Home သတင်း မဲ‌ဆောက်မြို့ရှိ JAGUAR စတီးစက်ရုံရှိ မြန်မာစက်ရုံအလုပ်သမားများနှင့်အလုပ်ရှင်တို့ သ‌ဘောတူညီမှုရရှိ

မဲ‌ဆောက်မြို့ရှိ JAGUAR စတီးစက်ရုံရှိ မြန်မာစက်ရုံအလုပ်သမားများနှင့်အလုပ်ရှင်တို့ သ‌ဘောတူညီမှုရရှိ

1784

စက်တင်ဘာ ၉ ရက်၊ ၂၀၁၄ ခုနှစ်။ စဖန်း‌ရှောင်း

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်အတွင်းရှိ မဲ‌ဆောက်မြို့အနီး ‌ဝှေ့မုရွာအ‌ခြေစိုက် JAGUAR စတီးစက်ရုံရှိ မြန်မာစက်ရုံအလုပ်သမားများနှင့် အလုပ်ရှင်တို့သည် အလုပ်လုပ်ချိန်တိုးမြှင့်ခြင်းအပါအဝင် အချက် (၆)ချက်ပါ သ‌ဘောတူညီမှုတစ်ရပ်ကို ယ‌နေ့၌ နှစ်ဖက်စာချုပ်ချုပ်ဆိုနိုင်ခဲ့‌ကြောင်း သိရသည်။

အဆိုပါစတီးစက်ရုံရှိ မြန်မာအလုပ်သမား ၈ဝ ဦးက အလုပ်ချိန် အပြည့်အဝ မရရှိသဖြင့် မဲ‌ဆောက် ထိုင်းအလုပ် သမားရုံး(ဆဝါဒီကန်)ရုံးသို့ ဩဂုတ် ၂၉ ရက်‌နေ့က မဲ‌ဆောက်အ‌ခြေစိုက် မြန်မာပြည်သားများအ‌ရေး ပူးတွဲ လှုပ်ရှားမှု‌ကော်မတီ (JACBA)၏ အကူအညီဖြင့် တိုင်ကြားမှုပြုလုပ်ခဲ့ပြီး‌နောက် ယခုလို ‌ပြေလည်သွားခြင်းဖြစ် သည်ဟု JACBA အဖွဲ့က ‌ကေအိုင်စီသို့ ‌ပြောသည်။

JACBA ဥက္ကဌဖြစ်သူ ဦးမိုးကြိုးက “အလုပ်ရှင်နဲ့ အလုပ်သမား‌တွေမှာလည်း ကိုယ်စီအခက်အခဲ‌တွေရှိကြတယ်။ ဒီ‌နေ့စာချုပ်အားဖြင့် ‌ပြောရရင်‌တော့ ၈ဝ ရာခိုင်နှုန်း‌လောက် ‌အောင်မြင်ပါတယ်။ အဓိက အလုပ်သမား‌တွေ ‌တောင်းဆိုတဲ့ အလုပ်လုပ်ချိန် တိုးမြှင့်‌ပေးတဲ့အတွက် အလုပ်သမား‌တွေဘက်ကလည်း အဆင်‌ပြေသွားတယ်”ဟု ‌ပြောဆိုသည်။

ထိုသို့ နှစ်ဖက်သ‌ဘောတူညီချက်များမှာ အလုပ်လုပ်ချိန်ကို တစ်ပတ်လျှင် ၅ ရက်တိုးမြှင့်‌ပေးခြင်း၊ ‌နေ့စားခနှုန်း ဘတ် ၃၀ဝ ကို ပုံမှန်နှုန်းထားအတိုင်း‌ပေးခြင်း၊ အချိန်ပိုဆင်းရပါက တစ်နာရီ ဘတ် ၅၆ ဘတ်နှုန်းနှင့် မလိုလား အပ်‌သော လစာဖြတ်‌တောက်မှုများကို မပြုလုပ်ရန် စသည့် အချက်များကိုသ‌ဘောတူခဲ့သည်ဟု ဦးမိုးကြိုးက ဆက်‌ပြောသည်။

