Home သတင်း ‌ကေအဲန်ယူကို UNFC အတွင်း ပြန်လည်လက်တွဲရန် ပြည်တွင်းကရင်အမျိုးသမီးအဖွဲ့-KWU အကြံပြု

‌ကေအဲန်ယူကို UNFC အတွင်း ပြန်လည်လက်တွဲရန် ပြည်တွင်းကရင်အမျိုးသမီးအဖွဲ့-KWU အကြံပြု

1438

စက်တင်ဘာ ၆ရက်၊ ၂၀၁၄ခုနှစ်။ ‌စောထွန်းလင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)ကို ညီညွတ်‌သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်‌ကောင်စီ(UNFC)အတွင်း ပြန်လည် လက်တွဲ‌ဆောင်ရွက်ရန် ပြည်တွင်းကရင်အမျိုးသမီးအစည်းအရုံး(KWU)က စက်တင်ဘာ ၄ရက်‌နေ့စွဲဖြင့် သ‌ဘောထား‌ကြေညာ ချက်ထုတ်ပြန်ကာ အကြံပြု‌ပြောဆိုလိုက်သည်။

၎င်းထုတ်ပြန်ချက်အ‌ပေါ် KWU မှ ‌ပြော‌ရေးဆိုခွင့်ရှိသူ ‌နော်အုန်းလှက “‌ကေအဲန်ယူက UNFC ထွက်(ယာယီရပ်ဆိုင်း)လာတဲ့အ ‌ပေါ်မှာ ‌ကေအဲန်ယူမူ‌တွေနဲ့ ကွဲ‌နေတာ‌တွေ့ရတယ်။ ထွက်လာတဲ့အ‌ပေါ်မှာလည်း တဦးတ‌ယောက်နဲ့ တစုတဖွဲ့ရဲ့ သ‌ဘောထားလို ဖြစ်‌နေတာ ‌တွေ့ရတယ်။ ‌ကေအဲန်ယူရဲ့ ‌ဆောင်ရွက်ချက်ဟာ မဖြစ်သင့်ဘူးဆိုတဲ့အ‌ကြောင်းကို အကြံပြုတဲ့အ‌နေနဲ့ သ‌ဘောထား ထုတ်ပြန်တာဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အချက် ၅ချက်ပါသည့် ၎င်းထုတ်ပြန်ချက်ထဲတွင် ‌ကေအဲန်ယူ ၁၅ကြိမ်‌မြောက် ညီလာခံမှ ချမှတ်ထားသည့် မူများကို မျက်ကွယ် ပြုကာ အမျိုးသားတန်းတူ‌ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် ဖက်ဒရယ်ပြည်‌ထောင်စု‌ပေါ်ထွန်း‌ရေးအတွက် ဖွဲ့စည်းထားသည့် တိုင်းရင်းသား‌တော်လှန်‌ရေး လက်နက်ကိုင်အဖွဲ့များ ပါဝင်သည့် UNFC ညီလာခံမှ ထွက်ခွာခြင်းသည် ‌ကေအဲန်ယူတစ်ဖွဲ့လုံး၏ သ‌ဘောထားမဟုတ်ဘဲ အဖွဲ့‌ခေါင်း‌ဆောင်အဖြစ် တက်‌ရောက်သူနှင့် လူတချို့၏ သ‌ဘောထားသာဖြစ်သည်ဟု KWU အ‌နေဖြင့် သတ်မှတ်‌ကြောင်း ‌ဖော်ပြထားသည်။

ထို့အပြင် ယင်းလုပ်ရပ်သည် ‌ကေအဲန်ယူအတွင်း ညီညွတ်‌ရေး၊ တိုင်းရင်းသားအားလုံးနှင့် ပူး‌ပေါင်းလက်တွဲ‌ဆောင်ရွက်‌ရေးကိုပါ ထိခိုက်‌စေ‌သော‌ကြောင့် KWU က စိုးရိမ်မှုများစွာဖြစ်ရ‌ကြောင်း၊ ထို့အတွက် တပ်‌ပေါင်းစုအတွင်း ပြန်လည်ဝင်‌ရောက် လက်တွဲ ‌ဆောင်ရွက်သွားရန် အကြံပြုလို‌ကြောင်း ထည့်သွင်း‌ဖော်ပြထားသည်။

