Home တွေ့ဆုံမေးမြန်းခန်း ဆက်သွယ်‌မေးမြန်းခြင်း

ဆက်သွယ်‌မေးမြန်းခြင်း

1953

‌အောက်တိုဘာလ ၁၉ရက်‌နေ့က ထုတ်ပြန်လိုက်သည့် Karen Women Organization-KWO, Karen Women Endowment Group-KWEG and Karen Women Union အဖွဲ့များ၏ ပူးတွဲ‌ကြေညာချက်နှင့် ပတ်သက်၍ KWO ဥက္ကဌ နန်းဒါးအဲ့ကလယ်ကို ‌ကေအိုင်စီက ဆက်သွယ်‌မေးမြန်းထားခြင်းဖြစ်သည်။

‌ကေအိုင်စီ – အခုလို ပူးတွဲ‌ကြေညာချက်ကို ထုတ်ပြန်ရတာ ဘယ်လိုရည်ရွယ်ချက်လဲဆိုတာ ‌ပြော‌ပေးပါ။
နန်းဒါးအဲ့ကလယ် – စည်းလုံး‌နေတဲ့ ကရင်လက်နက်ကိုင်‌တွေရဲ့ စုစည်းမှုကို ကြိုဆိုတယ်။ ‌နောက်ပြီး ဒီလက်နက်ကိုင်‌တွေ သူတို့ ‌တွေရဲ့ ယုံကြည်ချက်‌တွေကို ပြတ်ပြတ်သားသားဆက်ပြီး အ‌ကောင်အထည်‌ဖေါ်သွားဖို့။ ပြီး‌တော့ ခုလိုစည်းလုံးခြင်းဟာ ငြိမ်းချမ်း မှုကို ‌ဆောင်ကြဉ်းလာ‌ပေးမဲ့ အမှတ်အသားလို့ ယူဆလို့ပါပဲ။
ငြိမ်းချမ်း‌ရေး တည်‌ဆောက်‌ရေးမှာ ဘယ်သူတစ်စုတဖွဲ့ရဲ့ အခန်းကဏ္ဍကိုမှ ‌နောက်ချန်ထားလို့မရသလို ကရင့်‌တော်လှန်‌ရေး ‌အောင်မြင်ဖို့ဆိုရင်လည်း အုပ်ချုပ်‌ရေးကပဲ ဦး‌ဆောင်သွားပြီး စစ်တပ်၊ အမျိုးသမီးအခန်းကဏ္ဍ၊ ပညာ‌ရေး၊ ကျန်းမာ‌ရေး၊ ထိလွယ် ရှလွယ်အုပ်စု၊ စီးပွား‌ရေး၊ သဘာဝပတ်ဝန်းကျင်၊ ဖွံ့ဖြိုးတိုးတက်‌ရေး၊ စစ်‌ပြေးဒုက္ခသည် စတဲ့အခန်းကဏ္ဍတစ်ခုခုကို ‌နောက်ချန် ထားခဲ့မယ်ဆိုရင် ဘယ်‌တော့မှ ‌အောင်မြင်မှာမဟုတ်ဘူးဆိုတာ ကျမတို့အမျိုးသမီး‌တွေက ယုံကြည်‌နေလို့ပဲဖြစ်တယ်။

