Home သတင်း ချစ်ကြည်ငြိမ်းချမ်းကုမ္ပဏီနှင့် မသက်ဆိုင်ဟု KNLA စစ်ဦးစီးချုပ်ရုံး ထုတ်ပြန်

ချစ်ကြည်ငြိမ်းချမ်းကုမ္ပဏီနှင့် မသက်ဆိုင်ဟု KNLA စစ်ဦးစီးချုပ်ရုံး ထုတ်ပြန်

1902

ဩဂုတ် ၁ရက်၊ ၂၀၁၄ခုနှစ်။ စဖန်း‌ရှောင်း

ရန်ကုန်တိုင်း၊ သာ‌ကေတမြို့နယ် သာ‌ကေတ‌တောင်ရပ်ကွက်(၂) ဇဂင်္မလမ်း၌ ဇူလိုင်လ ၃ဝရက်‌နေ့က ဖွင့်လှစ်ခဲ့သည့် “ချစ် ကြည်ငြိမ်းချမ်း” ကုမ္ပဏီလီမိတက် KNLA စီးပွား‌ရေးဆိုင်ရာ ညှိနှိုင်းမှုရုံးမှာ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် KNLA စစ်ဦးစီးချုပ်ရုံးမှ ခွင့်ပြုထားခြင်း၊ ညွှန်ကြားခိုင်း‌စေထားခြင်းများလည်း မရှိခဲ့‌ကြောင်း KNLA ဗဟိုစစ်ဦးစီးဌာနချုပ်၊ စစ်ဦးစီးချုပ်ရုံး က ယမန်‌နေ့ည‌နေက ထုတ်ပြန်‌ကြေညာလိုက်သည်။

“ဒီကိစ္စက ကျ‌နော်တို့အ‌ပေါ် အများအမြင်မှာ ယုန်ထင်‌ကြောင်ထင် ဖြစ်‌စေပါတယ်။ ကျ‌နော်တို့လည်း မသိဘူး။ အဲလိုလုပ်ဖို့ ခိုင်း ထားတာလည်း မရှိပါဘူး။ ဘယ်လိုရည်ရွယ်ချက်နဲ့လုပ်တာလဲ မသိ‌ပေမယ့် ‌သေချာတာက‌တော့ ကျ‌နော်တို့လို စစ်တပ်အ‌နေနဲ့ လုံးဝကို ပတ်သက်မှုမရှိပါဘူး”ဟု KNLA စစ်ဦးစီးချုပ်ရုံး၏ တွဲဖက်စစ်‌ရေးချုပ် ဗိုလ်မှူးချုပ် စ’ရှာထု‌ဝေါ်က ဆိုသည်။

ကရင်အမျိုးသားအစည်းအရုံး-KNU တပ်ဖက်ဆိုင်ရာအ‌နေဖြင့် KNLA တပ်မှူးတပ်သားများအားလုံး စီးပွား‌ရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်မှု လုံးဝ မရှိ‌စေရဟု သက်ဆိုင်ရာ KNU တပ်မဟာများအလိုက် ညွန်ကြားချက်များလည်း ရှိထားခဲ့ပြီးဖြစ်‌ကြောင်း လည်း ဗိုလ်မှူးချုပ် စ’ရှာထု‌ဝေါ်က ဆက်လက်‌ပြောဆိုသည်။

KNLA စစ်ဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်ထဲတွင် အဖွဲ့အစည်းအတွင်းမှ တပ်မှူးတစ်ဦးဦးက ပါဝင်ပတ်သက်သည်ဆိုပါက ထိုသူတစ် ဦးတည်း၏သ‌ဘောသာဖြစ်ပြီး အဆိုပါလုပ်ရပ်မှာ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် KNLA နှင့် ကရင်အမျိုးသားအ စည်းအရုံး KNU ဗဟို၏ လမ်းညွန်မှုကို ဆန့်ကျင်ရာ‌ရောက်‌ကြောင်း ‌ဖော်ပြထားသည်။

ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် KNLA စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီး‌စော‌ဂျော်နီကလည်း “အမှန်‌တော့ စစ်တပ် ဆိုတာဟာ စီးပွား‌ရေးလုပ်ပိုင်ခွင့်မှ မရှိတာ။ ဒါ လုပ်တာရှိရင် ဘယ်သူဘယ်ဝါဆိုတာ ‌ခေါ်ပြီး ‌မေးမြန်းသွားရမှာ‌ပေါ့”ဟု ‌ကေအိုင်စီ သို့ ‌ပြောသည်။

အဆိုပါ ချစ်ကြည်ငြိမ်းချမ်း ကုမ္ပဏီဖွင့်လှစ်ပွဲနှင့်အတူ KNLA တပ်မဟာ(၂) ‌တောင်ငူခရိုင် “‌နော်ဘူ‌ဘော”နှင့် KNU/KNLA-PC မဲလအထူး‌ဒေသ၏ “မဲလ‌ရှေ့‌ဆောင်” ကုမ္ပဏီများ မိတ်ဆက်ခြင်း အခမ်းအနားကို ပြုလုပ်ခဲ့ပြီး “‌နော်ဘူ‌ဘော”ကုမ္ပဏီကို KNLA တပ်မဟာ(၂) ‌တောင်ငူခရိုင်အမည်ကို အလွဲသုံးစားပြုထား‌ကြောင်း ဇူလိုင် ၂၈ရက်‌နေ့က ကန့်ကွက် အသိ‌ပေးစာတစ်‌စောင် ‌ပေးပို့ခဲ့ပြီးဖြစ်သည်။