Home သတင်း ၆၄နှစ်‌မြောက် ကရင့်အာဇာနည်‌နေ့ ‌ကေအဲန်ယူ တပ်ရင်းတပ်မဟာများ၌ ကျင်းပခဲ့

၆၄နှစ်‌မြောက် ကရင့်အာဇာနည်‌နေ့ ‌ကေအဲန်ယူ တပ်ရင်းတပ်မဟာများ၌ ကျင်းပခဲ့

1624

ဩဂုတ် ၁၃ရက်၊ ၂၀၁၄ခုနှစ်။ ‌ကေအိုင်စီ

၂၀၁၄ခုနှစ်၊ ဩဂုတ်လ ၁၂ရက်‌နေ့တွင် ကျ‌ရောက်‌သော ၆၄နှစ်‌မြောက် ကရင်အမျိုးသား အာဇာနည်‌နေ့ကို ကရင်အမျိုးသားအ စည်းအရုံး(‌ကေအဲန်ယူ) လက်‌အောက်ခံ ကရင်အမျိုးသားလွတ်‌မြောက်‌ရေး(‌ကေအဲန်အယ်လ်‌အေ) တပ်မဟာ၊ တပ်ရင်းများက ၎င်းတို့၏ ထိန်းချုပ်‌ဒေသများတွင် အသီးသီး ကျင်းပပြုလုပ်ခဲ့ကြသည်။

‌ကေအဲန်ယူ တပ်မဟာ(၇)ဌာနချုပ်တွင် ယမန်‌နေ့က ပြုလုပ်ခဲ့‌သော အာဇာနည်‌နေ့ စစ်‌ရေးပြ အခမ်းအနားသို့ ‌ကေအဲန်အယ်လ် ‌အေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး‌စော‌ဂျော်နီ အပါအဝင် ‌ကေအဲန်ယူ ဖားအံခရိုင်၊ တပ်မဟာ(၇)၏ အရပ်ဖက်၊ တပ်ဖက်‌ခေါင်း ‌ဆောင်များနှင့် လူထုပရိဿတ် စုစု‌ပေါင်း ၂၀ဝနီးပါး တက်‌ရောက်ခဲ့ကြသည်။

ဗိုလ်ချုပ်ကြီး‌စော‌ဂျော်နီက “‌တော်လှန်‌ရေးအတွက် အသက်‌ပေးဆပ်သွားသူ အာဇာနည်‌တွေအားလုံးရဲ့ လိုလားချက်‌တွေက မပြီး စီး၊ မပြည့်စုံ‌သေးပါဘူး။ ဒီလိုမပြီးဆုံး‌သေးတဲ့ အာဇာနည်‌တွေရဲ့ တာဝန်‌တွေကို ကရင်လူထု‌တွေအားလုံး ပန်းတိုင်ကို‌ရောက်တဲ့အ ထိ ညီညီညွှတ်ညွှတ်နဲ့ ‌ဆောင်ရွက်သွားဖို့ တာဝန်ရှိပါတယ်”ဟု ‌ကေအိုင်စီသို့‌ပြောသည်။
DSC05304
အဆိုပါ အခမ်းအနားတွင် ဗိုလ်ချုပ်ကြီး‌စော‌ဂျော်နီက ဂုဏ်ပြုတပ်များကို စစ်‌ဆေးခြင်း၊ ကရင့်‌တော်လှန်‌ရေးအတွင်း အသက်‌ပေး ဆပ်သွားခဲ့ကြသူ လူထု၊ တပ်မှူးတပ်သားများနှင့် ‌ကေအဲန်ယူအဖွဲ့ဝင် အာဇာနည်များအား ဂုဏ်ပြုဦးညွှတ်ခဲ့ကြသည်။ ၎င်း‌နောက် အာဇာနည်‌ကျောက်တိုင်တွင် လွမ်းသူ့ပန်း‌ခွေချခြင်း၊ အာဇာနည်‌နေ့အတွက် ‌ပေးပို့လာသည့် ‌ကေအဲန်ယူ ဥက္ကဌ ‌စောမူတူး‌စေးဖိုး ၏မိန့်ခွန်းကို ဖတ်ကြားခြင်း၊ စစ်ဦးစီးချုပ်နှင့် ဖားအံခရိုင်ဥက္ကဌ ပဒို‌စော‌အောင်‌မော်‌အေးတို့က မိန့်ခွန်း‌ပြောဆိုခဲ့ကြသည်။