‌ကေအိုင်စီ – အပစ်ရပ်စဲစဉ်ကာလမှာ ‌ကေအဲန်ယူဟာ ဦး‌ဆောင်မှုလမ်း‌ကြောင်း ကွဲ‌နေတယ်လို့ ‌ပြောဆို‌နေကြတယ်‌လေ။ အဲဒီအ ‌ပေါ်မှာ ကရင်အမျိုးသမီးအဖွဲ့‌တွေအ‌နေနဲ့ ‌ကေအဲန်ယူကို ဘယ်လိုပုံစံမျိုး ရပ်တည်လုပ်‌ဆောင်တာ မြင်‌တွေ့ချင်ပါသလဲ။
နန်းဒါးအဲ့ကလယ် – စု‌ပေါင်း‌ခေါင်း‌ဆောင်မှု‌တွေ လိုအပ်တယ်။ တစ်ဦးတစ်‌ယောက်တည်းရဲ့ ဆုံးဖြတ်ချက်မဟုတ်တဲ့ ဦး‌ဆောင်မှု မျိုးနဲ့ တာဝန်သိမှု၊ တာဝန်ခံမှု ပြည်သူလူထု‌တွေအ‌ပေါ်မှာ ပွင့်လင်းဖို့ ဆိုလိုတာက‌တော့ ဒီမိုက‌ရေစီကျင့်စဉ်ကို လိုက်ပါလုပ် ‌ဆောင်သွားဖို့‌ပေါ့‌နော်။ ‌နောက် ‌ခေါင်း‌ဆောင်တိုင်းမှာလည်း တာဝန်ခံမှုကလည်း သိပ်ပြီးအ‌ရေးကြီးတယ်။ ဒီလိုစု‌ပေါင်း‌ခေါင်း ‌ဆောင်မှုမဟုတ်တဲ့ တစ်လမ်းသွားဦး‌ဆောင်မှုဟာ ကျမတို့ ကရင်တမျိုးသားလုံးအတွက် အန္တရာယ်ကြီးမားသလို အဖွဲ့အစည်းကို လည်း မကြာခင်မှာ ကျဆုံးသွား‌တော့မဲ့ ‌တော်လှန်‌ရေးလမ်း‌ကြောင်း‌ပေါ် ဆွဲ‌ခေါ်သွားသလိုပဲလို့ ခံစားရတယ်။
ဒါ‌ကြောင့်မို့လို့ နိုင်ငံ‌ရေးကို ဦး‌ဆောင်‌နေတဲ့အခါ အရာတစ်ခုခုအ‌ပေါ်မှာ ‌ခေါင်း‌ဆောင်‌တွေအားလုံး၊ အမြဲတမ်း‌ကော်မတီ‌တွေအား လုံးက‌နေပြီး‌တော့ ‌ကျေ‌ကျေလည်လည် ‌ဆွေး‌နွေးဆုံးဖြတ်ပြီး‌တော့မှ လုပ်ငန်းအ‌ကောင်အထည်‌ဖေါ်‌စေလိုတယ်။ မ‌သေချာတာ မျိုးနဲ့ တစ်ဦးအ‌ပေါ်တစ်ဦး ပြစ်တင်‌ဝေဖန်ပုတ်ခတ်တာမျိုး‌တွေကို လူသိရှင်ကြားလုပ်တာထက်စာရင် မ‌ရေရာတဲ့အရာ‌တွေကို ‌သေချာ‌အောင် အကြိမ်ကြိမ် ‌ဆွေး‌နွေးသွားဖို့နဲ့ အချင်းချင်းကြားမှာ ‌လေးစားခြင်း၊ အခြား‌သော တပ်‌ပေါင်းစုကြားမှာ နိုင်ငံ‌ရေး ဦး‌ဆောင်နိုင်ခဲ့တဲ့ အစဉ်အလာ ကြီးမားတဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းသွားဖို့ မြင်‌တွေ့ချင်ပါတယ်။
DSC_0351
‌ကေအိုင်စီ – KAF ကို ဖွဲ့စည်းမှုဟာ အချိန်‌စောသွားတယ်။ အားနည်းချက်‌တွေ ရှိတယ်လို့ ‌ပြောဆိုမှု‌တွေ ရှိသလို ‌ပေါင်းစည်းမှုကို လည်း ‌ထောက်ခံသူ‌တွေ ရှိပါတယ်။ ဒီ‌တော့ KAF ရဲ့ အားနည်းချက်၊ အားသာချက်‌တွေက ဘာ‌တွေဖြစ်နိုင်မလဲ‌ပေါ့။
နန်းဒါးအဲ့ကလယ် – အားနည်းချက်ကို‌ပြောဖို့က ‌စော‌သေးတယ်လို့ထင်တယ်။ ဒါ‌ပေမဲ့လို့ အားသာချက်အချို့ကို‌တော့ ကြိုပြီး‌ပြော မယ်ဆိုရင်‌တော့ ညီညွှတ်တယ်၊ စည်းလုံးတယ်ဆိုမှ‌တော့ တူညီတဲ့အမြင်‌တွေကို စုစည်းနိုင်တယ်။ အသံတစ်သံထည်း ထွက် တယ်‌ပေါ့‌နော်။ တစ်ဦးကိုတစ်ဦး နား‌ထောင်တယ်။ တူတာ‌တွေကိုစုစည်းနိုင်ပြီး မတူတာ‌တွေကို ပွင့်ပွင့်လင်းလင်း ညှိနိုင်တယ်လို့ မြင်တယ်။
ဒီထက်ပိုပြီး ‌မျှော်လင့်ထားတာက‌တော့ တပ်‌တွေအ‌နေနဲ့ ငြိမ်းချမ်း‌ရေးဖြစ်စဉ်မှာ ပိုပြီးခိုင်မာတဲ့ဖြစ်စဉ် ဖြစ်လာ‌အောင် လွန်‌လေပြီး ‌သော ကရင့်‌ခေါင်း‌ဆောင်‌တွေရဲ့ လက်ခံယုံကြည်ထားချက်နဲ့ ဖက်ဒရယ်ပြည်‌ထောင်စုကြီးကို တည်‌ဆောက်သွားနိုင်ဖို့၊ ငြိမ်းချမ်း ‌ရေးတည်‌ဆောက်ရာမှာ ပထမဆုံးအဆင့်ဖြစ်တဲ့ အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူညီချက်မှာပါတဲ့ လိုက်နာရမဲ့ကျင့်ဝတ်‌တွေကို လိုက်နာအ‌ကောင်အထည်‌ဖေါ်ဖို့အပြင် အခြား‌သော လက်မှတ်ထိုးပြီးသား စာချုပ်စာတမ်းနဲ့ အစည်းအ‌ဝေး ဆုံးဖြတ်ချက်များအ တိုင်း ကျင့်ကြံအားထုတ်ပြီး အ‌ကောင်အထည်‌ဖေါ်ရာမှာ စစ်တပ်များရဲ့အခန်းကဏ္ဍဟာ အင်မတန်မှ အ‌ရေးကြီးတဲ့ ‌ဒေါက်တိုင် ဖြစ်တယ်။ သူတို့‌တွေက‌နေပြီး ကိုယ်တိုင်ကိုယ်ကျ ပူး‌ပေါင်းပါဝင်မှပဲ ပြီးပြည့်စုံပြီး အရာအားလုံးကို ‌ဆောင်ကြဉ်း‌ပေးလာလိမ့်မယ် လို့ ယုံကြည်‌မျှော်လင့်ပါတယ်။

