Home သတင်း မ‌လေးရှားကုမ္ပဏီနှင့် ဇွဲကပင်‌တောင် ‌ကေဘယ်ကား စီမံကိန်း အ‌ကောင်အထည်‌ဖော်မှု ရပ်ဆိုင်း

မ‌လေးရှားကုမ္ပဏီနှင့် ဇွဲကပင်‌တောင် ‌ကေဘယ်ကား စီမံကိန်း အ‌ကောင်အထည်‌ဖော်မှု ရပ်ဆိုင်း

3349

စက်တင်ဘာ ၂၆ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ချောင်‌ဖော့

ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ ဇွဲကပင်‌တောင်‌ပေါ်သို့ ‌ကောင်းကင်ရထား(‌ကေဘယ်ကား)ဖြင့် တက်နိုင်ရန် မ‌လေးရှားနိုင်ငံမှ SMET SDA BHD ကုမ္ပဏီနှင့် စီစဉ်‌ဆောင်ရွက်လျှက်ရှိသည့် စီမံကိန်း အ‌ကောင်အထည်‌ဖော်မှုကို ရပ်ဆိုင်းလိုက်ပြီးဖြစ်‌ကြောင်း ဇွဲက ပင်‌တောင် ဆရာ‌တော်ဘဒ္ဒ န္တကဝိဓဇ က စက်တင်ဘာလ ၂၄ရက်‌နေ့၌ ‌ကေအိုင်စီသို့ မိန့်ကြားသည်။

“ဦးဇင်းတို့ အစက မ‌လေးရှားကုမ္ပဏီနဲ့ လုပ်မယ်‌ပေါ့။ ပီနန်ဆရာ‌တော်ကြီးရဲ့ ဒကာ‌တွေ‌ပေါ့။ ဒါ‌ပေမယ့် ဆရာ‌တော်ကြီးက မဟာ သန္တိသုခ‌ကျောင်းနဲ့ ပတ်သက်ပြီး‌တော့ သူလည်း နိုင်ငံခြားကို ပြန်သွားတယ်။ သူ့‌ကျောင်းကိုလည်း ‌နောက်မှာ ဝင်သိမ်းခံရ‌တော့ အ‌ကြောင်းပြဿနာ‌တွေနဲ့ဆို‌တော့ သူ့ကို သိပ်အပူမထား‌တော့ဘူး‌လေ။ ဒါ‌ကြောင့် မ‌လေးရှားကုမ္ပဏီနဲ့ မလုပ်‌တော့ဘဲ အခု ဂျပန်နဲ့လုပ်ဖို့ ဆက်သွယ်‌နေတယ်”ဟု ဆရာ‌တော် ဘဒ္ဒ န္တကဝိဓဇ က မိန့်ကြားသည်။

ဇွဲကပင်‌တောင်‌အောက်မှ အ‌ပေါ်သို့ အလျင်အမြန် အတက်အဆင်းလုပ်နိုင်ရန် မ‌လေးရှားကုမ္ပဏီမှ ‌ကောင်းကင် ရထားတပ်ဆင် ‌ရေးအတွက် ‌မြေတိုင်းတာခြင်း၊ ‌မြေတူးခြင်း၊ ‌မြေစမ်းခြင်း၊ ပုံစံများထုတ်ခြင်း လုပ်ငန်းများ လုပ်‌ဆောင်ထားသည့်အတွက်‌ကြောင့် မ‌လေးရှားကုမ္ပဏီကို ကျပ်သိန်း ၅၀ဝ ‌ပေးထားလိုက်ပြီးဖြစ်ကာ တပ်ဆင်‌ရေးအဆင့်ကိုမူ မလုပ်ဖြစ်ခဲ့‌ကြောင်း ဆရာ‌တော်က ဆက်လက်မိန့်ကြားသည်။

