Home သတင်း ဒုက္ခသည်များအတွက် ‌မြေ‌နေရာဝယ်ထား‌ကြောင်း တနသာင်္ရီတိုင်း ကရင်ဝန်ကြီး ‌ပြောဆို

ဒုက္ခသည်များအတွက် ‌မြေ‌နေရာဝယ်ထား‌ကြောင်း တနသာင်္ရီတိုင်း ကရင်ဝန်ကြီး ‌ပြောဆို

1610

ထီးခီးနယ်စပ်ဂိတ် ဖွင့်လှစ်ခဲ့ချိန်က ‌တွေ့ရသည့် တနသင်္ာရီတိုင်းအစိုးရ အဖွဲ့များ။

ဩဂုတ် ၂၇ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ထိုင်း-မြန်မာနယ်စပ်‌ဒေသရှိ ရွာပုန်းရွာ‌ရှောင် စစ်‌ပြေးဒုက္ခသည်များ ပြန်လာအ‌ခြေစိုက်ရန် ‌နေရာအတွက် ‌မြေဧက ၂၀ဝ ဝယ်ယူ ထားသည်ဟု တနသာင်္ရီတိုင်း‌ဒေသကြီးှ၏ ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ‌စောဟာဗီးက ဩဂုတ်လ ၂၇ရက်‌နေ့တွင် ‌ကေအိုင် စီသို့ ‌ပြောသည်။

ယင်းသို့ ဝယ်ထား‌သော‌မြေကွက်များမှာ တနသာင်္ရီတိုင်း‌ဒေသကြီး တနသာင်္ရီမြို့နယ် ‌ဝေါ‌တောင်နယ်စပ် ကုန်သွယ်‌ရေးစခန်း၌ ဖြစ်ပြီး အခြားစီးပွား‌ရေးလုပ်ငန်း လာ‌ရောက်လုပ်‌ဆောင်ရန် ‌နေရာမဟုတ်ဘဲ ဒုက္ခသည်သီးသန့်ပြန်လာ အ‌ခြေချနိုင်‌ရေးအတွက် ကိုယ်ပိုင်‌ငွေဖြင့် ဝယ်ထားခြင်းဖြစ်သည်ဟု ဝန်ကြီး‌စောဟာဗီးက ‌ပြောသည်။

၎င်းက “ဒုက္ခသည်‌တွေက ပြန်လာဖို့‌တော့ နီးပြီ။ အဲဒါကို သူတို့အတွက် ‌လော‌လောဆယ်‌တော့ အိမ်ယာ‌ဆောက်လုပ်ဖို့ ‌မြေဧက ၂၀ဝ ဝယ်ထား‌ပေးပြီ။ ဒါ‌ပေမယ့် အိမ်ရာ‌ဆောက်‌ပေးဖို့က ဘာအစီအစဉ်မှ‌တော့ မလုပ်ရ‌သေးဘူး။ အခု‌မြေ‌နေရာက လုပ်စားဖို့ ‌နေရာ မဟုတ်ဘူး။ အိမ်ရာ‌ဆောက်ဖို့ ‌မြေ‌နေရာပါ။ တကယ်လို့ ဒုက္ခသည်ပြန်လာရင် တိုင်း‌ဒေသကြီးအစိုးရအဖွဲ့က ကူညီဖို့ အ ဆင်သင့်ရှိတယ်”ဟု ဆိုသည်။

လက်ရှိအ‌နေဖြင့် ဒုက္ခသည်အိမ်‌ထောင်စု ၁၀ဝစု‌ကျော် ပြန်လာရန်ရှိသည်ဟု ကြားသိထားရပြီး ‌နောက်ထပ် ‌မြေပြန်ဝယ်ရန်အ တွက် ယခုထက်ကျယ်‌သော ‌နောက်ထပ်‌မြေ‌နေရာများကို ထားဝယ်‌ဒေသတွင် ရှာ‌ဖွေထားရန် စိတ်ကူးရှိသည်ဟု ‌စောဟာဗီးက ဆက်လက် ‌ပြောဆိုသည်။

ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ဘိတ်/ထားဝယ်ခရိုင် တွဲဖက်အတွင်း‌ရေးမှူး ပဒို‌စောအယ်နာက “ဝန်ကြီးက ‌မြေ‌နေ ရာဝယ်ထားတာ ကျ‌နော်တို့လည်း မသိပါဘူး။ ဒီ‌မြေဝယ်ထားပြီးတာနဲ့ ပတ်သက်ပြီး ကျ‌နော်တို့ ‌ကေအဲန်ယူ‌တွေနဲ့လည်း တိုင်ပင် ထား‌သေးတာ မရှိ‌သေးဘူး။ အဲဒါက သူကိုယ်တိုင်ပဲ ဝယ်ထား‌ပေးလို့ ဖြစ်မယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ကေအဲန်ယူအ‌နေဖြင့် လုပ်ငန်းကိစ္စမှန်သမျှကို အဆိုပါ တိုင်း‌ဒေသကြီး အစိုးရတာဝန်ရှိသူများနှင့် အစဉ်အမြဲ ‌ဆွေး‌နွေးထားမှုရှိပြီး ယခုလို ဒုက္ခသည် ပြန်လာ‌နေထိုင်ရန် ‌မြေ‌နေရာဝယ်ထားမှုမှာ ‌ဆွေး‌နွေးထားခြင်း မရှိ‌သေးသလို ဒုက္ခသည်ပြန်လာမည့်အ‌ရေးကို လည်း တစ်ဖက်တည်း လုပ်၍ မရနိုင်‌ကြောင်း၊ အစိုးရနှင့် ‌ကေအဲန်ယူတို့ နှစ်ဦးနှစ်ဖက် တိုင်ပင်စီစဉ်မှသာ ရမည်ဖြစ်‌ကြောင်းနှင့် ဒုက္ခသည်များ၏ ဆန္ဒသ‌ဘောထားအမှန် သိရှိရန်လို‌ကြောင်း ‌ကေအဲန်ယူ ဘိတ်/ထားဝယ်ခရိုင်က ဆိုသည်။

‌ကေအဲန်ယူ ထိန်းချုပ်ရာနယ်‌မြေ ကရင်ပြည်နယ်ရှိ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)နှင့် ဖားအံခရိုင်၊ တပ်မဟာ(၇)များတွင် နယ် စပ်ဖွံ့ဖြိုး‌ရေးနှင့် ပြန်လည်‌နေရာချ‌ပေး‌ရေးအတွက် ‌ကေအဲန်ယူနှင့် နယ်စပ်‌ရေးရာဝန်ကြီးဌာန၊ နယ်စပ်‌ဒေသများနှင့် တိုင်းရင်း သားလူမျိုးများ ဖွံ့ဖြိုးတိုးတက်‌ရေးဦးစီးဌာနများ၏ ခွင့်ပြုချက်ဘတ်ဂျက်များဖြင့် တန်ဖိုးနည်းအိမ်ရာများ ‌ဆောက်လုပ်ထားခြင်း များလည်းရှိသည်။