Home သတင်း တတိယအကြိမ်‌မြောက် KNLA အရာရှိမွမ်းမံသင်တန်းပြီးစီး

တတိယအကြိမ်‌မြောက် KNLA အရာရှိမွမ်းမံသင်တန်းပြီးစီး

1916

‌အောက်တိုဘာ ၂ဝရက်၊ ၂၀၁၄ခုနှစ်။ စဖန်း‌ရှောင်း

ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် KNLA ဗဟိုစစ်ဌာနချုပ်မှ ဦးစီးဖွင့်လှစ်ကာ တပ်ဖက်ဆိုင်ရာ အရာရှိ ၁၀၆ဦး တက် ‌ရောက်ခဲ့သည့် တတိယအကြိမ်‌မြောက် အရာရှိမွမ်းမံသင်တန်းဆင်းပွဲကို KNLA ဗဟိုစစ်ဌာနချုပ် တည်ရှိရာ ‌သေ‌ဘေထာ့‌နေရာ တွင် ကျင်းပပြီးစီးခဲ့ပြီး‌နောက် ယ‌နေ့ သင်တန်းဆင်းပွဲပြုလုပ်ခဲ့သည်။

သင်တန်း‌ကျောင်းအုပ်ဖြစ်သူ ဒုဗိုလ်မှူးကြီးမန်းကြာယုံက “အခုသင်တန်းသား‌တွေက အ‌တွေ့အကြုံ ရှိထားပြီးသား‌တွေဖြစ်ပြီး ‌တော့ အဲဒါကို ပြန်လည်မွမ်းမံသင်တန်း‌ပေးတာပါ။ ဒီလိုသင်တန်း‌ပေးတာက စစ်‌ရေးနဲ့ နိုင်ငံ‌ရေးဘက်မှာပါ အရည်အချင်း ပိုပြည့် လာဖို့အတွက် ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုခဲ့သည်။

အဆိုပါအရာရှိမွမ်းမံသင်တန်းကို စက်တင်ဘာလ ၂ရက်‌နေ့က စတင်ခဲ့ခြင်းဖြစ်ပြီး ကရင်အမျိုးသားအစည်းအရုံး(KNU) လက် ‌အောက်ခံ တပ်မဟာ (၇)ခုမှ KNLA နှင့် KNDO မှ အရာရှိများကို တပ်မ‌တော်ဖွဲ့စည်းပုံ၊ ရုံးလုပ်ငန်းပိုင်းဆိုင်ရာများ၊ စစ်‌ရေးအ‌ခြေ အ‌နေ၊ လူမှုဆက်ဆံ‌ရေး၊ လက်ရှိဖြစ်‌ပေါ်‌နေသည့် နိုင်ငံ‌ရေးအ‌ခြေအ‌နေများကို KNLA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်‌စော‌ဘော ‌ကျော်ဟဲ အပါအဝင် သင်တန်းဆရာ (၁၃)ဦးက တစ်လ‌ကျော်ကြာ မွမ်းမံသင်တန်းပို့ချခဲ့ခြင်းဖြစ်သည်။

ယခုပြုလုပ်ပြီးစီးခဲ့‌သော အရာရှိမွမ်းမံသင်တန်းကို အသက်အရွယ်အပိုင်းအခြား သတ်မှတ်မထား‌သော်လည်း ဒုဗိုလ်အဆင့်မှ ဗိုလ်ကြီးအဆင့်ရှိ တပ်ဗိုလ်များကိုသာ ‌ရွေးချယ်ခဲ့ကြပြီး ယခုသင်တန်းအပြီးတွင် မိမိတို့၏ သက်ဆိုင်ရာ တပ်မဟာအသီးသီးသို့ ပြန်လည်တာဝန်ထမ်း‌ဆောင်‌စေမည်ဖြစ်သည်ဟု သိရသည်။

အပစ်အခတ်ရပ်စဲ‌ရေးအတွက် ‌ဆွေး‌နွေး‌နေချိန်ဖြစ်‌သော်လည်း တပ်ဖက်ဆိုင်ရာများအ‌နေဖြင့် အမြဲနိုးကြား‌နေရမည်ဖြစ်ရာ ယခု သင်တန်းမှာ မိမိတို့၏ အရည်အ‌သွေးများကို ပိုမိုတိုးတက်လာ‌အောင် လုပ်‌ဆောင်ရာ‌ရောက်‌ကြောင်း တပ်မဟာ (၃)၊ တပ်ရင်း (၇)၊ ခွဲ(၃)မှ သင်တန်းတက်‌ရောက်သူ ဗိုလ်ကြီး‌စောဆန်းဝင်းက ယခုလို ‌ပြောသည်။

“ကျ‌နော်ပထမအကြိမ် တစ်ခါတက်ဖူးပြီးဖြစ်ပါတယ်။ အခုအ‌ခြေအ‌နေအရ ‌ခေါင်း‌ဆောင်‌တွေက ငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေး‌နေ‌ပေ မယ့် ကျ‌နော်တို့တပ်ဖက်က‌တော့ ‌အေး‌ဆေး‌နေလို့ မရဘူး‌လေ။ ‌လေ့ကျင့်မှုနဲ့ စွမ်းရည်မြှင့်တင်မှု‌တွေက အမြဲရှိ‌နေရမှာဖြစ်တဲ့အ တွက် အခုသင်တန်းကို ပြန်လည်တက်‌ရောက်တာဖြစ်ပါတယ်”ဟု ဗိုလ်ကြီး‌စောဆန်းဝင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

ယ‌နေ့ပြုလုပ်‌သော အရာရှိမွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနားသို့ KNU တွဲဖက်အတွင်း‌ရေးမှူး(၁) ပဒို‌စော‌သောသီဘွဲ၊ KNLA ဒုစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး‌စော‌ဘော‌ကျော်ဟဲ၊ တွဲဖက်စစ်‌ရေးချုပ် ဗိုလ်မှူးချုပ်မန်းရှာထု‌ဝေါ်၊ ‌ဆေးဌာနတာဝန်ခံ ဗိုလ်မှူး ကြီး‌နော်‌စေး‌ဒေးကဲ စသည့်စစ်ဖက်အရာရှိများ တက်‌ရောက်ခဲ့ကြသည်။

ယခုဖွင့်လှစ်‌သော အရာရှိမွမ်းမံသင်တန်းကို ပြီးခဲ့သည့် ၂၀၁၂ခုနှစ်မှစ၍ တနှစ်လျှင်တစ်ကြိမ် ပုံမှန် ပြုလုပ်‌လေ့ရှိသည်ဟု သိရ သည်။