Home သတင်း ‌ကော့ကရိတ်-မြဝတီ‌တောင်‌ပေါ်ကားလမ်း ‌ခြောက်ဘီးကားတစ်စီး တိမ်း‌မှောက်

‌ကော့ကရိတ်-မြဝတီ‌တောင်‌ပေါ်ကားလမ်း ‌ခြောက်ဘီးကားတစ်စီး တိမ်း‌မှောက်

2634

ဩဂုတ် ၈ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ချောင်‌ဖော့

‌ကော့ကရိတ်-မြဝတီ‌တောင်‌ပေါ်ကားလမ်း၌ စား‌သောက်ကုန်တင်‌ဆောင်လာ‌သော ‌ခြောက်ဘီးယာဉ်တစ်စီးသည် ဩဂုတ် ၆ရက် ‌နေ့(ကားအဆင်း‌နေ့) နံနက် ၈နာရီ‌ကျော်၌ မိုင်တိုင်အမှတ် ၇၈/၂ (ဝါးစခန်း)တွင် တိမ်း‌မှောက်သွားသည်ဟု မျက်မြင်သက်‌သေ ကားသမားများက ‌ပြောသည်။

ကား‌မှောက်မှုကို ကိုယ်တိုင်‌တွေ့မြင်ခဲ့သူ ဖားအံကားသမား ကို‌မောင်လွင်က “ကျ‌နော်‌တွေ့တာက‌တော့ အဲဒီကားတင်တဲ့ကုန်ဟာ ဝိတ်(အ‌လေးချိန်) တအားများသလို လမ်းရဲ့နှုတ်ခမ်းကို နင်းပြီး‌တော့ ‌မောင်းတဲ့အတွက် ဝိတ်ထိန်းမနိုင်ပဲနဲ့ ကားက ‌မှောက်သွား တယ်။ ‌ရေတံခွန်အ‌ကွေ့‌လေးမှာ အ‌ပေါ်လမ်းက‌နေ ‌အောက်လမ်းကို ကျသွားတယ်။ ဘီး‌လေးဘီးက အ‌ပေါ်ကို‌ထောင်ပြီး‌တော့ ပက်လက်ကြီးလန်‌နေတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

တိမ်း‌မှောက်သွား‌သောယာဉ်သည် မြဝတီမှ ဖားအံသို့ ဒရိုင်ဘာ ဦးကြူးလှိုင်‌မောင် ‌မောင်းနှင်လာသည့် ယာဉ်အမှတ် ၂/ဂ ၇၃၇ဝ ဖြစ်ပြီး ကားမှာ အမြင့် ၁၅ကိုက်မှ ကိုက် ၂ဝအထိ ‌အောက်သို့ လိမ့်ကျသည့်အတွက် ကားမှာ အနည်းငယ်ပျက်စီးသွားပြီး ကား ဒရိုင်ဘာ အနည်းငယ် ဒဏ်ရာရရှိကာ လက်ရှိတွင် ‌ကော့ကရိတ် ပြည်သူ့‌ဆေးရုံ၌ ပို့‌ဆောင်ကုသထား‌ကြောင်း ‌ကော့ကရိတ် ယာဉ်ထိန်းရဲတပ်ကြပ် ဦး‌အောင်စိန်က ‌ပြောသည်။

“ဒီကားမှာ ယာဉ်‌မောင်းသူနဲ့ ကား‌နောက်လိုက်တို့ နှစ်‌ယောက်ပါတာ‌ပေါ့‌နော်။ ကား‌မှောက်‌တော့ ကား‌မောင်းသူက ခါးနာသွား တယ်လို့ သိရတယ်။ အခု ‌ဆေးရုံမှာပါ။ ‌နောက်ပြီး အခုလို ဖြစ်တာက မိုးတွင်းဘက်မှာ ‌တောင်ကျ‌ရေ‌တွေဟာ လမ်းမ‌ပေါ် ကတ္တ ရာကို ‌ရေထိုးဆင်းတိုက်စားတဲ့အတွက် ခဲလုံးများသာ ကျန်ရှိတယ်။ ဒါ‌ကြောင့် ကား‌တွေ ပစ္စည်းတင်‌ဆောင်လာတဲ့ ဝိတ်များတဲ့ ကား‌တွေ ‌မောင်းရခက်ခဲတယ်”ဟု ဦး‌အောင်စိန်က ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းတိမ်း‌မှောက်သွားသည် ‌ခြောက်ဘီးကားသည် စားသုံးကုန်ပစ္စည်များဖြစ်‌သော ဆီ၊ အချိုရည်၊ ‌ခေါက်ဆွဲ ‌ခြောက်၊ ‌ကော်ဖီနှင့် သ‌ရေစာမုန့်အမျိုးမျိုး သယ်‌ဆောင်ခဲ့သည်ဟု သိရသည်။

မြဝတီ-‌ကော့ကရိတ်‌တောင်‌ပေါ်ကားလမ်းတွင် ပြီးခဲ့သည့် ဧပြီလ ၁ဝရက်‌နေ့ကလည်း မြဝတီ-ဖြူး-‌တောင်ငူ ယာဉ်လိုင်းမှ ခရီး သည်တင် အို‌အေစစ်မှန်လုံကားသည် ဘရိတ်‌ပေါက်ပြီး ‌ချောက်ထဲသို့ ထိုးဆင်းတိမ်း‌မှောက်သွားခဲ့ရာ ခရီးသည် ၇ဦး ‌သေဆုံးပြီး ၃၈ဦး ဒဏ်ရာရရှိခဲ့သည်။ အလားတူ ဇူလိုင်လ ၁၅ရက်‌နေ့ကလည်း မြဝတီမှ ရန်ကုန်တိုက်ရိုက်သို့ ‌ပြေးဆွဲသည့် “အာကာသ” ယာဉ်လိုင်းမှ ခရီးသည်တင်ကားတစ်စီး ဝါယာ‌လျှော့ဖြစ်ပြီး မီး‌လောင်ကျွမ်းမှု ဖြစ်ပွားခဲ့‌သေးသည်။

မြဝတီ-‌ကော့ကရိတ် ‌တောင်‌ပေါ်ကားလမ်းသည် ကျဉ်း‌မြောင်း၍ အ‌ကွေ့အ‌ကောက်များပြီး လမ်းကြမ်းသည့်အတွက် သွားလာမှု လမ်း‌ကြောင်းကို အဆင်းတစ်ရက်၊ အတက်တစ်ရက် သတ်မှတ်ထား‌သော်လည်း ဆိုင်ကယ်များ၊ ကားများ မ‌တော်တဆ ဖြစ်ပွား မှု၊ ‌ချောက်ထဲသို့ တိမ်း‌မှောက်သွားမှုနှင့် ကားမီး‌လောင်မှုများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။