Home သတင်း နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲအတွက် မူ‌ဘောင်များ‌ရေးဆွဲ‌ရေး ပိုရှုတ်‌ထွေးလာနိုင်ဟု NCCT ‌ပြောဆို

နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲအတွက် မူ‌ဘောင်များ‌ရေးဆွဲ‌ရေး ပိုရှုတ်‌ထွေးလာနိုင်ဟု NCCT ‌ပြောဆို

1308

စက်တင်ဘာ ၂၉ရက်၊ ၂၀၁၄ခုနှစ်။ ‌စောထွန်းလင်း

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူညီချက် ရပြီးသည့်တိုင်‌အောင် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲအတွက် လုပ်‌ဆောင်ချက် မူ‌ဘောင်များ (Technical Framework)‌ရေးဆွဲသည့်အခါ ရှုတ်‌ထွေးလာနိုင်ဖွယ်ရှိသည့်အတွက် ယခုထက် ပိုမို‌ဆွေး‌နွေးရဦးမည် ဟု တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးဆိုင်ရာ ညှိနှိုင်း‌ရေးအဖွဲ့(NCCT) ဒုတိယအဖွဲ့‌ခေါင်း‌ဆောင် ပဒို‌စောကွယ်ထူးဝင်းက စက် တင်ဘာ ၂၇ရက်‌နေ့တွင် ‌ပြောသည်။

မြန်မာနိုင်ငံငြိမ်းချမ်း‌ရေးနှင့် ပြန်လည်ထူ‌ထောင်‌ရေး ဗဟိုဌာန၌ ပြုလုပ်သည့် ပြည်‌ထောင်စုငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်‌ရေးလုပ်ငန်း ‌ကော်မတီ(UWPC)၊ (NCCT)နှင့် နိုင်ငံ‌ရေးပါတီ ၆၁ပါတီ ပါဝင်သည့် ‌တွေ့ဆုံပွဲတွင် ပဒို‌စောကွယ်ထူးဝင်းက ယင်းသို့ ‌ပြောဆိုခဲ့ ခြင်းဖြစ်သည်။

“အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူညီချက်ရပြီးတာ‌တောင် နိုင်ငံ‌ရေး‌တွေ့ဆုံ‌ဆွေး‌နွေးမှုအတွက် မူ‌ဘောင်‌ရေးဆွဲတဲ့ကိစ္စ ပိုပြီး ‌တော့ ပွဲက ရှုတ်လာဦးမယ်။ လူကလည်း ပိုများလာမယ်။ အဲ့အ‌နေအထားမှာ ကျ‌နော်တို ့ပိုပြီး‌တော့ ‌ဆွေး‌နွေးရမယ်။ ဒီ‌နေရာမှာ ကျ‌တော့ သည်းခံစိတ်၊ စိတ်ရှည်မှု ပိုလိုအပ်မယ်လို့‌တော့ ‌တွေးမြင်မိတယ်”ဟု ၎င်းက ‌ပြောသည်။

အဆိုပါ ‌တွေ့ဆုံပွဲတွင် ‌ဆွေး‌နွေးပွဲစီစဉ်သည့် မြန်မာနိုင်ငံငြိမ်းချမ်း‌ရေး ပြန်လည်ထူ‌ထောင်‌ရေးဗဟိုဌာနက တရားဝင် မှတ်ပုံတင် ထားသည့် နိုင်ငံ‌ရေးပါတီ ၆၇ပါတီထံ ဖတ်ကြားခဲ့ရာ ၆၄ပါတီမှာ တက်‌ရောက်ရန် အ‌ကြောင်းပြန်ခဲ့‌သော်လည်း လက်‌တွေ့တွင် ၆၁ပါတီသာ တက်‌ရောက်ခဲ့ကြပြီး အကြီးဆုံး နိုင်ငံ‌ရေးပါတီနှစ်ခုဖြစ်သည့် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်(NLD)နှင့် ပြည်‌ထောင်စု ကြံ့ခိုင်‌ရေးနှင့်ဖွံ့ဖြိုး‌ရေးပါတီ(USDP)တို့လည်း တက်‌ရောက်ခဲ့ခြင်းမရှိ‌ကြောင်း သိရသည်။

‌တွေ့ဆုံပွဲတက်‌ရောက်ခဲ့သူ ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီ(PSDP) ဒုဥက္ကဌ မန်း‌အောင်ပြည်စိုးက “နိုင်ငံ‌ရေး ‌ဆွေး‌နွေးပွဲသွားတဲ့ အခါမှာ တပ်‌တွေကို ဖက်ဒရယ်တပ်မ‌တော်၊ ပြည်‌ထောင်စုတပ်မ‌တော်၊ တစ်ခုခု‌ပေါ့‌လေ။ အမျှတဆုံးဖြစ်‌အောင် ညှိနှိုင်း‌ဆောင် ရွက်ကြဖို ့လိုတယ်။ အပစ်ရပ်ပြီးတဲ့အခါ ‌အောက်‌ခြေထိ ညီညီညွတ်ညွတ်နဲ့ တိုက်ပွဲ‌တွေ မဖြစ်‌အောင် ထိန်းသိမ်းကြဖို့ကိုလည်း ‌ဆွေး‌နွေးခဲ့တယ်”ဟု ‌ကေအိုင်စီသို ့‌ပြောသည်။

အစိုးရ၏ UWPC၊ NCCT နှင့် နိုင်ငံ‌ရေးပါတီများ ယခုကဲ့သို့ ‌တွေ့ဆုံနိုင်ခြင်းသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်း‌ရေး အနာဂတ်အတွက် အလွန်အ‌ရေးကြီးကာ ‌ကောင်းမွန်သည့် အစပြုဖြစ်စဉ်များအဖြစ် ရှုမြင်ရမည်ဖြစ်သည်ဟု ပြည်‌ထောင်စုဝန်ကြီး ဦး‌အောင်မင်းက ‌ဆွေး‌နွေးပွဲ အဖွင့်အမှာစကားတွင် ထည့်သွင်း‌ပြောဆိုခဲ့သည်။

အလားတူ ပဒို‌စောကွယ်ထူးဝင်းကလည်း လက်ရှိ အစိုးရ နှင့် NCCT တို့ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲ‌ရေးစာချုပ်မူ ကြမ်းအတွက် ‌ခြောက်ကြိမ်တိုင်တိုင် ‌ဆွေး‌နွေးခဲ့‌သော်လည်း အပြီးသတ် သ‌ဘောတူညီမှုများ မရရှိ‌သေး‌ကြောင်း၊ ‌ဆွေး‌နွေးပွဲများ ပြီးလုနီးပါးနှင့်အမျှ ခက်ခဲလာ‌လေဖြစ်‌နေ‌သော်လည်း ရည်မှန်းချက်တူသည့်အတွက် အ‌ဖြေရှာရနိုင်မည်ဟု ‌မျှော်လင့်ထား ‌ကြောင်းလည်း ဖြည့်စွက်‌ပြောဆိုသည်။

အစိုးရ၊ NCCT နှင့် နိုင်ငံ‌ရေးပါတီများသည် ပြီးခဲ့သည့် ဩဂုတ်လလယ်ပိုင်းကလည်း ရန်ကုန်မြို့၌ ပထမဦးဆုံးအကြိမ် ‌တွေ့ဆုံခဲ့ ပြီးဖြစ်သည်။