Home သတင်း မြဝတီရှိ ဆယ်တန်း‌အောင် ကရင်‌ကျောင်းသူ‌ကျောင်းသား ၃၇ဦးအား ရိုးရာလက်ချည်ပွဲတွင် ဂုဏ်ပြု

မြဝတီရှိ ဆယ်တန်း‌အောင် ကရင်‌ကျောင်းသူ‌ကျောင်းသား ၃၇ဦးအား ရိုးရာလက်ချည်ပွဲတွင် ဂုဏ်ပြု

3167

ဩဂုတ် ၅ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်စာ‌ပေယဉ်‌ကျေးမှုအဖွဲ့မှ ဦးစီးပြီး ယခု ဝါ‌ခေါင်လ(ဩဂုတ်)အတွင်း ကျ‌ရောက်သည့် ကရင်လက်ချည်ပွဲ အခမ်းအနားတစ် ရပ်ကို ယမန်‌နေ့က ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ကျင်းပကာ အခမ်းအနားတွင် ၂၀၁၃-၂၀၁၄ စာသင်နှစ်အတွင်း ဆယ်တန်း ‌အောင်မြင်သွားသည့် ကရင်‌ကျောင်းသူ‌ကျောင်းသား ၃၇ဦးအား ဂုဏ်ပြုဆု ချီးမြှင့်ခဲ့ကြသည်။

အဆိုပါစာသင်နှစ်တွင် မြဝတီမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်တန်း(ဆယ်တန်း)‌အောင်မြင်သွားသည့် ကရင်‌ကျောင်းသူ‌ကျောင်း သားများအား စိတ်ဓာတ်‌ရေးရာ မြှင့်တင်သည့်အ‌နေဖြင့် ယခု လက်ချည်ပွဲအခမ်းအနားနှင့်အတူ ဆု‌ပေးပွဲအခမ်းအနား ပြုလုပ်ရ ခြင်းဖြစ်သည်ဟု မြဝတီမြို့နယ် ကရင်စာ‌ပေယဉ်‌ကျေးမှုအဖွဲ့က ‌ပြောသည်။

မြဝတီမြို့နယ် ကရင်စာ‌ပေ၊ ယဉ်‌ကျေးမှု အတွင်း‌ရေးမှူး မန်းကြည်ဝင်းက “ထူးချွန်တဲ့ ဆယ်တန်း‌အောင် ကရင်‌ကျောင်းသူ ‌ကျောင်းသား‌တွေကို ဂုဏ်ပြု‌ဖော်ထုတ်‌ပေးတဲ့သ‌ဘောနဲ့ ဆု‌ပေးတာပါ။ ‌နောက်ပြီး သူတို့ရဲ့ ပညာ‌ရေး‌တွေကို မြှင့်တင်‌ပေးတဲ့ သ‌ဘောဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းအခမ်းအနားတွင် ကရင်စာ‌ပေးယဉ်‌ကျေးမှုက ‌ကျောင်းသူ‌ကျောင်းသားများ၏ ‌အောင်မြင်သည့် အဆင့်အလိုက် ဂုဏ်ပြု လက်မှတ်နှင့်အတူ နှစ်‌သောင်းကျပ်မှ ‌လေး‌သောင်းကျပ်အထိ ‌ပေးအပ်ခဲ့ပြီး ဂုဏ်ထူးရှင်အဖြစ် တစ်ဘာသာ ၅ဦး၊ နှစ်ဘာသာ ၂ဦးနှင့် ရိုးရိုး‌အောင် ၃ဝဦး ပါဝင်‌ကြောင်း သိရသည်။

ထို့အပြင် အခမ်းအနားတွင် ‌ကျောင်းသူ‌ကျောင်းသားများအား ဆု‌ပေးခြင်းအပြင် လက်ချည်ပွဲဖြစ်‌မြောက်‌ရေးအတွက် ဝိုင်းဝန်း ‌ထောက်ပံ့သည့် ပုဂ္ဂိုလ်များကို ဂုဏ်ပြုမှတ်တမ်းလွှာ‌ပေးအပ်ခဲ့သည်ဟု မန်းကြည်ဝင်းက ဆက်‌ပြောသည်။

လက်ချည်ပွဲတွင် ဆုတက်ယူခဲ့သည့် တစ်ဘာသာဂုဏ်ထူးရှင် ‌စောထွန်းလင်းသိုက်က “ကိုယ့်ကရင်လက်ချည်ပွဲမှာ ဆုတက်ယူရ တဲ့အတွက် အရမ်းဝမ်းသာတယ်။ ပြီး‌တော့ လူကြီး‌တွေ ကျ‌နော်တို့ ကရင်‌ကျောင်းသား‌တွေကို အသိအမှတ်ဂုဏ်ပြု‌ပေးတဲ့အ တွက် ‌ကျေးဇူးတင်တယ်။ ‌နောက်ပြီး ‌ကျောင်း‌နေတဲ့ ‌မောင်ငယ်ညီမငယ်‌တွေကိုလည်း စာကြိုးစား‌စေချင်ပြီး ဒီလိုပွဲမျိုး‌တွေမှာ ဆု ယူ‌စေချင်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ လက်ချည်ပွဲအခမ်းအနားတွင် ကရင်အမျိုးသားအစည်းအရုံး(KNU) ကိုယ်စားလှယ်များ၊ အစိုးရမှ ဌာနဆိုင်ရာ ကိုယ်စား လှယ်များ၊ နိုင်ငံ‌ရေးပါတီအဖွဲ့များနှင့် လူမှုအဖွဲ့အစည်းများ အပါအဝင် ‌ကျောင်းသူ‌ကျောင်းသားမိဘများနှင့် ဧည့်ပရိဿတ်‌ပေါင်း ၅၀၀‌ကျော် တက်‌ရောက်ခဲ့သည်ဟု သိရသည်။

ဂုဏ်ပြုဆုအလှူရှင် ‌စော‌အောင်သိန်းမြင့်က “ထူးချွန်တဲ့ ကရင်‌ကျောင်းသူ‌ကျောင်းသား‌တွေကို တတ်နိုင်တဲ့ဘက်က ကူညီပံ့ပိုး တယ်ဆိုတာ ‌နောင်လာ‌နောက်သားအတွက် အတုယူ‌စေချင်တဲ့သ‌ဘောပါ။ ‌နောက်ပြီး ဒီဝါ‌ခေါင်လလက်ချည်ပွဲမှာ ‌ရွေးပြီးဆု‌ပေး တာက လက်ချည်ပွဲဟာ ကရင်‌တွေ အမြတ်တနိုးထားတဲ့ ရိုးရာဓ‌လေ့ဖြစ်တယ်။ ‌ရှေ့ဆက် အစဉ်အလာမပျက် နှစ်တိုင်း လုပ် ‌ဆောင်သွားဖို့လည်း ရှိပါတယ်”ဟု ‌ပြောဆိုသည်။

ကရင်လက်ချည်ပွဲသည် ‌ရှေးအစဉ်အဆက်ရှိခဲ့သည့် ရိုးရာဓ‌လေ့တစ်ခုဖြစ်ပြီး ဝါ‌ခေါင်တစ်လလုံး ကျင်းပပြုလုပ်‌လေ့ရှိသလို လက် ရှိအချိန်ထိ ကရင်ရှိရာ‌ဒေသများတွင် ကရင်လက်ချည်ပွဲအခမ်းအနားများ ကျင်းပကြသလို ‌နေအိမ်များတွင်လည်း မိသားစုအ လိုက် လက်ချည်ခြင်းအမှုကို ပြုလုပ်‌လေ့ရှိကြသည်။