Home သတင်း နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲအတွက် နိုင်ငံ‌ရေးပါတီ ၅၆ခု စု‌ပေါင်း‌ကော်မတီဖွဲ့စည်း

နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲအတွက် နိုင်ငံ‌ရေးပါတီ ၅၆ခု စု‌ပေါင်း‌ကော်မတီဖွဲ့စည်း

1690

စက်တင်ဘာ ၁၆ရက်၊ ၂၀၁၄ခုနှစ်။ ‌စောညွှန့်‌သောင်း

မြန်မာအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား နိုင်ငံ‌ရေး‌ဆွေး‌နွေးကြသည့်အချိန်၌ ပါဝင်သင့်‌သော အချက်များအား မူ‌ဘောင်အတွင်း ထည့်သွင်းနိုင်‌ရေးအတွက် နိုင်ငံ‌ရေးပါတီ ၅၆ခုက စု‌ပေါင်း၍ ၁၅ဦးပါ ‌ကော်မတီကို စက်တင်ဘာလ ၁၄ရက်‌နေ့ က ဖွဲ့စည်းခဲ့သည်။

ရန်ကုန်မြို့ Green Hill Hotel ၌ စက်တင်ဘာ ၁၃ရက်မှ ၁၄ရက်‌နေ့အထိ ကျင်းပသည့် နိုင်ငံ‌ရေးပါတီများ စု‌ပေါင်း‌တွေ့ဆုံ‌ဆွေး ‌နွေးပွဲတွင် ယင်း‌ကော်မတီ ဖွဲ့စည်းသွားရန် သ‌ဘောတူခဲ့ကြခြင်းဖြစ်‌သော်လည်း ‌ကော်မတီအတွင်း ပါဝင်ရန် လျာထားခံထားရ သည့် ပါတီကိုယ်စားလှယ်အချို့မှာ အမည်ထည့်သွင်းနိုင်ခြင်း မရှိ‌သေး‌ကြောင်း သိရသည်။

အဆိုပါ ‌ဆွေး‌နွေးပွဲ တက်‌ရောက်ခဲ့သူ ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP) ဒုတိယ ဥက္ကဌ မန်း‌အောင်ပြည်စိုးက “ကျ‌နော်တို့ ပါတီ ၅၆ခုက သ‌ဘောတူညီမှု ယူကြတယ်။ ၁၅‌ယောက်ပါတဲ့ ‌ကော်မတီကို ဖွဲ့တယ်။ တစ်နိုင်ငံလုံး အပစ်ရပ်စာချူပ်ထိုးပြီးရင် နှစ်လအတွင်း နိုင်ငံ‌ရေး‌ဆွေး‌နွေးဖို့နဲ့ အဲဒီ ၁၅‌ကော်မတီက ကြိုတင် ပြင်ဆင်ရမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဖွဲ့စည်းသွားသည့် ၎င်း‌ကော်မတီထဲတွင် ညီ‌နောင်တိုင်းရင်းသားပါတီများဖက်ဒ‌ရေးရှင်း (NBF)မှ ကိုယ်စားလှယ် ၄ဦး၊ ဖက်ဒရယ် ဒီမိုက‌ရေစီမဟာမိတ် FDA မှ ၂ဦး၊ တိုင်းရင်းသားစည်းလုံးညီညွှတ်‌ရေးပါတီမှ ၁ဦး၊ မြန်မာနိုင်ငံ ‌တောင်သူလယ်သမားများ ဖွံ့ဖြိုး တိုးတက်‌ရေးပါတီနှင့် အခြားပါတီကိုယ်စားလှယ်များ စုစု‌ပေါင်း ၁၅ဦး ပါဝင်မည်ဟု သိရသည်။

ကရင်ဒီမိုကရက်တစ်ပါတီ(KDP) ယာယီဥက္ကဌ ‌စောရဲဝင်းနိုင်က “နိုင်ငံ‌ရေး‌ဆွေး‌နွေးရန် ကြိုတင်ပြီး မူ‌ဘောင်ချနိုင်ဖို့ ဒီ‌ကော်မတီ ကို ဖွဲ့ရတာ ဖြစ်ပါတယ်။ ပြည်ဖွံ့ဖြိုးပါတီလည်း မူ‌ဘောင်တစ်ခု၊ NLD မှာလည်း မူ‌ဘောင်တစ်ခုစီ ထွက်ဖို့ ရှိတယ်။ ပြီးမှ အဲဒီ မူ‌ဘောင်‌တွေကို စု‌ပေါင်းပြီး သ‌ဘောထား‌တွေယူပြီး‌တော့ နိုင်ငံ‌ရေး‌ဆွေး‌နွေးကြမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

နိုင်ငံ‌ရေးပါတီ ၅၆ခု တက်‌ရောက်ပြီး နှစ်ရက်ကြာ ကျင်းပခဲ့သည့် ထို‌ဆွေး‌နွေးပွဲတွင် မတက်‌ရောက်နိုင်သည့် အခြားနိုင်ငံ‌ရေးပါတီ များအား ဆက်လက် ‌တွေ့ဆုံ‌ဆွေး‌နွေးသွားမည်ဖြစ်ပြီး ‌ကော်မတီအဖွဲ့ဝင်များကိုလည်း တိုးဖွဲ့သွားမည်ဟု ‌စောရဲဝင်းနိုင်က ဆက် ‌ပြောသည်။

ရန်ကုန်မြို့ Green Hill Hotel ၌ ပြုလုပ်သည့် တိုင်းရင်းသားပါတီများနှင့် အခြားနိုင်ငံ‌ရေးပါတီများ စု‌ပေါင်း‌တွေ့ဆုံ‌ဆွေး‌နွေးပွဲတွင် ပါတီကြီးများဖြစ်သည့် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်(NLD)နှင့် ပြည်‌ထောင်စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ(USDP)တို့ တက် ‌ရောက်ခဲ့ခြင်း မရှိ‌ကြောင်း သိရသည်။