‌ကေအိုင်စီ – ဟုတ်ကဲ့။ အခုလာမဲ့ ‌အောက်တိုဘာ ၂၃ရက် ‌ကေအဲန်ယူ ဗဟိုအမြဲတမ်း‌ကော်မတီ အ‌ရေး‌ပေါ် အစည်းအ‌ဝေးမှာ ဘယ်လိုဆုံးဖြတ်ချက်မျိုး ထွက်‌ပေါ်လာတာကို ကရင်လူထု‌တွေ မြင်ချင်ကြတယ်လို့ ထင်ပါသလဲ။
နန်းဒါးအဲ့ကလယ် – ယူအဲန်အက်ဖ်စီအဖွဲ့ဝင်အဖြစ်နဲ့ ဆက်ပြီးသွားဖို့နဲ့ လူထု‌တွေကို သစ္စာရှိတဲ့ဦး‌ဆောင်မှု ပြည်သူလူထု‌တွေရဲ့ အကြံပြုမှုများကို အ‌လေးထားပြီး ဥ‌ပေက္ခာမပြုခြင်း။ ပွင့်လင်းမြင်သာတဲ့ နိုင်ငံ‌ရေးဦး‌ဆောင်မှုနဲ့ အဂတိမလိုက်တဲ့ ဦး‌ဆောင်မှု အာဏာကို အလွဲသုံးစားမလုပ်တဲ့ ပြည်သူလူထုကိုကိုယ်စားပြုနိုင်တဲ့ ကရင့်နိုင်ငံ‌ရေးကို ဦး‌ဆောင်လှုပ်ရှားနိုင်တဲ့ ‌ခေါင်း‌ဆောင်မှု ကို လိုချင်မြင်ချင်ကြပါတယ်။
ဒါ‌ကြောင့်မို့လို့ ကရင့်လူမှုအဖွဲ့အစည်း‌တွေ‌ရော လက်နက်ကိုင်အဖွဲ့‌တွေ‌ရော ခုလိုစုစည်းခြင်းနဲ့ ကရင်အမျိုးသားအစည်းအရုံးရဲ့ စု‌ပေါင်း‌ခေါင်း‌ဆောင်မှုဟာ ‌အောင်မြင်နိုင်တဲ့ အ‌ကောင်းဆုံး‌သော နည်းလမ်းဖြစ်တယ်လို့ ယူဆပါတယ်။