အမည်မ‌ဖော်လိုသူ ဒုံရင်း‌ဒေသခံရွာသူက “ဒီစီမံကိန်းဟာ လုပ်မယ်ဆိုပြီး အလှူခံ‌နေ၊ ‌ငွေ‌ကောက်‌နေတာ နှစ်နဲ့ချီ‌နေပြီ။ အခုကျ ‌တော့ ကုမ္ပဏီ‌ပြောင်းသွားတယ်ဆို‌တော့ ‌နောက်ထပ်လည်း ထပ်‌ပြောင်းအုံးမလား စိုးရိမ်ရတယ်။ လှူဒါန်းသူ‌တွေဆီက ‌ကောက်ခံ ‌ငွေကို အ‌ကောင်အထည်မ‌ဖော်‌ပေးနိုင်ရာကျတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် SMET SDA BHD ကုမ္ပဏီမှ ဇွဲကပင်‌တောင် ‌ကောင်းကင်ရထား တပ်ဆင်‌ရေးစီမံကိန်း ရပ်ဆိုင်းပြီး‌နောက် ယခုနှစ်၊ ဇူလိုင်လက ဂျပန်အစိုးရမှ တာဝန်ရှိသူအချို့က ဇွဲကပင်‌တောင် ဆရာ‌တော် ဦးဘဒ္ဒ န္တကဝိဓဇထံ လာ‌ရောက်ကာ ‌မြေ‌နေရာ ကြည့်ရှုခဲ့ပြီး စီမံကိန်း ဆက်လုပ်ရန် ကုန်ကျစရိတ်အတွက် စိုက်ထား‌ပေးကာ နှစ် ၃ဝအတွင်း အရစ်ကျ ပြန်လည်‌ပေးဆပ်ရမည် ဖြစ်‌ကြောင်းနှင့် အကြမ်းအားဖြင့် ကုန်ကျစရိတ်ကို တွက်ထားသည်မှာ ‌ဒေါ်လာ ၁၃သန်းကုန်ကျမည်ဖြစ်သည်ဟု သိရသည်။

လာမည့် ‌အောက်တိုဘာလအတွင်း ဂျပန်နိုင်ငံ အစိုးရမှ လုပ်ငန်း‌ဖော်‌ဆောင်မည့်သူများ ဇွဲကပင်‌တောင်သို့ ‌ရောက်ရှိလာပါက ‌ကောင်းကင်ရထား ဆက်လက်လုပ်‌ဆောင်မည့် အ‌သေးစိတ်လုပ်ငန်း အချက်အလက်များကို သိရှိရမည်ဟု ဆရာ‌တော်ဘဒ္ဒ န္တ ကဝိဓဇက မိန့်ကြားသည်။

လက်ရှိတွင် ‌ကောင်းကင်ရထားစီမံကိန်းအတွက် ‌ကောက်ခံရရှိထားသည့် အလှူခံ‌ငွေ စုစု‌ပေါင်းမှာ ကျပ်သိန်း သုံး‌ထောင်ရှိ‌နေပြီး မ‌လေးရှား SMET SDA BHD ကုမ္ပဏီနှင့် ‌ကောင်းကင်ရထား တပ်ဆင်ရန် စီစဉ်ခဲ့စဉ်က ‌ဒေါ်လာ ၂၂သန်းကုန်ကျမည်ဖြစ်သည် ဟု ခန့်မှန်းထားခဲ့သည်။

ဖားအံမြို့‌တောင်ဘက် ၇မိုင်အကွာရှိ ဇွဲကပင်‌တောင်သည် ပင်လယ်‌ရေမျက်နှာပြင်အထက် ၂၇၃၄‌ပေမြင့်ပြီး ‌တောင်နှင့်‌မြောက် မိုင် ၂ဝခန့်မျှ သွယ်တန်းရှည်လျားကာ ‌ခြေလျင်ဖြင့် ‌တောင်တက်‌တောင်ဆင်း ၃နာရီ‌ကျော်ကြာ သွားရသည်။ ဇွဲကပင်‌တောင် တွင် ‌ကောင်းကင်ရထားတပ်ဆင်‌ရေး စီမံကိန်းကို မ‌လေးရှားနိုင်ငံမှ ပီနန်ဆရာ‌တော်၊ ဇွဲကပင်ဆရာ‌တော်နှင့် ရန်ကုန်မြို့၊ သာသ နာ့‌ဇေယျမဂင်္လာ(သုံးထပ်‌ကျောင်း) ဆရာ‌တော်သုံးပါးက ကြီးမှူးပြီး ၂၀၁၃ခုနှစ်၊ ‌အောက်တိုဘာလက စီစဉ်‌ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။