Home သတင်း ကရင်ပြည်နယ်တွင် ပုဒ်မ ၄၃၆ပြင်ဆင်‌ရေး လက်မှတ် ၅၇,၀၀၀‌ကျော်‌ကောက်ခံရရှိ

ကရင်ပြည်နယ်တွင် ပုဒ်မ ၄၃၆ပြင်ဆင်‌ရေး လက်မှတ် ၅၇,၀၀၀‌ကျော်‌ကောက်ခံရရှိ

1677

ဩဂုတ် ၆ရက်၊ ၂၀၁၄ခုနှစ်။ ‌စောထွန်းလင်း

၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ ပြင်ဆင်‌ရေးအတွက် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်(NLD)နှင့် ၈၈မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အ စည်းတို့ ပြည်သူများထံမှ ‌ထောက်ခံသည့်လက်မှတ် ‌ကောက်ယူရာတွင် ကရင်ပြည်နယ်၌ လက်မှတ်‌ပေါင်း ၅၇,၈၆၇ ‌ကောက်ခံရ ရှိ‌ကြောင်း NLD က ထုတ်ပြန်သည့် စာရင်း‌ပေါင်းချုပ်တွင် ‌ဖော်ပြထားသည်။

ကရင်ပြည်နယ်အတွင်း ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ ပုဒ်မ ၄၃၆ ပြင်ဆင်‌ရေးအတွက် ‌ဒေသခံပြည်သူများထံမှ လက်မှတ်များ စု ‌ဆောင်း‌ကောက်ယူရာတွင် ပြည်နယ်အတွင်းရှိ မြို့နယ် ၇ခုစလုံးမှ ‌ကောက်ယူနိုင်ခဲ့‌သော်လည်း မြို့နယ်အများစု၏ မြို့‌ပေါ်ရပ်ကွက် များ၌သာ ‌ကောက်ယူနိုင်ခဲ့‌ကြောင်း၊ ‌ကျေးရွာများသို့ သွား‌ရောက်‌ကောက်ယူရာတွင် မိုးရာသီဖြစ်သည့်အတွက် ဆက်သွယ်‌ရေး ခက်ခဲပြီး သွားလာရန်လည်း မလွယ်ကူ‌ကြောင်း ကရင်ပြည်နယ် NLD ဥက္ကဌ နန်းခင်‌ထွေးမြင့်က ‌ကေအိုင်စီသို့ ‌ပြောသည်။

သူမက “ကရင်ပြည်နယ် ဖာပွန်မြို့နယ်နဲ့ သံ‌တောင်ကြီးမြို့နယ်‌တွေဆို သွားလာရမလွယ်ဘူး။ ‌နောက်တခုက မြို့ကြီးပြကြီး‌တွေလို ‌ဈေး‌တွေမှာ လက်မှတ်ထိုးဖို့ ‌နေရာလုပ်ဖို့မလွယ်ဘူး။ အများစုက မြို့‌ပေါ်ရပ်ကွက်‌တွေ‌လောက်ပဲ လက်မှတ်‌ကောက်နိုင်ခဲ့တယ်။ ဒါ ‌ကြောင့် လက်မှတ်ငါး‌သောင်း‌ကျော်ပဲ ရတာဖြစ်တယ်”ဟု ‌ပြောသည်။

NLD နှင့် ၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူး‌ပေါင်းလုပ်‌ဆောင်သည့် ပုဒ်မ ၄၃၆ ပြင်ဆင်‌ရေး ပြည်သူလူထု၏ လက်မှတ် ‌ကောက်ယူ‌ရေး စီမံချက်ကို ယခုနှစ်၊ ‌မေလ ၂၇ရက်‌နေ့မှ ဇူလိုင်လ ၁၉ရက်‌နေ့အထိ နှစ်လနီးပါးကြာလုပ်‌ဆောင်ခဲ့ရာတွင် နိုင်ငံ တစ်ဝှမ်းလုံး လက်မှတ်စုစု‌ပေါင်း ၄,၉၄၁,၉၉၈ကို ‌ကောက်ယူရရှိခဲ့သည့်အနက် ရန်ကုန်တိုင်း‌ဒေသကြီး၌ လက်မှတ်‌ပေါင်း ၁,၀၃၂,၇၁၁ခုဖြင့် အများဆုံးရရှိကာ ကယားပြည်နယ်တွင် လက်မှတ်‌ပေါင်း ၁၀,၀၈၁နှင့် အနည်းဆုံး‌ကောက်ခံရရှိ‌ကြောင်း လက်မှတ်‌ကောက်ယူရရှိမှု စာရင်း‌ပေါင်းချုပ်တွင် ‌ဖော်ပြထားသည်။

ယင်းသို့ ‌ကောက်ယူရရှိသည့် လက်မှတ်များကို လွှတ်‌တော်သို့ တင်ပြသွားမည်ဖြစ်‌ကြောင်း လက်မှတ် ‌ကောက်ယူ‌ရေးနှင့် ပတ် သက်၍ ဩဂုတ်လ ၆ရက်‌နေ့ ည‌နေ ၃နာရီမှ ၄နာရီခွဲထိ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ NLD ရုံးချုပ်၌ပြုလုပ်‌သော သတင်းစာရှင်း လင်းပွဲတွင် ပါတီ၏ ဗဟိုအလုပ်အမှု‌ဆောင် ဦးဉာဏ်ဝင်းက ‌ပြောသည်။

လက်ရှိတွင် ပြည်‌ထောင်စုလွှတ်‌တော် ဖွဲ့စည်းပုံပြင်ဆင်နိုင်‌ရေး အ‌ကောင်အထည်‌ဖော်မှု ‌ကော်မတီကို ပြည်‌ထောင်စုလွှတ်‌တော် ကိုယ်စားလှယ် ၃၁ဦးဖြင့် ဖွဲ့စည်းထားပြီး ပုဒ်မ ၄၃၆ကိုပြင်ဆင်ရန် ယင်း‌ကော်မတီအစည်းအ‌ဝေးတွင် ဆုံးဖြတ်လိုက်ပြီးဖြစ် ‌ကြောင်း ‌ကော်မတီနှင့် နီးစပ်သည့် အမျိုးသားလွှတ်‌တော် ကိုယ်စားလှယ်တစ်ဦးက ဇွန်လဆန်းပိုင်းတွင် ‌ပြောဆိုထားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေတွင် အဓိကကျသည့် ပုဒ်မများကို ပြင်ဆင်မည်ဆိုပါက ပြည်‌ထောင်စု လွှတ်‌တော်ကိုယ်စားလှယ် ၇၅ရာခိုင်နှုန်း‌ကျော်က ပြင်ဆင်ရန် သ‌ဘောတူပြီး‌နောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲ‌ပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်‌ကျော်ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဟု ပုဒ်မ ၄၃၆တွင် ပြဌာန်းထားသည့်အတွက် ယင်းပုဒ်မသည် ဖွဲ့စည်းပုံပြင်ဆင်‌ရေး အတွက် အဓိကကျ‌ကြောင်း နိုင်ငံ‌ရေးသမားများက သုံးသပ်ထားသည်။

ကရင်ပြည်နယ်တွင် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲ မဲစာရင်းများတွင် အသက် ၁၈နှစ်ပြည့်ပြီးသူ ၄၈၉,၀၀၀‌ကျော်ရှိ‌ကြောင်း ပြည်‌ထောင်စု ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။