Home ကဗျာ ထီးဆဲ့မဲ့ရွာဓ‌လေ့

ထီးဆဲ့မဲ့ရွာဓ‌လေ့

2125

(လကင်္ာဒီပ)

ညီညွှတ်ချင် စည်းလုံးချင်တယ်
ဆယ်စုနှစ် ရာစုနှစ်
ဟစ်‌အော် ‌မျှော်လင့်လို့‌နေဆဲ
ရင်ထဲ ရင်ထဲ‌တွေတိုင်းမှာ
ဘာသာတရား ဝါဒီများနဲ့
စည်းခြားကာ ထားကြ‌လေသလား
အခမ်းအနားချည်ဖြူပွဲ
နင်လည်းမလာ ‌ရှောင်ခွာ‌ပြေးလွှင့်
ကရင့်‌နေ့ထူး‌တော်ဝင်
အထင်‌သေး အမြင်‌သေးကာ ပြုရက်‌လေသလား။

ပတ်ဝန်းကျင်ကို မလိမ်နဲ့
ကိုယ့်ရဲ့အမျိုးကို မလိမ်ဖို့လို
မိမိကိုယ်လည်း မလိမ်‌ကြေး
‌ဟေး……ကရင်‌တွေ ကရင်မှန်းသိကြမှ
ဆန္ဒ‌တွေ ပြည့်ဝနိုင်မယ့်အ‌ရေး
ညီညွတ်‌ရေး ‌သွေးနီးတဲ့ပြယုဂ်
မင်းထုတ်‌ဖော်ဖို့ မပျက်ကွက်သင့်ဘူး။

‌သွေးစည်းခိုင်မာခြင်း
ရင်းနှီးချစ်ကြည်ခြင်း
ပွင့်လင်းဖြူစင်ခြင်း
ရင်တွင်းသစ္စာမြဲတည်ခြင်း
တင်းကြပ်သံ‌ယောဇဉ်
ဂန္တဝင်‌မြောက် ရိုး‌မြေကျ‌ပေါင်းစည်းခြင်း
အဆင်းသဏ္ဍာန် ဟန်မ‌ဆောင်တတ်ခြင်း
အလျင်း သူရဲ‌ဘောမ‌ကြောင်တတ်ခြင်း
သင်းပျံ့ရနံ့နဲ့ ရဲရင့်ခြင်းတဲ့
အိုဘယ့်….ထီးဆဲ့မဲ့ရွာဓ‌လေ့
နင်မ‌မေ့လိုက်နဲ့ ဘယ်‌သောဘယ်အခါမှ။

‌ဝေးလွှင့်သွား‌စေ နတ်မိစ္ဆာ
အနာ‌ရောဂါပ‌ယောဂ
ထွက်ကြစမ်းကွဲ့ဒီခန္ဓာ
ပလူးလာ ပလူးလာ
ပြန်လာပါ‌လေ သန့်ရှင်းလိပ်ပြာများ
အဖွားရယ် အဖိုးရယ်
‌ဆွေမျိုးရယ် ‌မောင်နှမရယ်
ကြင်‌ဖော်ရယ် ချစ်မိတ်‌ဆွေရယ်
လက်ကမ်းရယ် ကြို‌နေလျက်ကွယ်။

‌လေပြင်းမုန်တိုင်း
သဲဝါလှိုုင်း‌တွေကြား
လွှင့်ပါးသွားကြသ‌လေ
တို့‌ဆွေတို့မျိုး
မိုးထိ ပါးထိတ‌တွေ
ပြန်လာ‌လေ ပြန်ဆုံမယ်‌လေ
ချည်ဖြူ‌တွေ လက်မှာဆွဲ
‌သေလည်းအတူ မခွဲအတူ ချစ်ကြပါစို့‌လေး။

ဩဂုတ်လ ၂၂၊ ၂၀၁၄။