‌ကေအိုင်စီ – ‌ကျေးဇူးပါ။ ‌နောက်ဆုံးတခုက KWO, KWEG, KWU တို့အ‌နေနဲ့ ‌ကေအဲန်ယူကို အုပ်ချုပ်‌ရေး‌ကော၊ တပ်ဖက်ဆိုင် ရာပါ တညီတညွှတ်တည်း ‌လျှောက်လှမ်းသွားနိုင်ဖို့ကို ဘယ်လိုပံ့ပိုးကူညီသွားမှာလဲဆိုတာ သိပါရ‌စေ။
၁၅ကြိမ်‌မြောက် ကွန်ကရက်က ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်‌တွေအရ အုပ်ချုပ်‌ရေးပိုင်းမှာ ပူး‌ပေါင်းပါဝင်နိုင်ဖို့ဆိုရင် အစည်းအရုံး လုပ်ငန်းလည်ပတ်မှု ပိုမိုအား‌ကောင်းလာ‌အောင် ကိုယ်စားလှယ်‌တွေ ‌စေလွှတ်မယ်။ ပြည်သူလူထုရဲ့အသံ‌တွေကို စုစည်းပြီး လူထုကိုယ်စား ‌ခေါင်း‌ဆောင်‌တွေကို တင်ပြသွားမဲ့အပြင် လူထုအသံနဲ့ လိုအပ်ချက်‌တွေကို ထင်ဟပ်မဲ့ လုပ်ငန်း‌တွေကို မှန်မှန် ကန်ကန် အ‌ကောင်အထည်‌ဖေါ်နိုင်‌အောင် အစည်းအရုံးရဲ့ လုပ်ငန်းအ‌ကောင်အထည်‌ဖေါ်မှု‌တွေမှာ ပူး‌ပေါင်းပါဝင်သွားမယ်။ ဥပမာ‌ပြောရရင် ငြိမ်းချမ်း‌ရေးစကားဝိုင်းမှာ အမျိုးသမီးများကိုယ်စား ကိုယ်စားလှယ်တက်‌ရောက်ဖို့ဆန္ဒရှိပြီး ပြင်ဆင်ထားမှု‌တွေ ရှိသလို တရားမျှတမှုနဲ့ ဥပ‌ဒေစိုးမိုး‌ရေးမှာ ပိုမိုအား‌ကောင်းလာ‌အောင်ဆိုရင် ‌ကော်သူး‌လေဥပ‌ဒေ ပြန်လည် အသက်ဝင်‌ရေးနဲ့ လူထု‌တွေကို အကာအကွယ်ဖြစ်‌စေမဲ့ လက်ရှိ ရှိထားတဲ့ဥပ‌ဒေထက် ပိုမို‌ကောင်းမွန်တဲ့ ဥပ‌ဒေ‌တွေ ပြန်လည်ပြုစုနိုင်ဖို့၊ အပစ်ခတ် ရပ်ကာလမှာ ဒီအပစ်ခတ်ရပ်စဲ‌ရေး ခိုင်မာပြီး ငြိမ်းချမ်း‌ရေးကို ‌ဆောင်ကြဉ်းလာနိုင်‌အောင် ‌လေ့လာ‌စောင့်ကြည့်‌ရေးလုပ်ငန်း‌တွေ မှာလည်း ထဲထဲဝင်ဝင် လုပ်‌ဆောင်သွားမှာပါ။