Home သတင်း မြဝတီတံတားအနီး ချိန်ကိုက်ဗုံးတစ်လုံး‌တွေ့ရှိ

မြဝတီတံတားအနီး ချိန်ကိုက်ဗုံးတစ်လုံး‌တွေ့ရှိ

1758

စက်တင်ဘာ ၁၆ရက်၊ ၂၀၁၄ခုနှစ်။ စဖန်း‌ရှောင်း

မြဝတီမြို့ အမှတ်(၁) ရပ်ကွက်ရှိ ထိုင်း-မြန်မာချစ်ကြည်‌ရေးတံတား‌အောက် လက်ယာဘက်ပတ်လမ်းရှိ AH ကားပစ္စည်းအ ‌ရောင်းဆိုင်‌ရှေ့ လမ်း‌ဘေးနားတွင် ယမန်‌နေ့နံနက် ၆အချိန်ခန့်က ချိန်ကိုက်မိုင်းဗုံးတစ်လုံး‌တွေ ့ရှိရ‌ကြောင်း သိရသည်။

မြဝတီမြို့ရှိ အမည်မ‌ဖော်လိုသူ ရဲအရာရှိတစ်ဦးက ” မိုင်းနဲ့ပတ်သက်လို့‌တွေ့တာ‌တော့ ဟုတ်ပါတယ်။ အသက်သွင်းထားတဲ့မိုင်း ဖြစ်ပါတယ်။ ‌တွေ့‌တွေ့ချင်းပဲ တာဝန်ရှိသူ‌တွေ၊ တပ်ဖက်က မိုင်းရှင်းတဲ့သူ‌တွေနဲ့ မိုင်းကို‌သေ‌အောင် ရှင်းလင်းနိုင်ခဲ့ပါတယ်”ဟု ‌ကေအိုင်စီသို့ အတည်ပြု ‌ပြောဆိုသည်။

အဆိုပါမိုင်းကို စည်ပင်ဝန်ထမ်းတစ်ဦးက သန့်ရှင်း‌ရေးလုပ်ရင်း စတင် ‌တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ထိုမှတစ်ဆင့် ‌ရှေ့တန်း ခလရ(၂၇၅) တပ်ရင်းရုံးသို့ သတင်းပိုခဲ့ရာ နံနက် ၆နာရီခွဲမှ ၇နာရီခွဲအချိန်တွင် ထိခိုက်မှုမရှိဘဲ ရှင်းလင်းပြီးစီးသွားခဲ့သည်။
10685265_751952374864257_153327437_n
အလျား ၆လက်မခန့်၊ အ‌လေးချိန် ၁.၈ကီလိုသံပိုက်လုံး ပုံသဏ္ဍာန် နာရီတွဲလျှက်ပါမိုင်း၏ ဆက်စပ်ပစ္စည်းများအား အမှတ် (၂၇၅) ‌ခြေလျင်တပ်ရင်း(‌ရှေ့တန်းရုံး)မှ ဒုတိယဗိုလ်မှူးကြီးဝင်းထွန်း၊ သဃင်္န်းညီ‌နောင်အ‌ခြေစိုက် ဗျူဟာမှူးတို့က ဦး‌ဆောင်၍ မိုင်းရှင်းတပ်သားများဖြင့် ရှင်းလင်းသိမ်းဆည်းခဲ့ပြီး ၎င်းဗုံးမှာ အ‌ဝေးထိန်းစနစ်ဖြင့် ထိန်းချုပ်ထားကာ ‌ပေါက်ကွဲချိန်အဖြစ် နံနက် ၁ဝး၅၅နာရီတွင် ချိန်ကိုက်ထားသည်ဟု သိရသည်။

မြဝတီမြို့ အမှတ်(၁) ရပ်ကွက်‌နေ မြို့ခံတစ်ဦးက “မိုင်း‌တွေ့တယ်ကြား‌တော့ ‌နေရတာ၊ သွားလာရတာ‌ရော သိပ်ပြီး လုံခြုံမှုမရှိ ‌တော့ဘူး ခံစားရတယ်။ အခုတစ်လုံး ‌တွေ့တယ်။ မကွဲ‌ပေမယ့် ‌နောက်‌နောင် ဒီလိုအလားတူဖြစ်ရပ်မျိုး‌တွေ ဖြစ်လာမှာ‌တော့ အရမ်းစိုးရိမ်တယ်” ‌ပြောသည်။

ထိုသို့ဖြစ်ပွားပြီး‌နောက် မြဝတီမြို့ အမှတ်(၄)ရပ်ကွက် ၊ ‌အေးချမ်းဖြိုးရိပ်သာဝင်းအတွင်းရှိ ‌ရှေ့တန်းရုံးတွင် တပ်ပိုင်းဆိုင်အရာရှိ များ၊ မြို့နယ်ရဲတပ်ဖွဲ့အရာရှိများ၊ နယ်ခြား‌စောင့်တပ် BGF၊ DKBA၊ KNU၊ KNU/KNLA(PC) အဖွဲ့များမှ ဆက်ဆံ‌ရေးရုံးအရာရှိများ ကို အစည်းအ‌ဝေးတစ်ရပ်‌ခေါ်ယူကာ လုံခြုံ‌ရေးသတိရှိကြရန်နှင့် လက်နက်ကိုင်အဖွဲ့အားလုံး ပူး‌ပေါင်းပါဝင်‌ဆောင်ရွက်ရန် ‌ဆွေး ‌နွေးခဲ့‌ကြောင်း သိရသည်။