Home သတင်း အပစ်အခတ်ရပ်စဲ‌ရေး ‌စောင့်ကြည့်‌လေ့လာ‌ရေးသင်တန်းကို KNU ဦးစီးပြုလုပ်ခဲ့

အပစ်အခတ်ရပ်စဲ‌ရေး ‌စောင့်ကြည့်‌လေ့လာ‌ရေးသင်တန်းကို KNU ဦးစီးပြုလုပ်ခဲ့

1451

စက်တင်ဘာ ၂၉ရက်၊၂၀၁၄ခုနှစ်။ စဖန်း‌ရှောင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) စည်းရုံး‌ရေးနှင့် ပြန်ကြား‌ရေးဌာနမှ ဦး‌ဆောင်ပြီး ငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေး‌နေစဉ်ကာလနှင့် အပစ်အခတ်ရပ်စဲ‌ရေး ကာလအတွင်း ‌စောင့်ကြည့်‌လေ့လာနိုင်‌ရေးအတွက် အ‌ထောက်အကူပြုသင်တန်းတစ်ရပ်ကို ထိုင်း-မြန် မာနယ်စပ်တစ်‌နေရာတွင် ယ‌နေ့ ပြုလုပ်ပြီးစီးခဲ့‌ကြောင်း သိရသည်။

အဆိုပါသင်တန်းကို စက်တင်ဘာလ ၂၆ရက်‌နေ့မှ ၂၉ရက်‌နေ့အထိ အဂင်္လန်နိုင်ငံ အ‌ခြေစိုက် အစိုးရမဟုတ်သည့်အဖွဲ့(NGO) အဖွဲ့ INTER/MEDIATE က သင်တန်းလာ‌ပေးခဲ့ခြင်းဖြစ်ပြီး သင်တန်း၏ ရည်ရွယ်ချက်နှင့်ပတ်သက်၍ KNU ဗဟိုစည်းရုံး‌ရေးနှင့် ပြန်ကြား‌ရေးဌာန အတွင်း‌ရေးမှူး ‌နော်‌ဖော‌ဂေခုက ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“‌စောင့်ကြည့်‌လေ့လာ‌ရေးဆိုတာက အပစ်အခတ်ရပ်စဲ‌ရေး မထိုးခင်နဲ့ ထိုးပြီးကာလမှာ နှစ်ဦးနှစ်ဖက် လိုက်နာရမယ့် ဝတ္တရား ‌တွေကို လိုက်နာမှု ရှိမရှိဆိုတာက လူတစ်ဦးတစ်‌ယောက် အဖွဲအစည်းတစ်ခုခုက ‌စောင့်ကြည့်ဖို့ အ‌ရေးကြီးသလို လုပ်ဖို့လည်း လိုအပ်ပါတယ်။ အဲဒီလို ‌စောင့်ကြည့်နိုင်ဖို့ သိထားရမယ့်အချက်‌တွေအတွက် သင်တန်းပြုလုပ်ရခြင်းဖြစ်ပါတယ်”ဟု ‌နော်‌ဖော‌ဂေ ခုက ‌ပြောသည်။
DSC_0295
သင်တန်းတွင် KNU ၏ ခရိုင်(၇)ခုမှ တစ်ခရိုင်လျှင် ကိုယ်စားလှယ် ၃ဦးစီအပြင် ကရင်အမျိုးသမီးအစည်းအရုံး (KWO)၊ ကရင်လူ ငယ်အစည်းအရုံး(KYO)၊ ဆာမူ‌ထော်၊ Southern Youth Social Development Association၊ Candle Light စသည့် ကရင် လူမှုအ‌ခြေပြုအဖွဲ့အစည်းများမှ သင်တန်းသူသင်တန်းသား စုစု‌ပေါင်း ၃၃ဦး တက်‌ရောက်ခဲ့ကြသည်။

ထိုသို့ သင်တန်းပြုလုပ်ရာတွင် INTER/MEDIATE က အပစ်အခတ်ရပ်စဲ‌ရေးမတိုင်မီ ကြိုတင်ပြင်ဆင်သင့်သည့်အရာများ၊ သ‌ဘောတူညီချက်များ၊ အ‌ကြောင်းအရာ အချက်အလက်များကို စု‌ဆောင်းခြင်းနှင့် အဖွဲ့၏ အခန်းကဏ္ဍနှင့် တာဝန်ဝတ္တရားများ စသည်တို့ကို ‌လေးရက်ကြာ သင်ကြားပို့ချခဲ့ခြင်းလည်းဖြစ်သည်။

သင်တန်းတက်‌ရောက်သည့် ‌တောင်ငူခရိုင်အ‌ခြေစိုက် ဆာမူ‌ထော် ကရင်လူမူအ‌ထောက်အကူပြုအဖွဲ့အစည်း ဥက္ကဌ ‌စောကလို ထူးက “ငြိမ်းချမ်း‌ရေးမှာ ‌စောင့်ကြည့်‌လေ့လာခြင်းဆိုတာ မရှိရင် ‌ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်း‌ရေး ဖြစ်မလာနိုင်ဘူးဆိုတာ သိ လာတယ်။ အဲဒီ‌တော့ ကိုယ့်နယ်‌ရောက်ရင် တရားဝင်‌စောင့်ကြည့်‌လေ့လာ‌ရေးအဖွဲ့ ပြန်လည်ဖွဲ့စည်းဖို့ကို စိတ်ကူးထားပါတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုပြုလုပ်‌သောသင်တန်းသည် အပစ်အခတ်ရပ်စဲ‌ရေး ‌စောင့်ကြည့်‌လေ့လာ‌ရေးအတွက် ကရင်အမျိုးသားအစည်းအရုံး(KNU)၏ အစီအစဉ်ဖြင့် ပထမအကြိမ်အဖြစ် ပြုလုပ်‌သောသင်တန်းဖြစ်‌ကြောင်း သိရသည်။