Home သတင်း KNU ‌ခေါင်း‌ဆောင်အချို့အ‌ပေါ် ပြစ်တင်စာဖြန့်‌ဝေခြင်း ကရင်လူထုကန့်ကွက်

KNU ‌ခေါင်း‌ဆောင်အချို့အ‌ပေါ် ပြစ်တင်စာဖြန့်‌ဝေခြင်း ကရင်လူထုကန့်ကွက်

1899

စက်တင်ဘာ ၂၃ရက်၊ ၂၀၁၄ခုနှစ်။ ‌စောထွန်းလင်း

ရန်ကုန်တိုင်း‌ဒေသကြီး၊ ကမာရွတ်မြို့နယ်၊ ပြည်လမ်း‌ဘေးရှိ မြန်မာနိုင်ငံ ခရစ်ယာန်‌ကောင်စီ၊ ယုဒသန်ခမ်းမတွင် စက်တင်ဘာ ၂၂ရက် ည‌နေ ၅နာရီက ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ဥက္ကဌ ‌စောမူတူး‌စေးဖိုး ဦး‌ဆောင်၍ ကျင်းပပြုလုပ်ခဲ့သည့် လူထု‌တွေ့ဆုံပွဲအတွင်း ‌ကေအဲန်ယူ ဒုဥက္ကဌကို ပြစ်တင်စာ ဖြန့်‌ဝေမှုအ‌ပေါ် တက်‌ရောက်လာသူများက ကန့်ကွက်ခဲ့ကြသည်။

အဆိုပါ‌တွေ့ဆုံပွဲတွင် ‌ကေအဲန်ယူ ဒုဥက္ကဌကို ပြစ်တင်‌ဝေဖန်ထား‌သော ‌ကေအဲန်ယူ ‌ကျေးရွာအဖွဲ့ဝင် ဖူးတာသီး ‌ရေးသည့် “‌ကေ အဲန်ယူ ‌ခေါင်း‌ဆောင်မှု အဘယ်နည်း” ‌လေ့လာသုံးသပ်ချက် စာတမ်း အပါအဝင် ထုတ်ပြန်ချက်များပါရှိသည့် စာအုပ်တစ်အုပ်ကို ဖြန့်‌ဝေ‌ပေးခဲ့သည့်အ‌ပေါ် ယခုကဲ့သို့ ကန့်ကွက်ခဲ့ကြခြင်းဖြစ်သည်။

‌တွေ့ဆုံပွဲတက်‌ရောက်သူ ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှ ‌စောညီညီလွင်က “‌တောင်းဆိုစရာတစ်ခုပဲရှိပါတယ်။ ဘာလဲဆို‌တော့ ဒီ ‌ဝေလိုက်တဲ့စာအုပ်က မူရင်းစာ‌ရေးသူက ကြိယာကို နားမလည်လို့လား၊ နားမလည်ချင်‌ယောင်‌ဆောင်ပြီး‌တော့ ‌ရေးခဲ့တာလား။ စွပ်စွဲချက်ဆိုလိုရင်းအဓိပ္ပါယ်နဲ့ ‌ရေးထားတယ်ဆိုတာမြင်ပါတယ်။ ဒါ လုံးဝမဖြစ်သင့်ဘူးလို့ မြင်ပါတယ်။ ကျ‌နော်တို့‌ခေါင်း‌ဆောင် ဥက္ကဌကိုလည်းချစ်ပါတယ်။ ဒုဥက္ကဌကိုလည်း ချစ်ပါတယ်။ ဖြစ်နိုင်မယ်ဆိုလို့ယှဉ်ရင် ဒီ‌ဝေထားတဲ့စာအုပ်ကို ပြန်သိမ်း‌ပေးပါလို့ ‌တောင်းဆိုချင်ပါတယ်”ဟု ‌ပြောသည်။

အလားတူ ‌တွေ့ဆုံပွဲတက်‌ရောက်လာသူ ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်‌ရေးအဖွဲ့မှ ‌နော်စူစန်နာလှလှစိုးက ယင်းစာကို တက် ‌ရောက်လာသူများ လက်ခံမခံ မဲခွဲရန် ‌တောင်းဆိုခဲ့‌သော်လည်း ‌ကေအဲန်ယူ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ပဒို‌စောကွယ်ထူးဝင်းနှင့် ရန်ကုန်တိုင်း‌ဒေသကြီး၊ ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ‌စောထွန်း‌အောင်မြင့်တို့က မဲမခွဲရန်နှင့် စာအုပ်မလိုချင်သူများအ‌နေ ဖြင့် ထားခဲ့နိုင်‌ကြောင်း ပြန်လည်‌ပြောဆိုခဲ့သည်။
knu explain unfc (Ygn_sep 2014)
“အခု အစည်းအ‌ဝေးလာ‌တော့ ဒီစာရွက်‌တွေကို ‌တွေ့တယ်။ ဒီလိုထွက်လာတာ ကျမကန့်ကွက်တယ်။ ဒီလိုမျိုးတစ်ဦးတည်း ရပ် တည်တဲ့လူတစ်‌ယောက်က ဒီလိုမျိုး ‌ခေါင်း‌ဆောင်ကို လူသိရှင်ကြား စာ‌ဝေပြစ်တင်တာကို ကန့်ကွက်ပါတယ်လို့ ပထမဆုံး‌ပြော ချင်ပါတယ်”ဟု ဆိုသည်။

