Home သတင်း နိုင်ငံသားများကိုယ်တိုင် အပစ်ရပ် ‌ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင်‌စေလို‌ကြောင်း NCCT ‌ပြောဆို

နိုင်ငံသားများကိုယ်တိုင် အပစ်ရပ် ‌ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင်‌စေလို‌ကြောင်း NCCT ‌ပြောဆို

1572

စက်တင်ဘာ ၂၂ရက်၊ ၂၀၁၄ခုနှစ်။ ‌စောထွန်းလင်း

တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်ပါ ‌ရှေ့လုပ်ငန်းစဉ်များကို နိုင်ငံသားများကိုယ်တိုင် ပါဝင်သည့် အစီအစဉ်မျိုးဖြစ်လို‌ကြောင်း ပြည် ‌ထောင်စု ငြိမ်းချမ်း‌ရေးလုပ်ငန်း‌ဖော်‌ဆောင်မှု‌ကော်မတီ(UPWC)နှင့် ရန်ကုန်မြို့၊ ‌ရွှေလီလမ်းရှိ မြန်မာငြိမ်းချမ်း‌ရေးနှင့် ပြန်လည်ထူ ‌ထောင်‌ရေး ဗဟိုဌာန(MPC)၌ ယ‌နေ့ ‌တွေ့ဆုံပွဲတွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲ‌ရေးဆိုင်ရာ ညှိနှိုင်း‌ရေးအဖွဲ့(NCCT)က ‌ပြော ဆိုခဲ့သည်။

NCCT နှင့် UPWC တို့သည် တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် ချုပ်ဆိုနိုင်ရန် ရည်ရွယ်၍ ပြုလုပ်သည့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲ‌ရေး စာချုပ်မူကြမ်း ‌ဆွေး‌နွေးပွဲတွင် NCCT ဒုတိယ အဖွဲ့‌ခေါင်း‌ဆောင် ဗိုလ်ချုပ်ဂွန်‌မော်က ထိုသို့ ‌ပြောဆိုလိုက်ခြင်းဖြစ်သည်။

“အခုစာချုပ်ကို ကျ‌နော့်အမြင်က NCCT အ‌နေနဲ့ ခိုင်မာ‌စေချင်တယ်။ ‌ရှေ့လုပ်ငန်းစဉ်‌တွေ ပါဝင်‌စေချင်တယ်။ ဒီ‌ရှေ့လုပ်ငန်းစဉ် ‌တွေ အားလုံးကို နိုင်ငံသားများကိုယ်တိုင် ပါဝင်ပြီး‌တော့ အ‌ကောင်အထည်‌ဖော်နိုင်တဲ့ အစအီစဉ်မျိုးဖြစ်‌စေချင်ပါတယ်လို့ပဲ ‌ပြော ကြားလိုတယ်”ဟု ဗိုလ်ချုပ်ဂွန်‌မော်က ‌ဆွေး‌နွေးပွဲ အဖွင့်အမှာစကားတွင် ‌ပြောကြားခဲ့သည်။

ထို့အပြင် အပစ်ရပ်စာချုပ်(single text)ကိစ္စ ‌ခေါင်း‌ဆောင်တချို့နှင့် ပြည်သူများနှင့်‌ပြောဆို‌ဆွေး‌နွေးရာတွင် တိုင်းရင်းသားများ အစိုးရဘက်တွင် ပါသွားပြီ‌လော ဆိုသည့် ‌ဆွေး‌နွေး‌ပြောဆိုမှုများကို မိမိအ‌နေဖြင့် ကြုံ‌တွေ့ခဲ့ရဖူး‌ကြောင်း၊ ပြည်သူများအ‌နေဖြင့် အပစ်ရပ်စာချုပ် လုပ်ငန်းစဉ်များကို ၎င်းတို့ကိုယ်တိုင် သိရှိရန် အ‌ရေးကြီးသည်ဟု မြင်မိ‌ကြောင်း ဗိုလ်ချုပ်ဂွန်‌မော်က ဆက်‌ပြော သည်။

