Home သတင်း နယ်စပ်ရှိ အလုပ်သမားများ ခရီးသွား‌ထောက်ခံစာအတွက် မဲ‌ဆောက်မြို့တွင် လုပ်နိုင်ပြီ

နယ်စပ်ရှိ အလုပ်သမားများ ခရီးသွား‌ထောက်ခံစာအတွက် မဲ‌ဆောက်မြို့တွင် လုပ်နိုင်ပြီ

1558

စက်တင်ဘာ ၂၅ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ထိုင်း-မြန်မာနယ်စပ်ရှိ အလုပ်သမားများအတွက် ခရီးသွား‌ထောက်ခံစာလက်မှတ်ကို တာ့ခ်ခရိုင် ၃မြို့နယ်အတွက် ထိုင်းနိုင်ငံ ဘန်‌ကောက်မြို့ရှိ မြန်မာသံရုံးသို့ ကိုယ်တိုင်သွားလုပ်စရာမလို‌တော့ဘဲ ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်မြို့တွင် စတင်လုပ်‌ပေး‌နေ ပြီဖြစ်သည်။

အဆိုပါ‌ထောက်ခံစာကို ယခင်အလုပ်သမားကဒ် ကိုင်‌ဆောင်ထားသူဖြစ်‌စေ၊ ယခုလက်ရှိပြုလုပ်သည့် အလုပ်သမားကဒ် ကိုင် ‌ဆောင်ထားသူဖြစ်‌စေ အပြည့်အစုံ ကိုင်ထားသူများအတွက် မည်သူမဆို မဲ‌ဆောက်မြို့ One Stop Service ရုံးတွင် ‌ထောက်ခံစာ သွားလုပ်နိုင်ပြီဖြစ်သည်ဟု မဲ‌ဆောက်မြို့တွင် တာဝန်ခံလုပ်‌ပေးသည့် မြန်မာပြည်သားများအ‌ရေး ပူးတွဲလှုပ်ရှားမှု‌ကော်မတီ (JACBA)မှ ဦးမိုးကြိုးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“‌ထောက်ခံစာလုပ်ဖို့ အလုပ်သမား အ‌ထောက်အထားကဒ်ပြည့်စုံရှိရမယ်။ ‌နောက်ပြီး ONE STOP SERVICE ရုံးမှာ ‌ထောက်ခံစာ လက်မှတ်အတွက် ပုံစံ‌လျှောက်လွှာမှာ မိမိရဲ့ ကိုယ်‌ရေးရာဇဝင် အချက်အလက် အကုန်ဖြည့်ရမယ်။ အဲဒါကို စစ်‌ဆေးပြီး‌တော့ ထိုင်းနိုင်ငံ မြန်မာသံရုံးမှာပို့လိုက်မယ်။ အဲဒီက တံဆိပ်တုံးရိုက်ပြီး ပို့လာမယ်။ အဲဒါကိုရပြီး ထိုင်းနိုင်ငံဘယ်‌နေရာမဆို လွတ်လပ် စွာ သွားလို့ရပြီ။ မြန်မာပြည်ကိုလည်း ဘယ်အတားအဆီးမှ မရှိဘဲ လွတ်လပ်စွာ ပြန်လို့ရပြီ”ဟု ဦးမိုးကြိုးက ‌ပြောသည်။

ယင်း‌ထောက်ခံစာမှာ နှစ်မျိုးသုံးနိုင်မည်ဖြစ်ပြီး ခရီးသွား‌ထောက်ခံစာတစ်မျိုးနှင့် ပတ်စ်ပို့လုပ်ရန် မြန်မာပြည်သို့ အိမ်‌ထောင်စုစာ ရင်း မရှိသူများနှင့် မှတ်ပုံတင် မရှိသူများအတွက် ၎င်းတို့‌နေရပ် လဝကရုံးသို့ သွားပြန်လုပ်လျှင် ပြနိုင်သည့် ‌ထောက်ခံချက်တစ် မျိုးလည်း အသုံးဝင်မည်ဖြစ်သည်ဟု သိရသည်။

မဲ‌ဆောက်မြို့ရှိ အလုပ်သမားကဒ် ကိုင်‌ဆောင်ထားသည့် မဝင်းမာက “မဲ‌ဆောက်မှာပဲ ‌နေတယ်ဆို‌တော့ မဲ‌ဆောက်မှာ လုပ်‌ပေး တာ‌တော့ ‌ကောင်းတာ‌ပေါ့။ ဘန်‌ကောက်မြန်မာသံရုံးအထိ သွားလုပ်ရမယ်ဆိုရင် ပိုက်ဆံမကုန်‌ပေမယ့်လည်း သွားစရိတ် လာစ ရိတ်က အများကြီးကုန်အုံးမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အလုပ်သမားများ ‌ထောက်ခံစာအတွက် တာ့ခ်ခရိုင်တွင် ပြုလုပ်‌ပေးသည့် တာဝန်ခံများသည် ထိုင်းနိုင်ငံရှိ မြန်မာသံရုံးနှင့် မြန်မာ နိုင်ငံ အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံ‌ရေးဝန်ကြီးဌာနတို့ ပူး‌ပေါင်း၍ ကွင်းဆင်းလုပ်‌ဆောင်‌ပေးလျှက်ရှိသည်ဟု သိရသည်။

ထိုသို့ ‌ထောက်ခံစာပြုလုပ်ရန်အတွက် တာ့ခ်ခရိုင် မဲ‌ဆောက်မြို့ အပါအဝင် ဖုတ်ဖရနှင့် မယ်လမု စသည့်မြို့နယ် ၃မြို့နယ်ရှိ် စက်ရုံ အလုပ်ရုံ အလုပ်သမားများနှင့် ကိုယ်ပိုင်အလုပ်လုပ်ကိုင်သည့် အ‌ထောက်အထားရှိသူ အားလုံး One Stop Service ရုံးသို့ အခ ‌ကြေး‌ငွေ မလိုဘဲ သွား‌ရောက်ပြုလုပ်နိုင်ပြီဖြစ်သည်။