ထို‌နေ့ထူး‌နေ့မြတ်အတွက် ‌ကေအဲန်ယူ ဥက္ကဌက မိန့်ခွန်းနှင့် ကရင်အမျိုးသမီးအစည်းအရုံး၊ ကရင်လူငယ်အစည်းအရုံးတို့က လည်း သဝဏ်လွှာများ ‌ပေးပို့ခဲ့ကြသည့်အပြင် ဂုဏ်ပြုတပ်ဖွဲ့ဝင်များက စစ်ဦးစီးချုပ်အား ချီတက်အ‌လေးပြုခြင်းနှင့် တက်‌ရောက် လာသည့် ‌ကေအဲန်အယ်လ်‌အေ တပ်မှူးများက ကရင်အမျိုးသားအလံ‌တော်အား အ‌လေးပြုခြင်းဖြင့် အခမ်းအနားကို ရုတ်သိမ်းခဲ့ သည်။

‌ကေအဲန်ယူ ဥက္ကဌ ဗိုလ်ချုပ်ကြီး‌စောမူတူး‌စေးဖိုးက ၎င်း၏မိန့်ခွန်းထဲတွင် ကရင့်မျိုးချစ်‌ခေါင်း‌ဆောင်များ၊ ရဲ‌ဘော်ရဲဘက်များ၊ ပြည်သူလူထု အများအပြား အသက်‌ပေးဆပ်ခဲ့ကြခြင်းမှာ တမျိုးသားလုံး ဖိနှိပ်မှု‌အောက်မှလွတ်‌မြောက်ရန်၊ လွတ်လပ်ပြီး ကိုယ် ပိုင်ပြဠာန်းခွင့်ရှိကာ လူမျိုးတမျိုး၏ ဂုဏ်သိက္ခာရှိစွာ ‌နေထိုင်နိုင်ရန်ဖြစ်ပြီး ထို‌ပေးဆပ်မှုများ‌ကြောင့် ကရင့်‌တော်လှန်‌ရေးမှာ ယခု အချိန်ထိ ရပ်တည်‌နေနိုင်‌ကြောင်းလည်း ‌ပြောဆိုထားသည်။

‌ကေအဲန်အယ်လ်‌အေ တပ်မဟာ(၇)မှူး ဗိုလ်မှူးချုပ်‌စော‌ဂျော်ဖြူက “ကျ‌နော်တို့ အာဇာနည် ‌စောဘဦးကြီးဟာ နိုင်ငံ‌ရေးပြဿနာ ကို နိုင်ငံ‌ရေးနည်းနဲ့ ‌ဖြေရှင်းဖို့ အပစ်အခတ်ရပ်စဲ‌ရေးကို လက်ခံခဲ့တာပဲ။ ‌တော်လှန်‌ရေး ၆၅နှစ်ထဲမှာ ကျ‌နော်တို့ပြည်သူ‌တွေ၊ ကျ‌နော်တို့ရဲ‌ဘော်‌တွေ၊ ‌တော်လှန်‌ရေးသမား‌တွေ အများကြီး အသက်‌တွေ၊ ‌ချွေး‌တွေ‌ပေးဆပ်ရတာ‌တောင် ကျ‌နော်တို့ လိုချင်တဲ့ တန်းတူအခွင့်အ‌ရေး‌တွေ မရ‌သေးဘူး။ ကျ‌နော်တို့အာဇာနည်‌တွေ ‌ပေးဆပ်ခဲ့တဲ့ တာဝန်ကို ကျန်‌နေတဲ့ ကရင်လူထု‌တွေ၊ ကျ‌နော် တို့‌တွေက ကြိုးစားပြီး ပန်းတိုင်‌ရောက်တဲ့အထိ ညီညီညွှတ်ညွှတ် ဆက်လုပ်သွားရမယ်”ဟု ‌ပြောသည်။

အလားတူ ‌ကေအဲန်အယ်လ်‌အေ ဗဟိုဌာနချုပ်၊ ‌သေ‌ဘေထာ့စခန်း၌လည်း အာဇာနည်‌နေ့နှင့် ပတ်သက်သည့် ‌ဟော‌ပြောပွဲ အစီ အစဉ်များ၊ အာဇာနည်များအတွက် ဝတ်ပြုဆု‌တောင်းမှုများကို ယမန်‌နေ့ ‌နေ့လည်ဘက်တွင် ပြုလုပ်ခဲ့ကြရာ ‌ကေအဲန်ယူ အရပ် ဖက်၊ တပ်ဖက် ဗဟို‌ခေါင်း‌ဆောင်အချို့နှင့် ကရင်လူမှုအဖွဲ့အစည်းမှ ကိုယ်စားလှယ်များလည်း တက်‌ရောက်ခဲ့ကြသည်။