Home သတင်း ဒုက္ခသည်စခန်းများ က‌လေး‌မွေးစာရင်း ထားရှိသင့်‌ကြောင်း UNHCR ‌ပြောဆို

ဒုက္ခသည်စခန်းများ က‌လေး‌မွေးစာရင်း ထားရှိသင့်‌ကြောင်း UNHCR ‌ပြောဆို

1931

ဩဂုတ် ၂၅ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ဝေဖြိုးဇာ

မြန်မာနိုင်ငံ အ‌ခြေစိုက် ကုလသမဂ္ဂမဟာမင်းကြီးရုံး(UNHCR) တာဝန်ရှိသူများသည် ဩဂုတ်လ ၂ဝရက်‌နေ့က ထိုင်း-မြန်မာနယ် စပ်ရှိ အကြီးဆုံး ဒုက္ခသည်စခန်းဖြစ်သည့် မယ်လဒုက္ခသည်စခန်းသို့ သွား‌ရောက်ခဲ့ပြီး စခန်းတွင်းရှိ က‌လေးများ၏ ‌မွေးစာရင်း များရှိထားသင့်‌ကြောင်း ‌ပြောဆိုခဲ့သည်ဟု ‌ကေအိုင်စီက စုံစမ်းသိရှိရသည်။

မယ်လစခန်းသို့ UNHCR သွား‌ရောက်ခဲ့ခြင်းနှင့် ပတ်သက်၍ ကရင်ဒုက္ခသည်‌ကော်မတီ(KRC)အတွင်း‌ရေးမှူးဖြစ်သူ ‌စောပွယ်‌စေး က “ဒုက္ခသည်ပဲဖြစ်ဖြစ်၊ ဘယ်နိုင်ငံမှာပဲ‌နေ‌နေ လူတိုင်းက အခွင့်အ‌ရေးရှိတယ်။ ‌မွေးစာရင်းလက်မှတ် ရှိထားရင်‌တော့ ‌ကောင်းပါ တယ်။ ရှိထားရင် ကိုယ့်မှာ သက်‌သေတစ်ခုအ‌နေနဲ့ ချပြနိုင်ဖို့ မဆုံးရှုံးသင့်တာကို မဆုံးရှုံး‌စေဖို့ သူတို့က အဲဒါ‌တွေကို ရှင်းပြ တယ်။ ဒုက္ခသည်‌တွေကလည်း သူတို့သိချင်တာ‌တွေကို‌မေးပြီး အပြန်အလှန် ‌ဆွေး‌နွေးသွားတယ်”ဟု ‌ကေအိုင်စီသိုု့ ‌ပြောသည်။

ထိုခရီးစဉ်တွင် ရန်ကုန်မှ UNHCR တာဝန်ရှိသူ ၂ဦးနှင့် ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ UNHCR ဝန်ထမ်း ၂ဦးပါဝင်ပြီး ထိုင်းနိုင်ငံ မဲ‌ဆောက်အ‌ခြေစိုက် UNHCR တာဝန်ရှိသူများနှင့် ကရင်ဒုက္ခသည်‌ကော်မတီ(KRC) တာဝန်ရှိသူအချို့လည်း လိုက်ပါသွားခဲ့ ‌ကြောင်း သိရသည်။

မယ်လဒုက္ခသည်စခန်းသို့ သွား‌ရောက်ခဲ့သည့် UNHCR တာဝန်ရှိသူများသည် ဒုက္ခသည်များအား ‌နေရပ်ပြန်ပို့မည်ဟု သတင်း ထွက်‌ပေါ်မှု‌ကြောင့် ဖြစ်လာ‌သော ဒုက္ခသည်များ၏ စိုးရိမ်မှုများနှင့် ဒုက္ခသည်စခန်းအတွင်းရှိ က‌လေးများ ‌မွေးဖွားရာ‌ဆေးရုံများမှ ‌မွေးစာရင်းများ ထုတ်‌ပေးမှုများကို ‌လေ့လာခွင့်ရခဲ့ကြသည်ဟု KRC က ဆိုသည်။

မယ်လဒုက္ခသည်စခန်းမှ ‌နော်မာဆိုင်းက “ကျမက‌လေး‌တွေက စခန်းထဲမှာပဲ ‌မွေးတယ်ဆို‌တော့ ‌ဆေးရုံမှာ‌တော့ ‌မွေးစာရင်းရှိ တယ်။ ပြီး‌တော့ စခန်းက ‌ဆေးရုံတာဝန်ရှိသူ‌တွေ တနှစ်တစ်ခါ က‌လေး‌မွေးသက္ကရာဇ်‌တွေကို လာ‌ကောက်တယ်။ တကယ်လို့ က‌လေး‌မွေးစာရင်းမရှိရင် ဘယ်လိုအခွင့်အ‌ရေးရမလဲ၊ မရှိရင် ဘယ်လိုဆုံးရှှုံးမလဲ။ အဲဒါ‌တွေကို‌တော့ မသိဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်း ၉ခုရှိ ဒုက္ခသည်များအား ထိုင်းအဏာပိုင်များက ‌နေရပ်ပြန်ပို့မည်ဖြစ်‌ကြောင်း ထိုင်းနိုင်ငံ သတင်းဌာနကြီးနှင့် ပြည်တွင်းသတင်းစာအများစုတွင် သတင်းများ ထွက်ရှိသည့်‌နောက်ပိုင်း ဒုက္ခသည်စခန်းအတွင်း‌နေထိုင်သူ များက ယခုအချိန်ထိ စိုးရိမ်မှုများ တိုးပွားလာ‌နေခဲ့သည်။

ဒုက္ခသည်များ အခွင့်အ‌ရေးများ မဆုံးရှုံးရန် လိုအပ်‌နေ‌သော အ‌ထောက်အထားတစ်ခုဖြစ်သည့် ‌မွေးစာရင်းများကို က‌လေးတိုင်း လုပ်ထားသင့်‌ကြောင်း UNHCR က သွား‌ရောက်ရှင်းပြခဲ့ခြင်းဖြစ်သည်ဟု KRC က ဖြည့်စွက် ‌ပြောဆိုသည်။