Home သတင်း Code of Conduct ကို နှစ်ဖက်ပါဝင်‌သော လုပ်ငန်း‌ကော်မတီဖွဲ့ကာ ဆက်‌ဆွေး‌နွေးမည်

Code of Conduct ကို နှစ်ဖက်ပါဝင်‌သော လုပ်ငန်း‌ကော်မတီဖွဲ့ကာ ဆက်‌ဆွေး‌နွေးမည်

1572

ဩဂုတ် ၁၉ရက်၊ ၂၀၁၄ခုနှစ်။ ‌စောထွန်းလင်း

တိုင်းရင်းသားလက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့များ၏ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးဆိုင်ရာညှိနှိုင်း‌ရေးအဖွဲ့(NCCT)နှင့် အစိုး ရတို့ နှစ်ဖက် စိုးရိမ်မှုများ‌လျှော့ချ‌ရေးနှင့် Code of Conduct ကို နှစ်ဖက်ပါဝင်သည့် လုပ်ငန်း‌ကော်မတီဖွဲ့ကာ ဆက်လက်‌ဆွေး ‌နွေးသွားရန်ရှိ‌ကြောင်း ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ဗဟိုအလုပ်အမှု‌ဆောင်‌ကော်မတီဝင် ပဒို‌စောတာဒို့မူးက ဩဂုတ်လ ၁၇ရက်‌နေ့က ‌ပြောသည်။

ပြည်‌ထောင်စုငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေးလုပ်ငန်း‌ကော်မတီအဖွဲ့(UPWC)နှင့် NCCT တို့ ရန်ကုန်မြို့၊ ‌ရွှေလီလမ်းရှိ မြန်မာငြိမ်း ချမ်း‌ရေးနှင့် ပြန်လည်တည်‌ထောင်‌ရေးဗဟိုဌာန(MPC)၌ ပြုလုပ်ခဲ့‌သော တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်မူကြမ်း‌ရေးဆွဲ‌ရေး ညှိနှိုင်း အစည်းအ‌ဝေးသို့ တက်‌ရောက်ခဲ့သူ ပဒို‌စောတာဒို့မူးက “ကျ‌နော်တို့ စိုးရိမ်မှု‌တွေကို ဘယ်လို‌လျှော့ချမလဲ။ Code of Conduct ကို ဘယ်လိုလိုက်နာမလဲ။ ဘယ်လိုတည်‌ဆောက်မလဲ။ ဒါ‌တွေကို ကျ‌နော်တို့ ‌ဆွေး‌နွေးတိုင်ပင်ပြီး‌တော့ လုပ်သွားရမယ်။ ဒါကို နှစ်ဖက်ပါတဲ့ လုပ်ငန်း‌ကော်မတီဖွဲ့ပြီး တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်မထိုးခင် ဆက်ပြီး ‌ဆွေး‌နွေးသွားရဦးမယ်”ဟု ‌ပြောသည်။

အဆိုပါ‌ဆွေး‌နွေးပွဲတွင် အပစ်ရပ်စာချုပ်၌ ယခင်က ညှိနှိုင်းရန်ကျန်‌နေခဲ့သည့် အချက် ၃၁ချက်အနက် သ‌ဘောတူလိုက်သည့် အချက်များရှိသလို ၄ချက်ကိုသာ ဆက်လက်ညှိနှိုင်းရ‌တော့မည်ဟု သိရှိရ‌သော်လည်း အ‌သေးစိတ်အချက်အလက်ကိုမူ ‌ဆွေး ‌နွေးပွဲအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် နှစ်ဖက်တာဝန်ရှိသူများက တရားဝင် ထုတ်‌ဖော်‌ပြောဆိုခဲ့ခြင်း မရှိ‌ပေ။

