Home သတင်း နယ်စပ်စာသင်‌ကျောင်းများ သင်ရိုးညွှန်းတမ်းစာအုပ် လုံ‌လောက်မှုမရှိဖြစ်‌နေ

နယ်စပ်စာသင်‌ကျောင်းများ သင်ရိုးညွှန်းတမ်းစာအုပ် လုံ‌လောက်မှုမရှိဖြစ်‌နေ

1645

ဩဂုတ် ၉ရက်၊ ၂၀၁၄ခုနှစ်။ စဖန်း‌ရှောင်း

ကရင်ပြည်နယ်၊ နယ်စပ်တစ်‌လျှောက်တွင် ‌ကော်သူး‌လေပညာ‌ရေးဌာန KED က ဖွင့်လှစ်ထား‌သော စာသင်‌ကျောင်းများတွင် ဘတ်ဂျက်အခက်အခဲ‌ကြောင့် သင်ရိုးညွှန်းတမ်းစာအုပ်များ မလုံ‌လောက်မှုနှင့် ကြုံ‌တွေ့‌နေရ‌ကြောင်း KED အတွင်း‌ရေးမှူး ‌စော ‌လောအယ်မူးက ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

ဩဂုတ် ၄ရက်မှ ၆ရက်‌နေ့အထိ ထိုင်း- မြန်မာနယ်စပ် KNU ထိန်းချုပ်နယ်‌မြေ လှိုင်းဘွဲမြို့နယ်၊ တပ်မဟာ (၇)ရှိ ‌သေ‌ဘေထာ့‌နေ ရာတွင် ပြုလုပ်‌သော KED ၏ သုံးလပတ် အစည်းအ‌ဝေးအပြီးတွင် ကရင်ပညာ‌ရေးဌာန KED ၏ အတွင်း‌ရေးမှူးဖြစ်သူ ‌စော‌လော အယ်မူးက ထိုသို့ ‌ပြောဆိုလိုက်ခြင်းဖြစ်သည်။

၎င်းက “ဒီနှစ်ပညာသင်နှစ်မှာ ‌ကျောင်း‌တွေမှာ KED သင်ရိုးညွှန်းတမ်းစာအုပ်‌တွေအတွက် ‌ကျောင်းသူ‌ကျောင်းသား‌တွေအ တွက်တင် မကဘူး။ တချို့‌ဒေသ‌တွေမှာ ဆရာမ လက်စွဲကိုင်ဖို့‌တောင် လုံ‌လောက်မှု မရှိ‌သေးဘူး။ ဒီကိစ္စ‌တွေ ‌ဖြေရှင်းနိုင်ဖို့ အဓိ က လိုအပ်တာက‌တော့ ‌ငွေ‌ရေး‌ကြေး‌ရေး‌ပေါ့”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

သင်ရိုးညွန်းတမ်းစာအုပ် မလုံ‌လောက်မှုအတွက် ထပ်မံ ပုံနှိပ်နိုင်ရန် KED အ‌နေဖြင့် ဗဟို တာဝန်ရှိသူများနှင့် ဆက်လက်တိုင် ပင်သွားမည်ဖြစ်သလို လာမည့် စက်တင်ဘာလတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပညာ‌ရေးဆိုင်ရာ တာဝန်ရှိသူအား သွား ‌ရောက်ညှိနှိုင်း‌ဖြေရှင်းသွားရန်ရှိသည်ဟု ‌စော‌လောအယ်မူးက ဆက်‌ပြောသည်။

ကရင်ပြည်နယ်အတွင်း KED သင်ရိုးညွှန်းတမ်းအတိုင်း သင်ကြား‌ပေး‌သော စာသင်‌ကျောင်း ၂၃၅‌ကျောင်း၊ အစိုးရနှင့် တွဲဖက် သင်ကြား‌ပေး‌သော စာသင်‌ကျောင်း ၃၅၄‌ကျောင်းနှင့် အစိုးရမှ တိုက်ရိုက် ဖွင့်လှစ်ထား‌သော ‌ကျောင်း‌ပေါင်း ၇၀၄‌ကျောင်း စသ ဖြင့် စုစု‌ပေါင်း ၁၂၉၃‌ကျောင်းရှိပြီး သင်ကြား‌ပေး‌နေ‌သော ဆရာ၊ ဆရာမ‌ပေါင်း ၆၁၅၆ဦးရှိ‌ကြောင်း KED ၏ ၂၀၁၃-၂၀၁၄ ထုတ် ပြန်‌သော စာရင်းများအရ သိရှိရသည်။