ယင်း‌တွေ့ဆုံပွဲမှာ မကြာ‌သေးခင်က ဖြစ်‌ပေါ်ခဲ့သည့် ညီညွတ်‌သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်‌ကောင်စီ(UNFC)နှင့် ‌ကေ အဲန်ယူတို့အကြား အ‌ခြေအ‌နေများကို ‌ကေအဲန်ယူ ‌ခေါင်း‌ဆောင်များကိုယ်တိုင် လူထုနှင့် ‌တွေ့ဆုံ‌ပြောဆိုနိုင်ရန် ရည်ရွယ်၍ ရန် ကုန်မြို့ရှိ ကရင်အမျိုးသားစည်းလုံး‌ရေးနှင့် ငြိမ်းချမ်း‌ရေး‌ကော်မတီ (KUPC) တာဝန်ရှိသူများက စီစဉ်ကျင်းပခဲ့ကြခြင်းဖြစ်သည်။

သို့‌သော် တက်‌ရောက်လာသူ ၉ဦးက ယခု‌တွေ့ဆုံပွဲအတွက် ‌ကေအဲန်ယူ‌ခေါင်း‌ဆောင်များ လာ‌ရောက်ရာတွင် ဗဟို‌ကော်မတီ ဆုံးဖြတ်ချက်ဖြင့်ဟုတ်မဟုတ်အပြင် UNFC သို့ တင်သွင်းသည့်စာတမ်းသည် ဗဟို‌ကော်မတီဝင်များအားလုံး သိရှိခြင်းရှိမရှိ၊ UNFC အဖွဲ့ဝင်အဖြစ် ရပ်ဆိုင်းထားခြင်းသည် ငြိမ်းချမ်း‌ရေးကို ထိခိုက်မှုရှိမရှိ စသည့်‌မေးခွန်းများကို ‌မေးမြန်းခဲ့ရာ ‌ကေအဲန်ယူ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ‌ပြောဆိုခဲ့သည်။

၎င်းအပြင် Euro Burma Office-EBO ဒါရိုက်တာ ဦးဟန်‌ညောင်‌ဝေက UNFC အဖွဲ့အ‌ကြောင်း လာ‌ရောက်ရှင်းလင်း ‌ပြောဆို သည့်အ‌ပေါ် ‌တွေ့ဆုံပွဲတက်‌ရောက်‌နေသည့် ‌နော်အုန်းလှက ကရင်‌ခေါင်း‌ဆောင်များ‌ပြောသည်ကိုသာ ကြားလို‌ကြောင်း ကန့် ကွက်ခဲ့သည့်အတွက် ‌တွေ့ဆုံပွဲအခမ်းအနားမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့‌သေးသည်။

“ကရင်ပြည်သူ‌တွေ လိုချင်တာက ကိုယ့်ကရင်‌ခေါင်း‌ဆောင်‌တွေက ချပြတာမျိုးလိုချင်တယ်။ တခြားအဖွဲ့အစည်းက လူ‌တွေကို ‌ရှေ့က‌နေပြီး‌တော့ ‌ပေး‌ပြောသွားတာမျိုး‌တွေက ကျ‌နော်တို့ကရင်အမျိုးသား‌တွေအတွက် စိတ်မ‌ကောင်းစရာ‌တွေဖြစ်တယ်။ အဲဒီ အတွက်က‌တော့ သင်ခန်းစာတစ်ခုအ‌နေနဲ့ ‌လေ့လာသင့်တယ်လို့ ကျ‌နော်အ‌နေနဲ့ ယုံကြည်တယ်။ တကူးတက လာ‌ပြောတာကို လည်း အတိုင်းအတာတစ်ခုထိ တန်ဖိုးထားပါတယ်”ဟု ‌တွေ့ဆုံပွဲတက်‌ရောက်ခဲ့သူ ‌စောကပိက ‌ပြောသည်။

သုံးနာရီကြာ ပြုလုပ်ခဲ့သည့် ‌တွေ့ဆုံပွဲသို့ ‌ကေအဲန်ယူ ဥက္ကဌ ဗိုလ်ချုပ်ကြီး‌စောမူတူး‌စေးဖိုး၊ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး ပဒို‌စော ကွယ်ထူးဝင်း၊ ဗဟို‌ကော်မတီဝင် ပဒို‌စောတာဒို့မူး၊ ပဒို‌စောလှထွန်းတို့အပြင် ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ‌စောထွန်း‌အောင် မြင့်၊ ‌ဒေါက်တာစိုင်မွန်သာ၊ ‌ဒေါက်တာ‌နော်ရီဘက်ခါထင်တို့ ပါဝင်သည့် KUPC ‌ကော်မတီဝင်များ ကရင်ပြည်သူ့ပါတီဝင်များ၊ ရန် ကုန်မြို့နှင့် အနီးတဝိုက်ရှိ ကရင်အမျိုးသားများနှင့် ကရင်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစု‌ပေါင်းလူဦး‌ရေ ၁၅၀‌ကျော် တက်‌ရောက်ခဲ့ကြသည်။