စာချုပ်ချုပ်ဆိုနိုင်ခဲ့သည့်အ‌ပေါ် စက်ရုံအလုပ်သမားကိုယ်စားလှယ်ဖြစ်သူ ကိုတင်စိုးလွင်က “အရင်က တစ်ပတ်ကို သုံးရက်ပဲ အလုပ်လုပ်ရ‌တော့အဆင်မ‌ပြေဘူး‌လေ။ အဓိက‌တော့ အလုပ်ချိန်ပိုလုပ်ရတဲ့အတွက် အဆင်‌ပြေသွားတာ‌ပေါ့။ အခုဒီ‌နေ့ချုပ်လာခဲ့တဲ့ စာချုပ်အ‌ကြောင်းကိုလည်း ကျန်တဲ့သူ‌တွေ နားလည်‌အောင် ပြန်ရှင်းပြဖို့ရှိတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းအပြင် ဘန်‌ကောက်ရှိ အဆိုပါစက်ရုံခွဲသို့ သွား‌ရောက်အလုပ်လုပ်မည်ဆိုပါက တစုံတရာ ‌နှောင့်ယှက် ဟန့်တားခြင်းမပြုလုပ်ရန်နှင့် အလုပ်လုပ်ခွင့်လက်မှတ် လုံးဝ မရှိသူများအား လစဉ်သင့်‌လျော်‌သော နှုန်းထား များဖြင့် ဖြတ်‌တောက်သွားရန်စသည့်အချက်များကို စာချုပ်တွင် ပါရှိ‌ကြောင်း သိရသည်။

အဆိုပါစတီးပစ္စည်းထုတ်လုပ်သည့် စက်ရုံတွင် ထိုင်းနှင့်မြန်မာအလုပ်သမား‌ပေါင်း ၁၀ဝ ခန့်ရှိသည့်အနက် ထိုင်း အလုပ်သမား ၂ဝဦးကိုသာ အလုပ်ချိန်အပြည့် လုပ်ခွင့်‌ပေးထားပြီး မြန်မာအလုပ်သမားများအ‌နေဖြင့် အလုပ် လုပ်ချိန်အပြည့် အလုပ်လုပ်ချိန် အပြည့်အဝမရသည်မှာ လွန်ခဲ့သည့် ၄ လကပင် ဖြစ်သည်ဟု JACBA က ‌ပြောဆိုထားသည်။

ယ‌နေ့စာချုပ်ချုပ်ဆိုရာတွင် အလုပ်ရှင်ကိုယ်စားလှယ် ၂ ဦးအပါအဝင် အလုပ်သမားကိုယ်စားလှယ်များဖြစ်ကြ သည့် ကိုပိုင်ထက်၊ ကိုတင်စိုးလွင်၊ ကို‌ကျော်ဝင်း‌အောင်၊ ကိုလှနိုင်၊ ကို‌နေလင်းထွန်း၊ ကိုဝင်းလှိုင်၊ ကိုမင်းသူ၊ မဖြူဖြူလွင်၊ ထိုင်းအလုပ်သမားဝန်ကြီးဌာနရုံး၊ မဲ‌ဆောက်ခရိုင်ခွဲ အလုပ်သမားကြီးကြပ်ကာကွယ်‌ရေးရုံး(LPO-ဆဝါဒီကန်)ရုံးမှ ဦးစီးဖွဲ့စည်းထားသည့် အလုပ်ရှင်နှင့် အလုပ်သမားညှိနှိုင်းဆက်ဆံ‌ရေး‌ကော်မတီဝင်များ တက်‌ရောက်ခဲ့ကြသည်ဟု သိရသည်။

မဲ‌ဆောက်‌ဒေသရှိ JAGUAR စတီး စက်ရုံသည် စတီးဇွန်းနှင့်စတီးပန်းကန်များကို အဓိကထားကာ ထုတ်သည့် စက်ရုံဖြစ်ပြီး ၈နှစ်အတွင်း အလုပ်ရှင်နှင့် အလုပ်သမားများအကြား တင်းမာမှု(၁၀)ကြိမ် ဖြစ်ပွားခဲ့ပြီး ထိုသို့ ဖြစ်ပွားခြင်းအတွက် ထိုင်းအလုပ်သမားရုံးမှ ‌ဖြေရှင်း‌ပေးရသည်မှာ ယခုအကြိမ်ဆိုလျှင် ၆ ကြိမ်ရှိပြီဖြစ်‌ကြောင်း သိရသည်။