Home သတင်း စစ်‌ဘေးခံမိသားစုများအား တန်ဖိုးနည်းအိမ်ရာများတွင် ‌နေရာချထား‌ပေးပြီး

စစ်‌ဘေးခံမိသားစုများအား တန်ဖိုးနည်းအိမ်ရာများတွင် ‌နေရာချထား‌ပေးပြီး

2407

စက်တင်ဘာ ၃ဝရက်၊ ၂၀၁၄ခုနှစ်။ စဖန်း‌ရှောင်း

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၆) နယ်‌မြေအတွင်း ‌ဆောက်လုပ်ပြီးစီးခဲ့‌သော တန်ဖိုးနည်းအိမ်ရာအလုံး (၁၅၀) တွင် စစ်‌ဘေး‌ကြောင့် အိမ်‌ခြေမဲ့‌နေသည့် မိသားစုများကို စက်တင်ဘာလအတွင်း စတင် ‌နေရာချထား‌ပေးပြီးဖြစ်‌ကြောင်း ထို‌ဒေ သ၏ ဖွံ့ဖြိုး‌ရေးနှင့် ပြန်လည် ‌နေရာချထား‌ရေးတာဝန်ခံ ဗိုလ်မှူး‌စောရန်နိုင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

“အိမ်ယာ‌ဆောက်ပြီးတာနဲ့ မိသားစု ၁၅ဝကို တစ်ခါတည်း‌နေရာချထား‌ပေးပြီး‌တော့ သူတို့တက်‌နေ‌နေပြီ။ ဘာဖြစ်လို့လဲဆို‌တော့ အခုတက်‌နေတဲ့မိသားစု‌တွေက အရင်ကတည်းက အနီးအနားမှာပဲစုပြီး‌တော့ စစ်‌ဘေး‌ကြောင့် အိမ်‌ခြေယာ‌ခြေမဲ့သွားတဲ့သူ (IDP)‌တွေရယ်၊ ကိုယ်လက်အဂင်္ါချွတ်ယွင်းသွားတဲ့ တပ်ဖွဲ့ဝင်မိသားစု‌တွေကို ‌နေရာချထား‌ပေးခြင်းဖြစ်ပါတယ်”ဟု ဗိုလ်မှူး‌စောရန် နိုင်က ‌ပြောသည်။

KNU တပ်မဟာ(၆)နယ်‌မြေ၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့နယ်ခွဲရှိ မြိုင်သာယာ‌ဒေသတွင် အိမ်အလုံး (၁၀၀)နှင့် မဲ့ ကသာ‌ဒေသတွင် အိမ်အလုံး(၅၀)ကို မတ်လ ၃၁ရက်‌နေ့က စတင် ‌ဆောက်လုပ်ခဲ့ပြီး စက်တင်ဘာလ ပထမအပတ်တွင် အပြီး သတ် ‌ဆောက်လုပ်ပြီးစီးခဲ့ခြင်းဖြစ်သည်။ သွပ်မိုးပျဉ်‌ထောင်အိမ်အမျိုးအစားဖြစ်သည့် ၎င်းအိမ်ရာများကို အနံ ‌ပေ ၈၀၊ အလျား ‌ပေ ၁၀၀‌မြေကွက်‌ပေါ်တွင် ‌ဆောက်လုပ်ထား‌သော်လည်း မီး၊ ‌ရေ လိုအပ်ချက်များကို ယခုအချိန်တွင် တပ်ဆင်‌ပေးနိုင်ခြင်း မရှိ ‌သေး‌ကြောင်း သိရသည်။

KNU တာဝန်ရှိသူများ၏ ‌ကောက်ယူရရှိထား‌သော စာရင်းများအရ တပ်မဟာ(၆) ဧရိယာအတွင်း IDP မိသားစု (၂၅၀၀) ခန့် ကျန်ရှိ‌နေ‌သေးပြီး ရရှိလာမည့်‌ငွေ‌ကြေး‌ထောက်ပံ့မှု အ‌နေအထား‌ပေါ် မူတည်၍ ဆက်လက် ကြိုးစားလုပ်‌ဆောင်သွားမည်ဖြစ် ‌ကြောင်း ဗိုလ်မှူး‌စောရန်နိုင်က ‌ပြောသည်။

