Home သတင်း နိုင်ငံ‌ရေးပါတီများ အကြို‌တွေ့ဆုံပွဲတွင် ဖက်ဒရယ်နှင့် ဒီမိုက‌ရေစီအ‌ကြောင်း PSDP အဆိုတင်သွင်းမည်

နိုင်ငံ‌ရေးပါတီများ အကြို‌တွေ့ဆုံပွဲတွင် ဖက်ဒရယ်နှင့် ဒီမိုက‌ရေစီအ‌ကြောင်း PSDP အဆိုတင်သွင်းမည်

1530

PSDP ဒုတိယ ဥက္ကဌ မန်း‌အောင်ပြည်စိုး

စက်တင်ဘာ ၁ဝ ရက်၊၂၀၁၄ခုနှစ်။ ‌စောညွန့်‌သောင်း

လာမည့် စက်တင်ဘာ ၁၃ရက်‌နေ့မှ ၁၄ ရက်အထိ ရန်ကုန်မြို့၌ ကျင်းပမည့် နိုင်ငံ‌ရေးပါတီများ ကြိုတင် ‌တွေ့ဆုံညှိနှိုင်းပွဲတွင် ဖက်ဒရယ်အ‌ရေးနှင့် ဒီမိုက‌ရေစီအ‌ရေးကို အဓိက အဆိုတင်သွင်းသွားမည်ဟု ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP)မှ ယမန်‌နေ့က ‌ပြောဆိုလိုက်သည်။

မြန်မာအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ချုပ်ဆိုသွားရန်ရှိသည့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲ‌ရေးစာချုပ် လက်မှတ်ထိုးပြီး‌နောက် နိုင်ငံ‌ရေး‌တွေ့ဆုံ‌ဆွေး‌နွေးပွဲပြုလုပ်လာသည့်အခါ နိုင်ငံ ‌ရေးပါတီများ တစ်သံတည်းထွက်နိုင်‌ရေးအတွက် ရည်ရွယ်၍ ယင်းကြိုတင်‌တွေ့ဆုံညှိနှိုင်းပွဲတွင် PSDP က ထိုသို့ အဆိုတင်သွင်းသွားမည်ဟု PSDP ဒုတိယ ဥက္ကဌ မန်း‌အောင်ပြည်စိုးက ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

“ကျ‌နော်တို့ ပါတီသ‌ဘောထားက‌တော့ မြန်မာနိုင်ငံတွင်ဖက်ဒရယ်စနစ်ကို ကျင့်သုံးဖို့ရယ်၊ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တို့အကြား နိုင်ငံ‌ရေး‌ဆွေး‌နွေးတဲ့အခါ အရပ်ဘက်လူမှုအဖွဲ့တို့ပါဝင်ဖို့နဲ့ မြန်မာ နိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုက‌ရေစီစနစ်ကို ကျင့်သုံးသွားဖို့ စတဲ့ ၃ချက် ပါဝင်တယ်။ ဒါကို အ‌ခြေခံပြီး အဆိုတင် မယ့် အချက်‌တွေပါ”ဟု မန်း‌အောင်ပြည်စိုးက ‌ပြောသည်။

မကြာမီ ပြုလုပ်သွားမည့် နိုင်ငံ‌ရေးပါတီများ အကြို‌တွေ့ဆုံညှိနှိုင်းပွဲသည် ဖြစ်‌မြောက်‌ရေးအတွက် တိုင်းရင်း သားညီ‌နောင်များ ဖက်ဒ‌ရေးရှင်း(NBF)၊ ဖက်ဒရယ်ဒီမိုက‌ရေစီ မဟာမိတ်(FDA)နှင့် တိုင်းရင်းသားစည်းလုံး ညီညွှတ်‌ရေး ပါတီ(NUP)တို့က စီစဉ်လုပ်‌ဆောင်ခဲ့ခြင်းဖြစ်သည်ဟု PSDP က ဆိုသည်။

အဆိုပါ နိုင်ငံ‌ရေးပါတီများ အကြို‌တွေ့ဆုံညှိနှိုင်းပွဲတွင် မြန်မာနိုင်ငံ တစ်ပြည်လုံးရှိ ဒီမိုက‌ရေစီအင်အားစု ပါတီများနှင့် တိုင်းရင်းသားနိုင်ငံ‌ရေးပါတီများ စုစု‌ပေါင်း ပါတီ ၆ဝ ‌ကျော်မှ ကိုယ်စားလှယ်များ တက်‌ရောက် ရန်ရှိပြီး ‌တွေ့ဆုံပွဲအတွင်း ပါတီတိုင်း အချက် ၃ချက် အဆိုတင်သွင်းခွင့်ရမည်ဟု သိရသည်။

ယင်းပြုလုပ်မည့် ‌တွေ့ဆုံပွဲနှင့်ပတ်သက်၍ ကရင်ပြည် နယ် တိုးတက်‌ရေးဒီမိုကရက်တစ်ပါတီ(KSDDP) တွဲဘက်အတွင်း‌ရေးမှူး ‌စောချစ်သန်းက “အဲဒီ ‌တွေ့ဆုံပွဲတက်ဖို့ အခုထိ ဖိတ်စာမရ‌သေးဘူး၊ ဖိတ်စာရရင် ‌တော့ တက်ဖြစ်မယ်။ တက်ဖြစ်မယ်ဆိုရင် အဓိက အဆိုတင်သွင်းမှာက‌တော့ ငြိမ်ချမ်း‌ရေးကိစ္စပါပဲ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ နိုင်ငံ‌ရေးပါတီများ အကြို‌တွေ့ဆုံညှိနှိုင်းပွဲ တက်‌ရောက်ရန် လက်ရှိ ကရင်ပြည်နယ်ရှိ ကရင်ဒီမို ကရက်တစ်ပါတီ(KDP)နှင့် ကရင်ပြည် နယ်တိုးတက်‌ရေးဒီမိုကရက်တစ်ပါတီ(KSDDP)တို့မှာ ဖိတ်စာ မရရှိ‌သေး‌ကြောင်း သိရသည်။

ညီ‌နောင်တိုင်းရင်းသားပါတီများ ဖက်ဒ‌ရေးရှင်း(NBF)မှ ဦး‌ဆောင်၍ ယခုလ စက်တင်ဘာ ၃ရက်‌နေ့၊ ရန်ကုန်မြို့ Green Hill Hotel ၌ ကျင်းပသည့် နိုင်ငံ‌ရေးပါတီ ၃၃ ပါတီ တက်‌ရောက်‌သော ‌တွေ့ဆုံ‌ဆွေး‌နွေး ပွဲတွင် နိုင်ငံ‌ရေးပါတီများ ကြိုတင်‌တွေ့ဆုံညှိနှိုင်းပွဲတစ်ရပ် ကျင်းပရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။