Home သတင်း ၆၄ နှစ်‌မြောက် ကရင့်အာဇာနည်‌နေ့အခမ်းအနား ရန်ကုန်တွင် ပထမဦးဆုံးအကြိမ်ကျင်းပ

၆၄ နှစ်‌မြောက် ကရင့်အာဇာနည်‌နေ့အခမ်းအနား ရန်ကုန်တွင် ပထမဦးဆုံးအကြိမ်ကျင်းပ

1676

ဩဂုတ် ၁၂ရက်၊ ၂၀၁၄ ခုနှစ်။ ‌စောထွန်းလင်း

ယ‌နေ့ကျ‌ရောက်သည့် ၆၄ နှစ်‌မြောက် ကရင့်အာဇာနည်‌နေ့အခမ်းအနားကို ရန်ကုန်မြို့အ‌ခြေစိုက် ကရင်လူမှု အဖွဲ့အစည်းများက ဦး‌ဆောင်ကာ ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ပြည်လမ်းမ‌ဘေးရှိ မြန်မာနိုင်ငံခရစ်ယန် ‌ကောင်စီ(MCC) ယုဒဿ န်ခန်းမ၌ ပထမဦးဆုံးအကြိမ် ပြုလုပ်ခဲ့သည်။

ကရင့်အာဇာနည်‌နေ့ဖြစ်‌ပေါ်လာပုံကို ကရင်လူငယ်များသိရှိကာ မပြီးဆုံး‌သေးသည့် သမိုင်း‌ပေးတာဝန်ကို ဆက်လက်ထမ်း‌ဆောင်နိုင်‌ရေးအတွက် ရည်ရွယ်ကျင်းပရခြင်းဖြစ်‌ကြောင်း အခမ်းအနားဖြစ်‌မြောက်‌ရေး ဦး‌ဆောင်စီစဉ်သူ ‌နော်အုန်းလှက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ကရင်လူငယ်‌တွေ သမိုင်း‌ပေးတာဝန်ကို ဘယ်လိုဆက်ပြီး ထိမ်း‌ဆောင်ရမလဲဆိုတာကို သိ‌စေချင်တယ်။ ကရင့် အာဇာနည်‌တွေက အသက်‌သွေး‌ချွေး‌တွေ ‌ပေးဆပ်ခဲ့‌ပေမယ့် ဒီ‌နေ့ထိ ‌တော်လှန်‌ရေးက မပြီးဆုံး‌သေးပါဘူး။ ကျမတို့ ‌ခေါင်း‌ဆောင်‌တွေ ‌မေုျှာ်မှန်းထားတဲ့ ကရင့်ဘဝပြည့်စုံ‌ရေးဆိုတာ မရ‌သေးဘူး။ တိုင်းရင်းသား‌တွေ ‌မျှော်မှန်းတဲ့ ဖက်ဒရယ်ပြည်‌ထောင်စု ဆိုတာလည်း မဖြစ်‌သေးဘူး။ ဒါ‌တွေကို လူငယ်‌တွေသိရှိပြီး ဆက်လက် ထမ်း‌ဆောင်သွားဖို ့ ‌မျှော်မှန်း ကျင်းပခဲ့တာ ဖြစ်တယ်”ဟု ‌နော်အုန်းလှက ‌ပြောဆိုသည်။

နံနက် ၁ဝ နာရီခွဲမှ ‌နေ့လည် ၁ နာရီခွဲအထိ ပြုလုပ်ခဲ့သည့် ၎င်းအခမ်းအနားသို့ ကရင်အမျိုး သားအစည်းအရုံး (KNU) ဗဟို‌ကော်မတီဝင် ပဒို‌စောလှထွန်း၊ ပဒို‌စောသမိန်ထွန်း၊ ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ‌တော် (DKBA)၊ ကရင်လူငယ်အစည်းအရုံး(KYO)တို့မှ ‌ခေါင်း‌ဆောင်အချို့တို့ အပါအဝင် ရန်ကုန်မြို့အနီးတဝိုက်ရှိ ကရင်နိုင်ငံ‌ရေးသမားများ၊ ကရင်အမျိုးသားများ၊ ကရင်လူငယ်များ၊ ရဟန်းသံဃာများ၊ ကရင်လူမှုအဖွဲ့အစည်း များနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ လူဦး‌ရေ စုစု‌ပေါင်း ၃၀ဝ ‌ကျော်တက်‌ရောက်ခဲ့ကြသည်။
IMG_9875
KNU ဗဟို‌ကော်မတီဝင် ပဒို‌စောသမိန်ထွန်းက “ဒီ‌နေ့ ဒီအချိန်အခါမှာ မြို့တက်ပြီး‌တော့ ဘာအ‌နှောက်အယှက်မှ မရှိဘဲ ကိုယ်‌ဟောချင်သလို ‌ဟော‌ပြောခွင့်ရတာ ဝမ်း‌မြောက်ဝမ်းသာ ဖြစ်မိပါတယ်။ ဒီလိုပဲ ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး ‌ပြောဆိုကြမယ်ဆိုလို့ ရှိရင် ကျ‌နော်တို့ ငြိမ်းချမ်း‌ရေးရမယ်လို့ မြင်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် အခမ်းအနားတွင် KNU၊ KWO၊ KWU, KYO နှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ‌ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ ဒီမိုက‌ရေစီနှင့် ငြိမ်းချမ်း‌ရေးအမျိုးသမီးကွန်ရက်၊ ဆရာကြီးသခင်ကိုယ်‌တောမှိုင်း ငြိမ်းချမ်း‌ရေးကွန်ယက်၊ ရန်ကုန်-လိုင်ဇာ ငြိမ်းချမ်း‌ရေးလှမ်း‌လျှောက်သူများ စသည့် အဖွဲ့တို့က သဝဏ်လွှာများ‌ပေးပို့ခဲ့ကြသည်။

အခမ်းအနားတက်‌ရောက်ခဲ့သူ သန်လျင်နည်းပညာတက္ကသိုလ် တတိယနှစ်‌ကျောင်းသူ ‌နော်‌ဖောခီးလာက “အခု အခမ်းအနားမှာ ကရင့်အာဇာနည်‌ခေါင်‌ဆောင်ကြီးရဲ့ အထ္တုပတိကို သိလာ‌တော့ ကရင်သမိုင်း‌ကြောင်း‌တွေကို ဆက်ပြီး‌လေ့လာချင်တယ်။ ကရင်လူငယ်‌တွေအ‌နေနဲ့ အဆင့်မြင့် ပညာသင်ကြားတာ‌တွေအပြင် ‌ရှေ့ဆက် အမျိုးသား‌ရေးကဏ္ဍမှာ တက်နိုင်တဲ့ဘက်က‌နေ ပါဝင်ဖို့ တိုက်တွန်းချင်တယ်”ဟု ‌ပြောသည်။

ကရင့်အာဇာနည်‌နေ့အခမ်းအနားကို ရန်ကုန်မြို့‌ပေါ်ရှိ ကရင်လူငယ်အချို့စု‌ပေါင်းကာ ယခင်နှစ်များက အကျဉ်း ချုံးပြုလုပ်‌လေ့ရှိ‌သော်လည်း ယခုနှစ်မှသာ အခမ်းအနားဖြင့် ကျယ်ကျယ်ပြန့်ပြန့် တရားဝင်ပြုလုပ်နိုင်ပြီး ‌ဒေသခံ အာဏာပိုင်များ၏ တစုံတရာ ‌နှောက်ယှက်ခြင်းလည်း မရှိ‌ကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။