Home သတင်း ပထမဆုံးအကြိမ် ‌တောင်သူလယ်သမားများ ညီလာခံ ကျင်းပ

ပထမဆုံးအကြိမ် ‌တောင်သူလယ်သမားများ ညီလာခံ ကျင်းပ

1779

စက်တင်ဘာ ၁၉ရက်၊ ၂၀၁၄ခုနှစ်။ ‌စောညွှန့်‌သောင်း

မြန်မာနိုင်ငံ ‌တောင်သူလယ်သမားများနှင့် စိုက်ပျိုး‌ရေးအလုပ်သမားများ သမဂ္ဂအဖွဲ့ချုပ်မှ ဦးစီး၍ ပထမဆုံးအကြိမ် ‌တောင်သူ လယ်သမားများ ညီလာခံတစ်ရပ်ကို ကရင်ပြည်နယ်၊ ဖားအံမြို့နယ် ‌ထောင်ဝိဘုန်း‌တော်ကြီး‌ကျောင်း၌ စက်တင်ဘာလ ၁၇ရက် ‌နေ့က ကျင်းပခဲ့သည်။

ယခု ညီလာခံသည် ‌တောင်သူလယ်သမား အလုပ်သမားများ၏ အကျိုးစီးပွားရရှိရန်၊ တစ်ဦးချင်းစီ ဝင်‌ငွေတိုးရန်နှင့် မိမိတို့ နစ်နာဆုံးရှုံးမှုများကို လုပ်ငန်းရှင်နှင့် အလုပ်သမားများအား ညှိနှိုင်းကူညီ‌ပေးရန် ရည်ရွယ်ပြီး ကျင်းပရခြင်းဖြစ်သည်ဟု မြန်မာ နိုင်ငံ ‌တောင်သူလယ်သမားနှင့် စိုက်ပျိုး‌ရေးအလုပ်သမားများ သမဂ္ဂအဖွဲ့ချုပ်မှ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ကိုဇာနည်‌သွေးက ‌ကေအိုင်စီသို့ ‌ပြောသည်။

ကိုဇာနည်‌သွေးက “ဒီညီလာခံဟာ ကရင်ပြည်နယ်မှာ ပထမဆုံးအကြိမ် လုပ်တဲ့ ‌တောင်သူလယ်သမားများ ညီလာခံဖြစ်တယ်။ ပြီး‌တော့ ဒီညီလာခံ မှာ ပြည်နယ်အဆင့် ‌တောင်သူလယ်သမား ‌ကော်မတီတစ်ရပ်ကိုလည်း ဖွဲ့စည်းနိုင်ခဲ့တယ်”ဟု ‌ပြောဆိုသည်။

ဖားအံ၊ ‌ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးနှင့် လှိုင်းဘွဲမြို့နယ်များမှ ‌ဒေသခံ ‌တောင်သူလယ်သမား စုစု‌ပေါင်း ၁၀၀‌ကျော် တက် ‌ရောက်ခဲ့ကြသည့် ၎င်းညီလာခံတွင် လက်ရှိ မြန်မာနိုင်ငံ ‌ရေရှည်တိုးတက်လာ‌ရေးအတွက် ဖွံ့ဖြိုး‌ရေးလုပ်‌ဆောင်သည့် အချိန်ကာ လတွင် အစိုးရ၊ လုပ်ငန်းရှင်နှင့် ပြည်သူလူထုများ စု‌ပေါင်း၍ မူဝါဒ ချမှတ်နိုင်ပါက ပိုမိုထိ‌ရောက်သည့် အကျိုး‌ကျေးဇူးများ ရရှိ မည်ဖြစ်‌ကြောင်းလည်း အဆိုပါသမဂ္ဂအဖွဲ့ချုပ်က ဆိုသည်။

“ဒီညီလာခံလုပ်ခြင်းအားဖြင့် အများကြီး အကျိုးရှိပါတယ်။ ‌တောင်သူလယ်သမားအ‌ရေးနဲ့ ပတ်သက်လာရင် တစ်ဦး‌ပြောတာ ထက် စု‌ပေါင်းပြီး အများနဲ့‌ပြောရင် ပိုပြီး ထိ‌ရောက်တာ‌ပေါ့။ ဒါ့အပြင် ကိုယ်ပိုင်တဲ့‌မြေ‌ပေါ်မှာ နည်းပညာရှင်‌တွေကို‌ခေါ်ပြီး လုပ်ကိုင် မယ်။ အပြန်အလှန် ဝိုင်းကူကြမယ်ဆိုရင် အဖိနှိပ်ခံ အနိုင်ကျင့်ခံရတဲ့ ဘဝမှ လွတ်‌မြောက်နိုင်မယ်”ဟု ညီလာခံတက်‌ရောက်သူ လယ်သမား မန်းထွန်း‌ဝေက ‌ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၁၂ခုနှစ် နိုင်ငံတကာအလုပ်သမားအဖွဲ့(ILO)မှ ပြဋ္ဌာန်းချက်အမှတ်(၈၇)အရ နိုင်ငံ‌တော်က လွတ်လပ်သည့် လယ်သမား၊ အလုပ်သမားများအဖွဲ့ ဖွဲ့စည်းခွင့်ဆိုင်ရာကို လက်မှတ်‌ရေးထိုးပြီး‌နောက် နိုင်ငံ‌တော်၏ ဥပ‌ဒေ၊ နည်းဥပ‌ဒေအတိုင်း မြန်မာနိုင်ငံ ‌တောင်သူလယ်သမားနှင့် စိုက်ပျိုး‌ရေးအလုပ်သမားများ သမဂ္ဂအဖွဲ့ချုပ်ကို ‌ကျေးလက်၊ မြို့နယ်၊ ပြည်နယ်၊ တိုင်း‌ဒေ သကြီးတို့မှ အဆင့်ဆင့် ဖွဲ့စည်းထား‌သော လွတ်လပ်သည့်အဖွဲ့တစ်ခု ဖြစ်သည်။