Home သတင်း ထိုင်းနိုင်ငံလုံး အတိုင်းအတာဖြင့် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားကွန်ရက် ဖွဲ့စည်း

ထိုင်းနိုင်ငံလုံး အတိုင်းအတာဖြင့် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားကွန်ရက် ဖွဲ့စည်း

1437

စက်တင်ဘာ ၂၃ရက်၊ ၂၀၁၄ခုနှစ်။ စဖန်း‌ရှောင်း

ထိုင်းနိုင်ငံအတွင်း ‌ဒေသအသီးသီးရှိ ‌ရွှေ့‌ပြောင်းအလုပ်သမားအ‌ရေး ‌ဆောင်ရွက်‌နေကြသည့် အဖွဲ့အစည်းများ စု‌ပေါင်း၍ ထိုင်း နိုင်ငံလုံးဆိုင်ရာ မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားကွန်ရက်ကြီး(Myanmar Migrants Network Thailand-MMNT)ကို ဘန် ‌ကောက်မြို့တွင် စက်တင်ဘာလ ၂ဝရက်‌နေ့က ဖွဲ့စည်းခဲ့သည်။

အဆိုပါကွန်ရက်ကြီးတွင် ‌ရွှေ့‌ပြောင်းအလုပ်သမားအ‌ရေး ‌ဆောင်ရွက်သည့် အစိုးရမဟုတ်‌သောအဖွဲ့အစည်း(NGO)များ၊ လူထု အ‌ခြေပြုအဖွဲ့အစည်း(CBO)များနှင့် အလုပ်သမားအဖွဲ့အစည်း‌ပေါင်း(၈၀)ဖြင့် ဖွဲ့စည်းခဲ့‌ကြောင်း လက်ရှိ ကွန်ရက်၏ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူးအဖြစ် ‌ရွေးချယ်ခံရသူ ဦးမိုးကြိုးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ထိုင်းနိုင်ငံမှာ ဒီလိုအဖွဲ့စုံပါဝင်တဲ့ ကွန်ရက်တစ်ခုဖွဲ့နိုင်တာ ပထမဆုံးပါပဲ။ ထိုင်းနိုင်ငံမှာ ‌ဒေသကြီးအသီးသီးက မိမိနည်း၊ မိမိဟန် နဲ့ လှုပ်ရှား‌နေကြတဲ့ မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား အဓိကထားတဲ့အဖွဲ့‌တွေကို တစ်‌နေရာတည်းမှာ စည်းမျဉ်းသတ်မှတ်ပြီး ဖွဲ့ စည်းလိုက်တာပါ”ဟု ‌ပြောဆိုသည်။

ကွန်ရက်ဖွဲ့စည်းလိုက်ခြင်းအားဖြင့် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားအ‌ရေးကို ပိုမိုလုပ်‌ဆောင်နိုင်မည်ဖြစ်သလို ထိုင်းနိုင်ငံရှိ လူမှုအ သိုင်းအဝိုင်း၏ စနစ်နှင့် ဥပ‌ဒေများကို ပူး‌ပေါင်း‌ဆောင်ရွက်မှု ပြုလုပ်သည်အခါ ပိုမို ထိ‌ရောက်လာနိုင်မည်ဖြစ်‌ကြောင်း ဦးမိုးကြိုး က ဆက်‌ပြောသည်။

ယင်းကွန်ရက်ဖွဲ့စည်းခဲ့သည့် အစည်းအ‌ဝေးတွင် ထိုင်းနိုင်ငံအလယ်ပိုင်း‌ဒေသကြီး၊ ‌တောင်ပိုင်း‌ဒေသကြီး၊ ‌မြောက်ပိုင်း‌ဒေသကြီး အတွင်းရှိ ခရိုင်များရှိ NGO၊ CBO၊ အလုပ်သမားအဖွဲ့အစည်း စသည့်အဖွဲ့များမှ ကိုယ်စားလှယ်‌ပေါင်း ၄၀‌ကျော်တက်‌ရောက်ခဲ့ကြ ရာ ၎င်းအထဲမှ ဗဟိုအလုပ်အမှု‌ဆောင်‌ကော်မတီ(CEC ) ၁၂ဦး၊ အရံ‌ကော်မတီဝင် ၃ဝဦးတို့ဖြင့် ဖွဲ့စည်းခဲ့ကြခြင်းဖြစ်သည်။

ရခိုင်အလုပ်သမားလှုပ်ရှားမှုအဖွဲ့( ALC) တာဝန်ခံ ကို‌အောင်‌အောင်က “အရင်က မဟာချိုင်မှာ ဖြစ်တဲ့ပြဿနာက မဲ‌ဆောက်ကို ‌ရောက်လာတယ်။ ဘယ်လိုမှ မသွားနိုင်ဘူး။ မချိတ်ဆက်နိုင်ဘူး ဖြစ်‌နေတယ်။ ကွန်ရက်ကို ဖွဲ့စည်းလိုက်မယ်ဆိုရင် တစ်‌နေရာမ ဟုတ် တစ်‌နေရာ ဒီပြဿနာကို ဆက်စပ်ပြီး ‌ဖြေရှင်းနိုင်သွားမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကွန်ရက်အဖွဲ့ဝင်များအ‌နေဖြင့် မိမိတို့သက်ဆိုင်ရာ နယ်‌မြေ‌ဒေသအတွင်းရှိ အလုပ်သမားများ၏ အလုပ်သမား‌ရေး၊ ကျန်းမာ‌ရေး၊ ပညာ‌ရေး၊ လူမှု‌ရေး စသည်တို့ကို တတ်စွမ်းသမျှ ကူညီလုပ်‌ဆောင်သွားရမည်ဖြစ်ပြီး ထိုင်း-မြန်မာ နှစ်နိုင်ငံမှ အာဏာပိုင်အဖွဲ့အ စည်းများနှင့် ဆက်စပ်လုပ်‌ဆောင်သွားမည်ဖြစ်သည်ဟု သိရသည်။

လက်ရှိ ဖွဲ့စည်းလိုက်သည့် ထိုင်းနိုင်ငံလုံးဆိုင်ရာ မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားကွန်ရက်ကြီးကို ဦး‌ဆောင်မည့် ဗဟိုအလုပ်အမှု ‌ဆောင်များကို မဲစနစ်ဖြင့် ‌ရွေးချယ်ခဲ့ကြပြီး အဖွဲ့ဝင်များအ‌နေဖြင့် တနှစ်လျှင်တစ်ကြိမ် ကွန်ရက်ညီလာခံ ပြုလုပ်ရန်နှင့် ယင်းညီ လာခံမှ အမှု‌ဆောင်အသစ်များကို ထပ်မံ ‌ရွေးချယ်သွားမည်ဖြစ်သည်ဟု ဦးမိုးကြိုးက ဆိုသည်။

ကွန်ရက်ဖွဲ့စည်းနိုင်ရန်အတွက် ပထမဆုံးအကြိမ် အလုပ်ရုံ‌ဆွေး‌နွေးပွဲတစ်ခုကို ဘန်‌ကောက်မြို့အနီးရှိ နခွန်းပထုံခရိုင် စန်ဖရမ်မြို့ တွင် ဇူလိုင်လအတွင်းက ကျင်းပပြီး‌နောက် ကွန်ရက်ကို ယခုလို အ‌ကောင်အထည်‌ဖော်‌ဆောင်ကာ ဖွဲ့စည်းလာနိုင်ခဲ့သည်။