Home အယ်ဒီတာ့အာဘော် အယ်ဒီတာ့အာ‌ဘော်

အယ်ဒီတာ့အာ‌ဘော်

2048

သခွတ်ပင်က မီးတကျည်ကျည် ဖြစ်‌နေပြီလား

နိုင်ငံ‌တော်ကြီး ‌ပြောင်းလဲ၊ တိုးတက်‌နေပါပြီ။ တိုင်းရင်းသားအဖွဲ့များနှင့် ငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေး‌နေပါပြီဟု ဦးသိန်းစိန် အစိုးရက ‌တောက်‌လျှောက် ‌ပြောဆို‌နေသည်။ လူထုသည် လက်ရှိ အပစ်ရပ်ထားစဉ် စိုးရွံ့သည့် သွားလာမှုများ အ‌တော်‌လေး ကင်း‌ဝေး သွားခဲ့ရသည်။ သို့‌သော် ပစ္စက္ခတ်ကာလ၏ လက်‌တွေ့တွင်မူ အပစ်မရပ်ရ‌သေး‌သော မြန်မာပြည် အ‌ရှေ့အလယ်ပိုင်း‌ဒေသများ တွင်သာမက အပစ်ရပ်‌ဒေသ၌လည်း ရွာနီးခြုံစပ် မဟုတ်ဘဲ မြို့နားနီးစပ်အထိ ပစ်ခတ်မှုများ မြည်ဟီးလာပြန်‌ချေပြီဖြစ်သည်။

ပြီးခဲ့သည့် ဩဂုတ်လကုန်ပိုင်းက ညီညွှတ်‌သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်‌ကောင်စီ(UNFC)၏ ပထမအကြိမ်ညီလာခံမှ ကရင်အမျိုးသားအစည်းအရုံး(KNU) ကိုယ်စားလှယ်များ ထွက်ခွာခဲ့ပြီး အဖွဲ့ဝင်အဖြစ် ဆက်လက် ပါဝင်‌ရေးကို ထပ်မံ ‌ဆွေး‌နွေး သွားမည်ဟုလည်း ကရင်‌ခေါင်း‌ဆောင်များ၏ တုန့်ပြန်‌ပြောဆိုခဲ့သည်။ ၎င်းဖြစ်ရပ်နှင့် မ‌ရှေးမ‌နှောင်းပင် ကရင်ပြည်နယ်တွင် အ ပစ်ခတ်ရပ် ကရင်လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ဖြစ်သည့် ကလို့ထူး‌ဘောကရင်အဖွဲ့အစည်းနှင့် KNU/KNLA ငြိမ်းချမ်း‌ရေး‌ကောင်စီကို အစိုးရတပ်က ယူနီ‌ဖောင်းမဝတ်ရန်နှင့် လက်နက်မကိုင်‌ဆောင်ရန် ညွှန်ကြားစာပို့၊ တားမြစ်မှုရှိခဲ့သည်။

ထိုမှအစပြုကာ ကရင်‌ဒေသအချို့တွင် နှစ်ဖက် ပစ်ခတ်မှုများ၊ ထိခိုက်‌သေ‌ကြေမှုများအထိ ဖြစ်ပွားခဲ့ရပြီး အစိုးရတပ်နှင့် ခွဲထွက် ကရင်အဖွဲ့များကြား နှစ်ဖက် တင်းမာမှုများရှိလာကာ အစိုးရ၏ စစ်ယာဉ်တန်းမှာလည်း စက်တင်ဘာ ၂၇ရက်‌နေ့က မြဝတီမြို့၌ ပစ်ခတ်ခံခဲ့ရသည်။ ဤအ‌ခြေအ‌နေများမှာ စိုးရွံ့ထိတ်လန့်မှု ပြယ်စပြု‌နေ‌သော တိုင်းရင်းသားပြည်သူလူထုအတွက် မက်‌နေကျ အိပ်မက်ဆိုးကို ထပ်မက်‌စေရာ အပစ်ရပ်ကာလတွင်း မဖြစ်သင့်‌သော အ‌ခြေအ‌နေများသာ ဖြစ်‌နေ‌ပေသည်။

စက်တင်ဘာလ ၂၁ရက်‌နေ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်း‌ရေး‌နေ့တွင် ပြည်နယ်ပြည်မ မကျန် ငြိမ်းချမ်း‌ရေးလိုလားသည့် လှုပ်ရှား မှုများကို အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်‌နေခဲ့‌သော်လည်း မြန်မာပြည်၏ တိုင်းရင်းသား‌ဒေသများတွင် ပြည်သူလူထုမှာ ငြိမ်း ချမ်း‌ရေး‌ရောင်ခြည်ကို မဆိုထားနှင့် စိတ်ချခိုင်မာရ‌လောက်သည့် အပစ်ခတ်ရပ်စဲ‌ရေး ရလဒ်ကိုပင် ယုံကြည်ကိုးစား၍ မရနိုင်‌သေး ‌ပေ။ တိုင်းပြည်တွင်း ကြိမ်မီးအုံးချိန် မကင်း‌ဝေးသ‌ရွေ့ ပြည်သူလူထုမှာ ပဋိပက္ခကြား ‌သောကဗျာပါဒကို ရင်ဝယ်ပိုက်‌နေရသူများ ဖြစ်‌နေ‌ပေရာ ပြည်နယ်ပြည်မ‌ဒေသများ၌လည်း သခွတ်ပင်က မီးတကျီကျီ မဖြစ်သင့်‌ပေ။

ယင်းဖြစ်စဉ်များနှင့် တစ်ချိန်တည်း ရန်ကုန်မြို့၌ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲ‌ရေးဆိုင်ရာ ညှိနှိုင်း‌ရေးအဖွဲ့(NCCT)နှင့် အစိုးရ၏ ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေးလုပ်ငန်း‌ကော်မတီ(UPWC)တို့၏ ၆ကြိမ်‌မြောက် ‌ဆွေး‌နွေးပွဲကလည်း ခိုင်မာသည့် သ‌ဘောတူညီမှုရလဒ်ကို မရရှိနိုင်‌သေးဘဲ ဖြစ်‌နေသည်။ ဤအ‌နေအထားတွင် ‌အောက်‌ခြေရှိ နှစ်ဖက် တပ်ရင်းတပ်ဖွဲ့ဝင်များအ‌နေဖြင့်လည်း နယ်‌မြေတွင်း ယခင် မ‌ကျေလည်မှုများကို အမှိုက်ကစ ပြဿဒ်မီး‌လောင် မဖြစ်‌စေ ဘဲ ဥပ‌ဒေစိုးမိုးမှုရှိရှိဖြင့် တရားမျှတစွာ ‌စေတနာမှန်မှန် ထိန်းသိမ်းလုပ်‌ဆောင်သင့်ပါသည်။