Home သတင်း မြန်မာ့ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ် အချိန်ကြာမြင့်နိုင်ဖွယ်ရှိဟု ကရင်ပါတီအချို့ သုံးသပ်

မြန်မာ့ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ် အချိန်ကြာမြင့်နိုင်ဖွယ်ရှိဟု ကရင်ပါတီအချို့ သုံးသပ်

1612

စက်တင်ဘာ ၂၉ရက်၊ ၂၀၁၄ခုနှစ်။ ‌စောညွှန့်‌သောင်း

မြန်မာနိုင်ငံ လက်ရှိ အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်လျှက်ရှိသည့် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ် အမှန်တကယ် ‌အောင်မြင်ရန်အ တွက် အချိန်ကြာမြင့်နိုင်ဖွယ်ရှိ‌ကြောင်း ကရင်ပြည်နယ်အ‌ခြေစိုက် ကရင်ပါတီအချို့က သုံးသပ်‌ပြောဆို‌နေကြသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးဆိုင်ရာ ညှိနှိုင်း‌ရေးအဖွဲ့(NCCT)၊ ပြည်‌ထောင်စုငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေး လုပ်ငန်း‌ကော်မ တီ(UPWC)နှင့် မြန်မာနိုင်ငံအတွင်းရှိ တရားဝင် နိုင်ငံ‌ရေးပါတီ‌ပေါင်း ၆၁ပါတီများမှ ကိုယ်စားလှယ်များနှင့် စက်တင်ဘာ ၂၇ရက် ‌နေ့က ရန်ကုန်မြို့ရှိ မြန်မာငြိမ်းချမ်း‌ရေးနှင့် ပြန်လည်ထူ‌ထောင်‌ရေးဗဟိုဌာန(MPC)တွင် ‌တွေ့ဆုံခဲ့ပြီး‌နောက် ယင်းသို့ သုံးသပ်‌ပြော ဆိုခဲ့ခြင်းဖြစ်သည်။

“ကျ‌နော်တို့ပါတီအ‌နေနဲ့ ‌ပြောရရင် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ် ‌ဖော်‌ဆောင်‌နေတာ သိပ်အားမရဘူး။ ‌တွေ့ဆုံပွဲမှာ NCCT ရဲ့ ‌ပြောပြ ချက်အရဆိုရင် ငြိမ်းချမ်း‌ရေးရဖို့က အချိန်ကြာဦးမယ်။ ဘာဖြစ်လဲဆိုရင် သူတို့နှစ်ဖက် သ‌ဘောတူပြီးတဲ့အချက်‌တွေ ပြန်‌ဆွေး ‌နွေးရတာရယ်၊ ဖက်ဒရယ်တပ်မ‌တော်ကိစ္စ အစိုးရ သ‌ဘောမတူတာရယ်ကြည့်ရင် သိနိုင်ပါတယ်”ဟု ဖလုံ-စ‌ဝေါ်ဒီမိုရက်တစ်ပါတီ (PSDP) ဒုတိယဥက္ကဌ မန်း‌အောင်ပြည်စိုးက ‌ပြောသည်။

MPC မှ ဦးစီး၍ ကျင်းပခဲ့သည့် ၎င်း‌တွေ့ဆုံပွဲတွင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်တို့အကြား အပစ်အခတ်ရပ်စဲ‌ရေး ပြု လုပ်ပြီး‌နောက် နိုင်ငံ‌ရေးမူ‌ဘောင် ချမှတ်နိုင်‌ရေးအတွက် မြန်မာနိုင်ငံအတွင်း တရားဝင် နိုင်ငံ‌ရေးပါတီများအား တက်‌ရောက်အ ကြံပြု ‌ဆွေး‌နွေး‌စေခဲ့သည်။

‌တွေ့ဆုံပွဲတွင် နိုင်ငံ‌ရေး‌ဆွေး‌နွေးမှုမလုပ်မီ ကရင်ပြည်နယ်ရှိ ဒုက္ခသည်အ‌ရေးကို အရင်ဆုံး ‌ဖြေရှင်း‌ပေးရန်၊ နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ အတွက် ကာကွယ်‌ရေးဦးစီးချုပ်၏ မူ ၆ချက်အနက် ငါးချက်‌မြောက်ဖြစ်သည့် တည်ဆဲဥပ‌ဒေနှင့် ၂၀၀၈ အ‌ခြေခံဥပ‌ဒေ‌ဘောင်အ တွင်း ‌ဆွေး‌နွေးရန်ဆိုသည့်အချက်မှာ အစိုးရအ‌နေဖြင့် ပြန်လည်စဉ်းစားရန်၊ တိုင်းရင်းသား‌ပေါင်းစုံ ပါဝင်သည့် ဖက်ဒရယ်တပ်မ ‌တော်ဖွဲ့စည်း‌ပေး‌ရေးကို လက်ခံရန်၊ ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးသည့်အချိန်တွင် တိုက်ပွဲမဖြစ်ရန်အတွက် တစ်ဖွဲ့နှင့်တစ်ဖွဲ့ ‌အောက်‌ခြေ တပ်များကို ထိန်းသိမ်းကြရန် စသည့်အချက်‌လေးချက်ကို အကြံပြုခဲ့‌ကြောင်း PSDP ဘက်က ‌ပြောသည်။

အလားတူ ၎င်း‌တွေ့ဆုံပွဲသို့ တက်‌ရောက်ခဲ့သည့် ကရင်ဒီမိုကရက်တစ်ပါတီ(KDP)မှ ယာယီဥက္ကဌ ‌စောရဲဝင်းနိုင်က “ကျ‌နော့်ပါတီ က‌တော့ ဘာမှ အကြံမပြုခဲ့ဘူး။ မြန်မာနိုင်ငံ ငြိမ်းချမ်း‌ရေးက‌တော့ ရ‌တော့ရလိမ့်မယ်လို့ ‌မျှော်လင့်တယ်။ အချိန်‌တော့ ‌ပေးရဦး မယ်လို့ ကျ‌နော်လည်း ယူဆတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ‌တွေ့ဆုံပွဲ တက်‌ရောက်လာသည့် နိုင်ငံ‌ရေးပါတီများကလည်း လက်ရှိ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အကြား ပြုလုပ်‌နေသည့် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်ကို လျင်မြန်စွာ ‌ဆောင်ရွက်‌စေလိုသည့် ပါတီများရှိသလို စဉ်းစားသုံးသပ်ကာ အချိန်ယူ၍ လုပ်‌ဆောင်‌စေချင်သည့် ပါတီများလည်းရှိ‌ကြောင်း တက်‌ရောက်သူပါတီဝင်များက ‌ပြောဆိုသည်။

MPC အ‌နေဖြင့် မြန်မာနိုင်ငံရှိ တရားဝင် နိုင်ငံ‌ရေးပါတီ ၆၇ပါတီကို ‌တွေ့ဆုံပွဲတက်‌ရောက်ရန် ဖိတ်ကြားခဲ့‌သော်လည်း ပါတီကြီး နှစ်ခုဖြစ်သည့် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်နှင့် ပြည်‌ထောင်စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီတို့ တက်‌ရောက်ခဲ့ခြင်းမရှိ‌ကြောင်း သိရသည်။