Home သတင်း ဩစ‌တြေးလျားကရင်များ ကရင်အာဇာနည်‌နေ့ အမှတ်တရ ကျင်းပ

ဩစ‌တြေးလျားကရင်များ ကရင်အာဇာနည်‌နေ့ အမှတ်တရ ကျင်းပ

1694

ဩဂုတ် ၉ရက်၊ ၂၀၁၄ခုနှစ်။ ‌စော‌ကျော်ခွီး

ဩစ‌တြေးလျားကရင်အဖွဲ့အစည်း(AKO) နယူး‌ဆော့သ်‌ဝေးဌာနက ကြီးမှူး၍ နယူး‌ဆော့သ်‌ဝေးပြည်နယ် ဆစ်ဒနီမြို့ Villawood Senior Citizen Hall တွင် ဩဂုတ်လ (၉)ရက်‌နေ့မနက် ၁ဝနာရီမှ မွန်းလွဲ ၂နာရီအထိ ကျင်းပခဲ့သည့် ၆၄နှစ်‌မြောက် ကရင်အ မျိုးသား အာဇာနည်‌နေ့ အခမ်းအနားသို့ ကချင်၊ မွန်နှင့် အ‌ဝေး‌ရောက်‌ရွှေ့‌ပြောင်းကရင်များ စုစု‌ပေါင်း(၁၅၀)‌ကျော် တက်‌ရောက်ခဲ့ ကြသည်။

“ကရင့်အာဇာနည်‌နေ့ဟာ ကရင်တမျိုးသားလုံးရဲ့ ‌နေ့ထူး‌နေ့မြတ်တခုဖြစ်သလို အနာဂတ် ကရင်လူငယ်‌မောင်မယ်များအတွက် ကရင့်‌တော်လှန်‌ရေး ဖြတ်သန်းမှုသမိုင်းကို သိနားလည်လာကြ‌စေဖို့နဲ့ ကရင့်အာဇာနည်‌တွေ ဘာကို‌မျှော်မှန်းခဲ့ကြသလဲဆိုတာ ရှင်းရှင်းမြင်တတ်‌စေဖို့ ကရင့်အာဇာနည်‌နေ့ကို ကျင်းပရခြင်းဖြစ်တယ်”ဟု အခမ်းအနားမှူး ‌နော်မူးခူ‌ဖေါက အဖွင့်မိန့်ခွန်း ‌ပြော ကြားခဲ့သည်။

အခမ်းအနားတွင် ‌စောဘဦးကြီးနှင့်တကွ ကျဆုံးသွား‌သော ကရင့်အာဇာနည်များကိုရည်စူး၍ ကရင်လူငယ်များက လွမ်းသူ့ပန်း ‌ခွေချကာ အ‌လေးပြုကြပြီး အာဇာနည်ကြီးများ၏ အတ္ထုပ္ပတ္တိများ ဖတ်ကြားခြင်း၊ အာဇာနည်ကြီးများအတွက် ‌အောက်‌မေ့ဖွယ် အမှတ်တရ သီချင်းများနှင့် ကဗျာများ အသီးသီး ရွတ်ဆိုခဲ့ကြသည်။

အလားတူ အခမ်းအနားတက်‌ရောက်သူ ‌စောကြည်ဝင်းက “မုန်းတီးနာကျည်းမှု‌တွေနဲ့ မွန်းကြပ်ပိတ်‌လှောင်မ‌နေကြဘဲ ‌တော်လှန် ‌ရေးသင်ခန်းစာ‌တွေအဖြစ်မှတ်ယူကြပြီး ကရင့်အာဇာနည်‌ခေါင်း‌ဆောင်ကြီး‌တွေ ဘာ‌မျှော်မှန်းခဲ့သလဲ၊ ဘာအတွက် အသက်‌တွေ စ‌တေးခဲ့ကြသလဲဆိုတာ ပြန်‌ပြောင်း‌အောင်း‌မေ့ပြီး ကရင့်‌တော်လှန်‌ရေးအဖွဲ့များဟာလည်း ပန်းတိုင်ကို လက်တွဲညီညီနဲ့ ချီတက် ကြ‌စေချင်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင့်သမိုင်း‌ကြောင်း ပြန်‌ပြောင်း‌ပြောကြားခဲ့သူ ‌စောဆဲ‌နေမူးကလည်း မြန်မာစစ်ဗိုလ်ချုပ်များသည် ကရင့်အမျိုးသား‌ခေါင်း ‌ဆောင် အာဇာနည်‌စောဘဦးကြီး၏ ရုပ်အ‌လောင်းကို မုတ္တမပင်လယ်‌ကွေ့ထဲ လွှင့်ပစ်ခဲ့သည့်အဖြစ်မှာ ကရင်လူမျိုးများကို ဇာတိ မာန်စိတ်များ တက်ကြွမှုမရှိ‌စေရန် နာမ်နှိမ်ခြင်းသာဖြစ်‌ကြောင်း အခမ်းအနားတွင် ဖွင့်ဟ‌ပြောဆိုခဲ့သည်။

AKO နယူး‌ဆော့သ်‌ဝေးဌာနက ကျင်းပခဲ့သည့် အဆိုပါအခမ်းအနား အစီအစဉ်အပြီးတွင် ကြွ‌ရောက်လာသူများကို ကရင့်ရိုးရာ မုန့်ဟင်းခါးဖြင့် တည်ခင်းဧည့်ခံ ‌ကျွေး‌မွေးခဲ့သည်။ AKO အ‌နေဖြင့် ကရင့်အမျိုးသားအာဇာနည်‌နေ့ကို ၁၉၉၆ခုနှစ်မှစ၍ မပျက်မ ကွက် နှစ်စဉ် ကျင်းပလာခဲ့ရာ ယခုနှစ်မှာ (၁၉)ကြိမ်‌မြောက်ရှိပြီးဖြစ်သည်။