Home လူငယ့်အသံ လူငယ့်အမြင် လူငယ်များရဲ့ စကားလက်‌ဆောင်

လူငယ်များရဲ့ စကားလက်‌ဆောင်

1936

‌နော်ဆာမူခါး ၂၅နှစ်

ဝါသနာ ဥပ‌ဒေ
ပညာအရည်အချင်း ဥပ‌ဒေဘွဲ့ရ

ကျမက ဧရာဝတီတိုင်း ပုသိမ်မြို့မှာ ‌နေပါတယ်။ မိဘက‌တော့ သစ်လုပ်ငန်းနဲ့ လယ်လုပ်ပါတယ်။ ကျမမှာ ‌မွေးချင်း‌မောင်နှမ နှစ်‌ယောက်ရှိပါတယ်။ ကျမက အကြီးဆုံးပါ။ ပညာသင်တာက‌တော့ မူလတန်းက‌နေ ဆယ်တန်း‌အောင်တဲ့အထိ ပုသိမ်မြို့ အထက(၅)ပဲ တက်ခဲ့တယ်။ ၂၀၀၈ခုနှစ်မှာ ဆယ်တန်း‌အောင်ခဲ့တယ်။ ဆယ်တန်း‌အောင်ပြီး‌တော့ ပုသိမ်တက္ကသိုလ်မှာ ဥပ‌ဒေနဲ့ ‌ကျောင်းဆက်တက်ခဲ့တယ်။ ၂၀၁၂ခုနှစ်မှာ ဥပ‌ဒေဘွဲ့နဲ့ ‌ကျောင်းပြီးတယ်။ ၂၀၁၃ခုနှစ်မှာ‌တော့ ‌ရှေ့‌နေ လိုင်စင်ရပါတယ်။ ဒီ ၂၀၁၄ခုနှစ်မှာ‌တော့ မြန်မာနိုင်ငံ ခရစ်ယာန်အသင်း‌တော်များ‌ကောင်စီမှာ volunteer (‌စေတနာ့ဝန်ထမ်း)လုပ်‌နေပါတယ်။

ဥပ‌ဒေနဲ့ ပတ်သက်ပြီး အစက ကျမ သိပ်မသိ‌သေးဘူး။ ‌နောက်ပိုင်းကျ‌တော့ ကျမက ပုသိမ်မှာ‌နေပြီး အမျိုးသမီးကွန်ယက်မှာ အ လုပ်လုပ်ဖူးတယ်။ အလုပ်လုပ်ပြီး‌တော့ ဒီဥပ‌ဒေကို လုပ်ဖြစ်တာ အမျိုးသမီးက‌နေ စလာတယ်လို့ ‌ပြောလို့ရတယ်။ အမျိုးသမီး ‌တွေရဲ့ ဆင်းရဲနွမ်းပါမှု အဆင်မ‌ပြေမှု‌တွေနဲ့ ပတ်သက်ပြီး တချို့ဆို ဥပ‌ဒေအရ လိုအပ်လာတယ်။ ဥပ‌ဒေလိုအပ်တာ ဖြစ်လာတဲ့အ တွက် ‌နောက်ပိုင်း ကျမ ဒီဥပ‌ဒေနဲ့ ပတ်သက်ပြီး တက်ဖြစ်သွားတာပါ။ ကိုယ့်အတွက် အကျိုးရှိသလို သူများအတွက်လည်း အကျိုးပြုမယ်ထင်လို့ပါ။ ‌နောက်ပိုင်း ကျမ ဝါသနာ ပါလာတယ်။ အခုလက်ရှိမှာ‌တော့ ကရင်ဥပ‌ဒေကွန်ယက်တစ်ခုကို ဖွဲ့စည်း တည်‌ထောင်လိုက်တယ်။ ဥပ‌ဒေနဲ့ ‌ကျောင်းပြီးတဲ့လူငယ်‌တွေဟာ ဥပ‌ဒေနဲ့ ပတ်သက်ပြီး‌တော့ ပြန်ပြီး မလုပ်ဖြစ်ကြဘူး။ ဒါ ‌ကြောင့် ကျမရည်ရွယ်ချက်က လူငယ်‌တွေကို ဥပ‌ဒေနဲ့ ပတ်သက်ပြီး ပြန်ပြီး စိတ်ဝင်စားလာ‌အောင်၊ ဒုတိယတစ်ချက်က‌တော့ ကိုယ်တတ်တဲ့ အတတ်ပညာကို ကျမတို့ တိုင်းရင်းသားနဲ့ လူမျိုး‌တွေအတွက် အကျိုးပြုနိုင်‌အောင် ဖြစ်ပါတယ်။

လက်ရှိလူငယ်‌တွေကို ပထမဦးဆုံး ကျမ‌ပြောချင်တာက‌တော့ စာများများဖတ်ပါ။ ဗဟုသုတပိုင်းနဲ့ ပတ်သက်ပြီး‌တော့ ‌လေ့လာရ မယ်။ အတန်းပညာမရှိ‌ပေမယ့်လည်း အသိပညာ‌လေး‌တွေရှိလာမယ်ဆိုရင် အလုပ်လုပ်တဲ့ ‌နေရာမှာ အဆင်‌ပြေမယ်‌ပေါ့‌နော်။ ‌နောက်ပြီး ဥပ‌ဒေဆိုတာ ကိုယ်နဲ့ အားလုံး သက်ဆိုင်တယ်။ တချို့‌တွေက ထင်ကြတယ်။ အမျိုးသား‌ရေးလုပ်တယ်။ ဒီဥပ‌ဒေပိုင်းနဲ့ ပတ်သက်ပြီး‌တော့ ဥပ‌ဒေဆိုတာ သူတို့နဲ့ မဆက်နွယ်ဘူး။ ဥပ‌ဒေစာအုပ်ကို မဖတ်ချင်ဘူး။ အစိုးရကထုတ်တဲ့ ဥပ‌ဒေဆိုတာက ဥပ‌ဒေ‌ကျောင်းသားအတွက်ပဲ မဟုတ်ဘူး။ တိုင်းသူပြည်သူသား အားလုံးအ တွက်ဖြစ်‌ကြောင်း အဲဒီတစ်ချက်‌တော့ ‌ပြောချင်ပါ တယ်။