‌ဆောက်လုပ်ပြီးစီးသွားသည့် အိမ်ရာများ၏ တန်ဘိုးမှာ တစ်လုံးလျှင် ကျပ်သိန်း(၅၀)ဖြစ်ပြီး နယ်စပ်‌ရေးရာဝန်ကြီးဌာန၊ နယ်စပ် ‌ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်‌ရေးဦးစီးဌာန၏ ၂၀၁၃-၂၀၁၄ ခွင့်ပြုဘတ်ဂျက်ဖြင့် KNU တပ်မဟာ(၆)က ဦး ‌ဆောင်၍ ‌ဒေသခံကုမ္ပဏီများဖြစ်ကြသည့် ‌ရွှေမင်းတမန်နှင့် ထာ့မူ့လား ‌ဆောက်လုပ်‌ရေးကုမ္ပဏီတို့က တာဝန်ယူ ‌ဆောက်လုပ်ခဲ့ ခြင်းဖြစ်သည်။

ထို့အပြင် KNU တပ်မဟာ (၇)နယ်‌မြေ၊ ‌မော်ဖိုး‌ကေနှင့် မဲ့တရိ‌ဒေသများ၌ ‌ဆောက်လုပ်ပြီးစီးသွားခဲ့သည့် အလားတူ တန်ဖိုးနည်း အိမ်ရာအလုံး (၁၀၀)တွင် အချို့အိမ်‌ထောင်စုများက ယာယီ ဝင်‌ရောက်‌နေထိုင်‌နေပြီဖြစ်‌ကြောင်း သိရသည်။ ယခုပြီးစီးသွားသည့် တပ်မဟာ(၆)နှင့် တပ်မဟာ(၇)ရှိ တန်ဖိုးနည်းအိမ်ရာများမှာ ပြည်တွင်းရှိ ‌ရွှေ့‌ပြောင်း‌နေထိုင်သွားလာ‌နေရသည့် IDP များအ တွက်သာဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်း(၉)ခုမှ ဒုက္ခသည်များအတွက်မဟုတ်‌ကြောင်း အိမ်ရာ‌ဆောက်လုပ်‌ရေး တာဝန်ရှိသူများက ‌ပြောဆိုထားသည်။

ကရင်ဒုက္ခသည်များ‌ကော်မတီ (KRC)ဥက္ကဌ ‌စော‌ရောဘတ်‌ထွေးက “သူတို့အ‌ကောင်အထည်‌ဖော်‌နေတဲ့ အပိုင်း‌တွေဟာ ကျ‌နော် တို့(KRC)နဲ့ ပတ်သက်ခြင်းမရှိလို့ ဘာမှ‌တော့မ‌ပြောချင်ပါဘူး။ ဒုက္ခသည်‌တွေ ပြန်လည်‌နေရာချထားဖို့ အစိုးရက ဘာမှမ‌ပြော ‌သေးဘူး။ ကျ‌နော်တို့ဘက်ကလည်း ပြန်လည်အ‌ခြေချဖို့အတွက်ကို ‌လော‌လောဆယ်မဖြစ်နိုင်‌သေးပါဘူး”ဟု ဆိုသည်။

တနသာင်္ရီတိုင်း‌ဒေသကြီး ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ‌စောဟားဗီကလည်း တနသာင်္ရီမြို့နယ် ‌ဝေါ‌တောင်နယ်စပ် ကုန် သွယ်‌ရေးစခန်းတွင် ‌မြေဧက(၂၀၀)ကို နယ်စပ်တစ်‌လျှောက်တွင်ရှိ‌သော IDP များအတွက် သီးသန့်‌နေရာချထား‌ပေးရန်အတွက် စီစဉ်ထားမှုများ ရှိ‌ကြောင်းလည်း သိရသည်။