Home သတင်း နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲရလဒ်ဖြင့် ဖက်ဒရယ်ပြည်‌ထောင်စုတည်‌ထောင်သွားရန် အစိုးရနှင့် NCCT တို့ မူအရ သ‌ဘောတူ

နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲရလဒ်ဖြင့် ဖက်ဒရယ်ပြည်‌ထောင်စုတည်‌ထောင်သွားရန် အစိုးရနှင့် NCCT တို့ မူအရ သ‌ဘောတူ

1721

ဩဂုတ် ၁၅ရက်၊ ၂၀၁၄ခုနှစ်။ ‌စောထွန်းလင်း

အမျိုးသားတန်းတူ‌ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံသည့် ဒီမိုက‌ရေစီဖက်ဒရယ်ပြည်‌ထောင်စုကို နိုင်ငံ‌ရေး ‌ဆွေး‌နွေးပွဲရလဒ် ဖြင့် ထူ‌ထောင်သွားရန် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးဆိုင်ရာ ညှိနှိုင်း‌ရေးအဖွဲ့(NCCT)နှင့် ပြည်‌ထောင်စုငြိမ်းချမ်း‌ရေး‌ဖော် ‌ဆောင်မှုလုပ်ငန်း‌ကော်မတီ (UPWC)တို့က မူအရ သ‌ဘောတူလိုက်‌ကြောင်း NCCT ဒုအဖွဲ့‌ခေါင်း‌ဆောင် ပဒို‌စောကွယ်ထူးဝင်းက ‌ကေအိုင်စီသို့ ယ‌နေ့ ‌ပြောသည်။

“ဒီမိုက‌ရေစီ‌ရေး၊ အမျိုးသားတန်းတူ‌ရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အ‌ခြေခံတဲ့၊ အာမခံချက်‌ပေးတဲ့ ဒီမိုက‌ရေစီနဲ့ ဖက်ဒရယ်ပြည် ‌ထောင်စုကို နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲက‌နေ ထူ‌ထောင်သွားမယ်ဆိုတာ မူအားဖြင့် သ‌ဘောတူတယ်။ ဒါက ‌ကောင်းမွန်တဲ့ အချက်တစ် ခု‌ပေါ့‌နော်။ တိုင်းရင်းသား‌တွေ အမြဲ‌တောင်းဆို‌နေတဲ့ ကိစ္စလည်းဖြစ်တယ်”ဟု ပဒို‌စောကွယ်ထူးဝင်းက ‌ပြောဆိုသည်။

ယင်းအချက်ကို UPWC နှင့် NCCT တို့ ရန်ကုန်မြို့၊ ‌ရွှေလီလမ်းရှိ မြန်မာငြိမ်းချမ်း‌ရေးနှင့် ပြန်လည်ထူ‌ထောင်‌ရေးဗဟိုဌာန(MPC)၌ ပြုလုပ်သည့် တစ်နိုင်ငံလုံး အပစ်ရပ်မူကြမ်း‌ဆွေး‌နွေးပွဲ ပထမရက်‌နေ့တွင် ယခုကဲ့သို့ မူအားဖြင့် သ‌ဘောတူညီခဲ့ခြင်းဖြစ်သည်။

ထို့အပြင် အစိုးရက ထိုသို့ လက်ခံလိုက်သည့်အတွက် အ‌ရေးကြီးဆုံးအချက်ကို ‌ကျော်ဖြတ်နိုင်ပြီးဖြစ်သလို ‌ဆွေး‌နွေးရန် ကျန်အ ချက်များ မခက်ခဲ‌တော့ဟု ဆိုနိုင်‌သော်လည်း လုံးဝ‌ပြေလည်သွားသည့် အဆင့်သို့ မ‌ရောက်‌သေး‌ကြောင်း၊ အပစ်ရပ်စာချုပ်မူ ကြမ်း အခန်း ၁ နှင့် ၂ ကိုသာ ‌ဆွေး‌နွေးခဲ့ပြီး ကျန်အခန်းများကို ဆက်လက် ‌ဆွေး‌နွေးရဦးမည်ဖြစ်‌ကြောင်းနှင့် အ‌ရေးကြီးဆုံးအ ချက်ကို ဖြတ်‌ကျော်နိုင်ပြီးဖြစ်သည့်အတွက် အလားအလာ‌ကောင်း‌ကြောင်း NCCT အဖွဲ့‌ခေါင်း‌ဆောင်နိုင်ဟံသာကလည်း ယ‌နေ့ ည‌နေ သတင်းစာရှင်းလင်းပွဲတွင် ‌ပြောဆိုသည်။
IMG_9999
အလားတူ UPWC အဖွဲ့ဝင် ဦးလှ‌မောင်‌ရွှေကလည်း အ‌ရေးကြီးဆုံး အ‌ခြေခံမူတွင် ကြန့်ကြာ‌နေသည့် အဆိုပါအချက်ကို နံနက် ၉ နာရီခွဲမှ ည‌နေ ၃နာရီခွဲ‌ကျော်မှသာ ‌ဆွေး‌နွေးသ‌ဘောတူနိုင်ခဲ့ခြင်းဖြစ်‌ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ‌ပြောကြားခဲ့သည်။

တိုင်းရင်းသားများလိုလားသည့် ဒီမိုက‌ရေစီ‌ရေး၊ အမျိုးသားတန်းတူ‌ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အ‌ခြေခံသည့် ဖက်ဒရယ်ပြည် ‌ထောင်စုတည်‌ဆောက်‌ရေးကို အစိုးရက မူအားဖြင့် လက်ခံသလို တိုင်းရင်းသားများဘက်ကလည်း တို့တာဝန်အ‌ရေးသုံးပါးဖြစ် သည့် ပြည်‌ထောင်စုမပြိုကွဲ‌ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲ‌ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲ‌ရေးဆို သည့်အချက်တို့ကို လက်ခံသ‌ဘောတူခြင်းဖြင့် နှစ်(၆၀)‌ကျော်ကြာ ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်ကို အဆုံးသတ်ရန် လမ်းစ‌ပေါ် လာသည်ဟု သုံးသပ်မိကြာင်း NCCT အကြံ‌ပေးပုဂ္ဂိုလ် ‌ဒေါက်တာဆလိုင်းလျန်မုန်းဆ‌ခေါင်ကလည်း ‌ပြောဆိုသည်။

UPWC နှင့် NCCT တို့၏ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူညီချက် မူကြမ်း (Single Text) ရရှိ‌ရေး‌ဆွေး ‌နွေးပွဲကို ဩဂုတ် ၁၆ရက်‌နေ့တွင် စစ်ဘက်ဆိုင်ရာများနှင့် ပတ်သက်၍ ဆက်လက်‌ဆွေး‌နွေးရန်ရှိပြီး မပြီးဆုံးပါက ၁၇ရက်‌နေ့အ ထိ ဆက်၍ ‌ဆွေး‌နွေးသွားမည်ဖြစ်သည်ဟု သိရသည်။

နှစ်ဖက်‌တွေ့ဆုံ‌ဆွေး‌နွေးမှုများ ပြုလုပ်ပြီး‌နောက် ဩဂုတ် ၁၈ရက်‌နေ့တွင် NCCT၊ UPWC နှင့် နိုင်ငံ‌ရေးပါတီများ သုံးပွင့်ဆိုင် အလွတ်သ‌ဘော ‌တွေ့ဆုံ‌ဆွေး‌နွေးသွားရန်ရှိ‌ကြောင်းလည်း သိရှိရသည်။