဆင်တိုက်ခိုက်မှုများကို တားဆီးရန်/ရပ်ဆိုင်းကြရန် ‌မေတ္တာရပ်ခံပါသည်/ ‌တောင်းဆိုပါသည်ဆို‌သော မည်သည့်သ‌ဘောထားမျှ၊ မည်သည့်စကားလုံးမျှပင် ကြားရလိမ့်မည်မဟုတ်ပါ။

သို့ပါ၍ “သမ္မတကြီးက မသိဘူး၊ သမ္မတအမိန့်‌ပေးတာကို စစ်တပ်က မနာခံဘူး” စသဖြင့် တချိန်က ထင်မှတ်မှားခဲ့ကြ‌သော ယုံ တမ်းစကားသည် ယခုအခါ ရှင်းသွား‌ပေပြီ။ ယ‌နေ့ကာလတွင် ဖြစ်ပွား‌ပေါ်‌ပေါက်‌နေ‌သော ထိုးစစ်ဆင်တိုက်ခိုက်‌နေမှုများသည် သမ္မတ၊ ဒုတိယသမ္မတများ၊ လွှတ်‌တော် ဥက္ကဋ္ဌများ ၊ ကာချုပ်၊ ဒုကာချုပ် — စသဖြင့် (ကာလုံ) ၁၁ဦးစလုံး လက်ဝါးချင်းရိုက် ဆုံးဖြတ်ခဲ့ကြ‌သော ကိစ္စဖြစ်ပါသည်။

သို့ပါ၍ ‌လေတစ်လုံး မိုးတစ်လုံး‌ပြော‌လေ့ရှိ‌သော ဦး‌အောင်မင်းပင် မည်သို့မျှ အာမ‌ချောင်ဝံ့ဘဲ နှုတ်ပိတ်‌နေသည် မဟုတ်ပါလား။
အလားတူပင် ဦးဝင်းမြ၏ “မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အ‌ရေး ‌ကော်မရှင်”ထံမှလည်း‌ကောင်း၊ ဦးသိန်း‌ဇော် ဥက္ကဋ္ဌလုပ်သည့် “တိုင်းရင်းသား‌ရေးရာနှင့် ပြည်တွင်းငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှု ‌ကော်မတီ”ထံမှလည်း‌ကောင်း လက်ရှိဖြစ်‌ပေါ်သည့် စစ်ဆင်တိုက် ခိုက်မှုများနှင့် ပတ်သက်၍ မည်သည့်အသံမျှပင် ကြားရလိမ့်မည်မဟုတ်ပါ။ အဘယ့်‌ကြောင့်ဆို‌သော် ထို‌ကော်မရှင်၊ ‌ကော်မတီ များသည် လွတ်လပ်‌သော‌ကော်မရှင်/‌ကော်မတီများမဟုတ်။ သမ္မတဦးသိန်းစိန်နှင့် လွှတ်‌တော်ဥက္ကဋ္ဌများဖြစ်‌သော ဦး‌ရွှေမန်း၊ ဦး ခင်‌အောင်မြင့်တို့၏ ကြိုးကိုင်ချယ်လှယ်ထားသည့် ‌ကော်မတီများသာဖြစ်သည်။

ထို့အပြင် ယ‌နေ့အ‌ခြေအ‌နေသည် ယခင်ကလို ဦး‌အောင်မင်း၏ (UPWC)နှင့် နိုင်ဟံသာတို့၏(NCCT) (အလွတ်သ‌ဘောမဟုတ်) တရားဝင်‌တွေ့ဆုံ‌ရေးပင် မ‌ရေရာမ‌သေချာသည့် အ‌နေအထားဖြစ်သည်။ တစ်ပြည်လုံးအပစ်အခတ်ရပ်စဲစာချုပ် ချုပ်ဆိုရန်မှာ အ‌ဝေးကြီး ‌ဝေး၍သွားခဲ့ပြီ။

ထို့အပြင် မ‌သေချာ၊ မခိုင်မြဲ‌သေးသည့် အပြန်အလှန် ယုံကြည်မှု တည်‌ဆောက်‌ရေးဆို‌သော ပျားရည်ဆမ်းချိန် ကာလက‌လေး သည်လည်း တင်းမာရင့်သီးလှ‌သော ကာချုပ်၏ မိန့်ခွန်းပါသ‌ဘောထား‌ကြောင့် အ‌ငွေ့ပျံသွားခဲ့‌လေပြီ မဟုတ်ပါလား။ ဘယ်သူ့ ‌ကြောင့်၊ အဘယ်သို့‌သော အ‌ကြောင်းများ‌ကြောင့် ဤသို့ကြန့်ကြာ‌ဝေးကွာ၍ အ‌ပေါ်ယံအရည်တည်ကာစ အပြန်အလှန် ယုံကြည် မှုက‌လေး ထိခိုက်ပျက်ပြားသွားရသနည်း။