၎င်းအပြင် အစိုးရဝန်ထမ်းဆရာ၊ ဆရာမများနှင့် KED ပညာ‌ရေးဝန်ထမ်းများအကြား ခွဲခြားဆက်ဆံမှုများ၊ အစိုးရနှင့် တွဲဖက် သင်ကြား‌ပေး‌သော ‌ကျောင်းများတွင် ကရင်စာကို ‌ကျောင်းချိန်ပြင်ပတွင် သင်ကြား‌ပေးသည့် အ‌ခြေအ‌နေများအပြင် အစိုးရ သင်ရိုးညွှန်းတမ်းနှင့် KED သင်ရိုးညွှန်းတမ်းများအကြား သင်ကြား‌ရေးပိုင်းတွင်လည်း အခက်အခဲများရှိ‌နေ‌ကြောင်း သိရသည်။

အဆိုပါကိစ္စရပ်များကို ‌ဖြေရှင်းနိုင်ရန် KNU ထိန်းချုပ်ရာ ခရိုင် ၇ခုအတွင်းရှိ၊ ခရိုင်နှင့် မြို့နယ် ပညာ‌ရေး တာဝန်ခံများ စုစု‌ပေါင်း ၁၀၀‌ကျော်က ‌သေ‌ဘေထာ့တွင် ‌တွေ့ဆုံပွဲပြုလုပ်ပြီး လက်ရှိ ရင်ဆိုင်‌နေရသည့် ပညာ‌ရေးဆိုင်ရာ အခက်အခဲများနှင့် ‌ဖြေရှင်းနိုင် မည့်နည်းလမ်းများကို ‌ဆွေး‌နွေးခဲ့ကြခြင်းဖြစ်သည်။

ဖားအံခရိုင် KED ပညာ‌ရေးဌာန အတွင်း‌ရေးမှူး ‌စောဖလက်ထူးက “ကျ‌နော်တို့ဆီက တချို့‌ကျောင်းမှာ ‌ကျောင်းသားနည်းတယ်။ ဆရာ၊ ဆရာမလည်းရှိတယ်။ အဲဒါကို အစိုးရက တစ်‌ကျောင်းကို ငါး‌ယောက်‌လောက်ပို့လာတယ်။ အစိုးရဝန်ထမ်းဆရာ၊ ဆရာမ ‌တွေကလည်း များ‌သောအားဖြင့် ဘွဲ့ရ‌တွေများတယ်။ အဲဒီ‌တော့ ကျ‌နော်တို့ဝန်ထမ်း ဆရာ၊ ဆရာမ‌တွေကို ခွဲခြားဆက်ဆံတာမျိုး ‌တွေ ‌တွေ့ရတယ်။ ပြီး‌တော့ ကရင်စကားမတတ်တဲ့ အခါကျ‌တော့ သင်ကြား‌ရေးပိုင်း‌ရောပဲ အခက်အခဲရှိတယ်။ က‌လေး‌တွေကို ဗမာလိုပဲ ‌ပြော‌နေ‌တော့ ဗမာစကား နားမလည်တဲ့ က‌လေး‌တွေက စာမသင်ချင်‌တောဘဲ ‌ကျောင်းထွက်လိုက်တာ‌တွေရှိတယ်”ဟု ‌ပြောသည်။

‌ကော်သူး‌လေပညာ‌ရေးဌာန KED သည် ကရင်အမျိုးသားအစည်းအရုံး(KNU)၏ လက်‌အောက်ခံဌာနတစ်ခုဖြစ်ပြီး ၂၀၀ဝခုနှစ်မှစ ၍ မြန်မာနိုင်ငံ အ‌ရှေ့ဘက်ခြမ်း မြို့နယ် ၂၆မြို့နယ်နှင့် ထိုင်း-မြန်မာနယ်စပ်တစ်‌လျှောက်ရှိ ‌ကျောင်းသား ‌ကျောင်းသူ‌ပေါင်း တစ်သိန်း‌လေး‌သောင်း‌ကျော်ကို ပညာ‌ရေးဆိုင်ရာအ‌ထောက်အပံ့များ ကူညီလုပ်‌ဆောင်လျှက်ရှိသည်။