ယ‌နေ့ ပြုလုပ်သည့် ‌ဆွေး‌နွေးပွဲတွင် အစိုးရဘက်မှ UPWC အဖွဲ့‌ခေါင်း‌ဆောင် ပြည်‌ထောင်စုဝန်ကြီး ဦး‌အောင်မင်း၊ ဒုတိယ အဖွဲ့ ‌ခေါင်း‌ဆောင် ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ် ဦးသိန်း‌ဇော်တို့ ဦး‌ဆောင်အဖွဲ့ အပါအဝင် စစ်ရုံးချုပ်၏ ဒု-ဗိုလ်ချုပ်ကြီး မြင့်စိုးဦး ပါဝင်သည့် တပ်မ‌တော် အရာရှိများအဖွဲ့နှင့် NCCT ဘက်မှ အဖွဲ့‌ခေါင်း‌ဆောင် နိုင်ဟံသာ၊ ဒုအဖွဲ့‌ခေါင်း‌ဆောင် ပဒို‌စောကွယ်ထူး ဝင်း၊ ဗိုလ်ချုပ်ဂွန်‌မော်တို့ ဦး‌ဆောင်သည့်အဖွဲ့နှင့် ‌လေ့လာသူအဖွဲ့များအဖြစ် SSA/RCSS၊ SSA/SSPP နှင့် ABSDF ကိုယ်စားလှယ် များ ပါဝင်‌ဆွေး‌နွေးခဲ့ကြသည်။

‌တွေ့ဆုံပွဲတွင် NCCT ဒုအဖွဲ့‌ခေါင်း‌ဆောင်တစ်ဦးဖြစ်သူ ပဒို‌စောကွယ်ထူးဝင်းကလည်း “ကျ‌နော်တို့ အခုလို ‌တွေ့ဆုံတာဟာ တစ် နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးစာချုပ် ညှိနှိုင်းသ‌ဘောတူညီချက်ရရှိဖို့ ပထမ‌ခြေလှမ်းသာဖြစ်တယ်။ တနှစ်နီးပါးကြာ ‌ဆွေး‌နွေးလာတဲ့အခါ ‌အောင်မြင်မှု‌တွေလည်း ရှိပါတယ်။ ကျန်ရှိ‌နေတဲ့ အချက်အလက်‌တွေကို နားလည်မှုရှိရှိနဲ့ ညှိနှိုင်းပြီး‌တော့ သ‌ဘောတူညီချက်ရရှိပြီး ဆက်လက်‌ဆောင်ရွက်နိုင်ပါ‌စေလို့ ကျ‌နော် ဆန္ဒပြုပါတယ်”ဟု ‌ပြောဆိုခဲ့သည်။

‌ဆွေး‌နွေးပွဲတက်‌ရောက်လာသူ တပ်မ‌တော်သားကိုယ်စားလှယ် ဒုဗိုလ်ချုပ်ကြီးမြင့်စိုးက “ဒီက‌နေ့ ကျ‌နော်တို့ လာပြီး‌တော့ ‌ဆွေး ‌နွေးတယ်ဆိုတာ အငြင်းပွားဖို့ မဟုတ်ပါဘူး။ တစ်‌ယောက်ကို တစ်‌ယောက် အပြစ်ရှာတာမျိုး‌တွေ အတတ်နိုင်ဆုံး ‌ရှောင်ပြီး‌တော့ မှ မျှမျှတတနဲ့ ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးပွဲကြီး ‌အောင်မြင်ဖို့အတွက် ဦးတည်ပြီး ‌ဆောင်ရွက်‌နေတာဖြစ်ပါတယ်”ဟု ‌ပြောသည်။

တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်မူကြမ်းရရှိ‌ရေးအတွက် UPWC နှင့် NCCT တို့အကြား ယခုတစ်ကြိမ် ‌တွေ့ဆုံ‌ဆွေး‌နွေးမှုသည် ငါးရက်ကြာမြင့်မည်ဖြစ်ပြီး (၆)ကြိမ်‌မြောက် ‌တွေ့ဆုံမှုလည်းဖြစ်‌ကြောင်း သိရသည်။