“အစိုးရ၊ လွှတ်‌တော်၊ တပ်မ‌တော်”တို့ဘက်မှ တရား‌သေကိုင်စွဲထားသည့် တန်းတူရည်တူမထားခြင်း၊ တစ်ဖက်သတ်အ‌ပေါ်စီး ယူ ထားခြင်း စသည့် ‌မောက်မာ‌ထောင်လွှား‌သော သ‌ဘောထား‌တွေ‌ကြောင့်ဖြစ်သည်။ “အစိုးရ၊ လွှတ်‌တော်၊ တပ်မ‌တော်” တို့သည် ထိုသ‌ဘောထားများကို လက်‌တွေ့တွင် “၂၀၀၈ အ‌ခြေခံဥပ‌ဒေ” ‌ဘောင်ထဲ ဇွတ်အတင်း သွတ်သွင်း‌နေမှု၊ “ငြိမ်းချမ်း‌ရေးနှင့် ပတ် သက်၍ မူဝါဒ (၆)ရပ် (ဝါ) ကာချုပ်၏ မူ ၆ရပ်”တို့ဖြင့် ‌ဖော်ပြသည်။

ထိုသ‌ဘောထား၊ ထိုမူဝါဒရပ်တည်ချက်များသည် အပစ်အခတ်ရပ်စဲ‌ရေး ‌ရှေ့မတက်နိုင်ရခြင်း၊ ယုံကြည်မှုပျက်ပြားရခြင်းတို့၏ ပင်မအ‌ကြောင်းရင်းများပင် ဖြစ်ပါသည်။ ဦး‌အောင်မင်း၏(UPWC) ကလည်း ထိုသ‌ဘောထားရပ်တည်ချက်များအတိုင်း အ‌သေ ဆုပ်ကိုင် ‌ဆွေး‌နွေးသည်။

သို့အတွက် တစ်ပြည်လုံး အပစ်အခတ်ရပ်စဲ‌ရေးသည် ‌ရှေ့သို့ မတက်နိုင်ရခြင်းဖြစ်သည်။ ယခုဖြစ်ပွားလာသည့် ထိုးစစ်ဆင်မှုများ မှာ တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအင်အားစုများဘက်မှ သွား‌ရောက်ထိုးစစ်ဆင်ခြင်း မဟုတ်ပါ။ အစိုးရစစ်တပ် ဘက်မှ အတင်းဝင်‌ရောက် ထိုးစစ်ဆင် တိုက်ခိုက်လာခြင်းဖြစ်သည် မဟုတ်ပါ‌လော။

ဤသ‌ဘောထား၊ ဤမူဝါဒ၊ ဤလုပ်ရပ်များကို “အစိုးရ၊ လွှတ်‌တော်၊ တပ်မ‌တော်” တို့က ဆက်လက်ထားရှိ၊ ရပ်တည်ကိုင်စွဲ‌နေသ မျှ အပစ်အခတ်ရပ်စဲနိုင်လိမ့်မည် မဟုတ်ပါ။ နိုင်ငံ‌ရေး‌တွေ့ဆုံ‌ဆွေး‌နွေးပွဲ ‌ပေါ်‌ပေါက်နိုင်လိမ့်မည်မဟုတ်ပါ။ ငြိမ်းချမ်း‌ရေးရလိမ့်မည် မဟုတ်ပါ။

ပထမဦးစွာ လုပ်သင့်သည်မှာ လက်ရှိ ထိုးစစ်ဆင်တိုက်ခိုက်‌နေမှု၊ ဝိုင်းပတ်ပိတ်ဆို့‌နေမှု အားလုံးကို ချက်ချင်းရပ်ဆိုင်းပြီး လက်ရှိ သိမ်းပိုက်တပ်စွဲထားသည့်‌နေရာများမှ မူလ‌နေရင်း‌နေရာသို့ ပြန်လည်ဆုတ်ခွာ‌ပေးခြင်း၊ တပ်အင်အား တိုးချဲ့ဖြန့်ကျက်‌နေရာချ ထားခြင်းများကို ချက်ချင်းရပ်ဆိုင်း‌ပေးခြင်းဖြင့် “အစိုးရ၊ လွှတ်‌တော်၊ တပ်မ‌တော်”၏ ‌ပျော့‌ပြောင်းမှုနဲ့ အပစ်အခတ်ရပ်စဲလိုသည့် ဆန္ဒရှိမှုကို သက်‌သေပြပြီး မ‌ရေရာ၊ မ‌သေချာ‌သေးသည့် အပစ်အခတ်ရပ်စဲ‌ရေးစာချုပ်အတွက် ‌သေချာမည့်လမ်းစကို နှစ်ဦးနှစ် ဖက် တန်းတူရည်တူ ပြန်လည်ညှိနှိုင်းရှာ‌ဖွေသင့်ပါသည်။