“ကျန်‌နေတဲ့အချက်က‌တော့ ကျ‌နော်တို့ ဒီကြားကာလ ဘယ်လိုချထားမလဲ၊ ဘယ်လို‌နေထိုင်မလဲ ဆိုတဲ့ကိစ္စတစ်ခုရယ်၊ ‌နောက် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲမှာ ဘယ်အစုအဖွဲ့‌တွေ ပါဝင်‌ဆွေး‌နွေးသွားမလဲဆိုတဲ့ ကိစ္စရယ်၊ အပစ်အခတ်ရပ်စဲ‌ရေးကို ဘယ်အဖွဲ့က ဘယ် သူ‌တွေက ကိုယ်စားပြု ‌ဆွေး‌နွေးသွားမလဲဆိုတဲ့ အပိုင်းရယ်။ ကျန်တာက‌တော့ ကျ‌နော်တို့ ‌ပြေလည်ပါတယ်”ဟု NCCT အဖွဲ့ ‌ခေါင်း‌ဆောင် နိုင်ဟံသာက ‌ဆွေး‌နွေးပွဲအပြီး ၎င်း၏အပိတ်မိန့်ခွန်းတွင် ထည့်သွင်း‌ပြောဆိုခဲ့သည်။

Code of conduct နှင့် တပ်အင်အား‌လျှော့ချ‌ရေးကို ပြန်လည်ညှိနှိုင်းရမည်ဖြစ်ကာ ထိပ်တိုက်ရင်ဆိုင်မှု ရှိရာ‌နေရာများကို မည်မျှ အကွာအ‌ဝေးသို့‌ရွှေ့မည်၊ မည်သို့‌ရွှေ့မည်။ တပ်အင်အားကို တပ်ရင်း၊ တပ်မ၊ တပ်ခွဲအလိုက်နှင့် လက်နက်ကိရိယာများ ထားရှိရန် တို့အပြင် တပ်သားသစ် မစု‌ဆောင်းရသည့်အ‌ပေါ်လည်း လက်‌တွေ့ကျကျ စဉ်းစားကာ ‌ဆွေး‌နွေးသွားရမည်ဖြစ်‌ကြောင်း ရခိုင်တပ် မ‌တော်(AA)မှ ဒုုဗိုလ်မှူးကြီးခိုင်‌ကျော်ဟန်က ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ကျန်ရှိ‌နေ‌သေးသည့်အချက်များကို လာမည့် စက်တင်ဘာလဆန်းပိုင်းတွင် ပြန်လည်‌တွေ့ဆုံညှိနှိုင်းကာ ‌ပြေလည်မှုရရှိ မည်ဟု ယုံကြည်‌ကြောင်း၊ ထိုသို့ ညှိနှိုင်း‌ပြေလည်မှုရရှိပါက တစ်ပြည်လုံးအပစ်ရပ်စာချုပ် လက်မှတ်‌ရေးထိုးမည့်‌နေ့ရက်ကို သတ် မှတ်နိုင်မည်ဟု ‌မျှော်လင့်ထား‌ကြောင်း UPWC ဒုဥက္ကဌ ဝန်ကြီးဦး‌အောင်မင်းက ‌ပြောဆိုသည်။

NCCT နှင့် UPWC တို့ သုံးရက်ကြာ‌ဆွေး‌နွေးပွဲသို့ ပြည်‌ထောင်စုဝန်ကြီးဦး‌အောင်မင်း၊ ဦးသိန်း‌ဇော်၊ ပြည်‌ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဒုဗိုလ်ချုပ်ကြီးသက်နိုင်ဝင်း၊ ဒုဗိုလ်ချုပ်ကြီးမြင့်စိုး၊ ဒုဗိုလ်ချုပ်ကြီးရဲ‌အောင် စသည်တို့ပါဝင်ပြီး တိုင်းရင်းသားများဘက်မှ NCCT အဖွဲ့‌ခေါင်း‌ဆောင်နိုင်ဟံသာ၊ ဒုအဖွဲ့‌ခေါင်း‌ဆောင်များဖြစ်ကြသည့် ပဒို‌စောကွယ်ထူးဝင်း၊ ဗိုလ်ချုပ်ဂွန်‌မော်နှင့် ဗိုလ်မှူးကြီးခွန်ဥက္ကာ အပါအဝင် အဖွဲ့ဝင် ၁၆ဦး တက်‌ရောက်‌ဆွေး‌နွေးခဲ့ကြသည်။