ကရင်လူမျိုး၏ တန်းတူ‌ရေးနှင် ့ကိုယ်ပိုင်ပြဌာန်းခွင့် တည်‌ဆောက်‌ရေးသည် သီးခြားကင်းလွတ်‌နေခြင်း မဟုတ်ဘဲ မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးအားလုံး၏ တန်းတူ‌ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ဆက်စပ်‌နေ‌ကြောင်း၊ တိုင်းရင်းသားအားလုံး တန်းတူရည်တူ အပြန်အလှန် ညီညွတ်မှုမရှိဘဲ တိုင်းပြည်‌အေးချမ်းနိုင်မည် မဟုတ်‌ကြောင်းနှင့် ကြားသိရသည့် သတင်းများအရ တစ်ဦးတ ‌ယောက်၊ တစုတဖွဲ့၏ သ‌ဘောထားဖြင့် UNFC မှ အဖွဲ့ဝင်အဖြစ် ရပ်ဆိုင်းလိုက်ခြင်းသည် ဒီမိုက‌ရေစီနည်းမကျဟု မြင်မိ‌ကြောင်း ပန်းတ‌နော်မြို့နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ ဒုဥက္ကဌ မန်းထိန်ဝင်းစိန်က ‌ကေအိုင်စီသို့ ‌ပြောသည်။

“ဒီက‌နေ ‌ကေအဲန်ယူကို ကရင်တစ်မျိုးသားလုံးရဲ့ ၉၅ရာခိုင်နှုန်းက မိခင်နိုင်ငံ‌ရေး ဦး‌ဆောင်အဖွဲ့အစည်းလို့ လက်ခံထားတယ်။ လက်ခံထားတဲ့အတွက် ‌ကေအဲန်ယူက ဘာပဲလုပ်လုပ် ကရင်ပြည်သူ‌တွေရဲ့ သ‌ဘောထားကို အတိအကျ ရယူဖို့ လိုတယ်။ နယ် စပ်မှာ ရှင်းလင်းပွဲလုပ်တယ်လို့‌တော့ သတင်းကြားတယ်။ ဒါနဲ့မလုံ‌လောက်ဘူး။ တစ်နိုင်ငံလုံးက ကရင်ပြည်သူ‌တွေရဲ့ သ‌ဘော ထားကိုလည်း ယူဖို့လိုတယ်လို့ ‌ပြောချင်တယ်”ဟု မန်းထိန်ဝင်းစိန်က ‌ပြောသည်။

UNFC ပထမအကြိမ် ညီလာခံကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ဩဂုတ်လ ၂၅ရက်‌နေ့တွင် စတင်ကျင်းပခဲ့ပြီး ၃ဝရက်‌နေ့တွင် ညီလာခံ တက်‌ရောက်သည့် ‌ကေအဲန်ယူက အကြံပြုချက် ၉ချက်ပါစာတမ်းတစ်‌စောင် တင်သွင်းခဲ့‌သော်လည်း စာတမ်းကို အ‌ကျေအလည် ‌ဆွေး‌နွေးနိုင်ခြင်းမရှိသလို အများစု၏ လက်ခံမှုမရှိသဖြင့် ‌ကေအဲန်ယူကိုယ်စားလှယ် အဖွဲ့‌ခေါင်း‌ဆောင်အချို့သည် ညီလာခံအ တွင်း ပါဝင်မှုကို ယာယီရပ်ဆိုင်းကာ ‌ရှေ့ဆက် ပါဝင်ခြင်းရှိမရှိကိုမူ ‌ကေအဲန်ယူ၏ အချုပ်အခြာအာဏာပိုင်ဖြစ်သည့် ဗဟို‌ကော်မ တီတွင် ‌ဆွေး‌နွေးဆုံးဖြတ်သွားမည်ဟု ဩဂုတ်လ ၃၁ရက်‌နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ကရင်အမျိုးသားအ‌ရေးကို တစ်ဖက်တစ်လမ်းမှ လုပ်‌ဆောင်သွားမည့် ရည်ရွယ်ချက်ဖြင့် ‌နော်အုန်းလှက ဦး‌ဆောင်ကာ Karen Women Union – KWU ကို ယခုနှစ် ဧပြီလတွင် ရန်ကုန်မြို့၌ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အမှု‌ဆောင်အဖွဲ့ဝင် ၇ဦးရှိ‌ကြောင်း သိရသည်။