Home သတင်း ကရင့်ရိုးရာ လက်ချည်ပွဲဆိုင်ရာ ပ‌ဟေဠိပြိုင်ပွဲ ပန်းတ‌နော်တွင် ကျင်းပ

ကရင့်ရိုးရာ လက်ချည်ပွဲဆိုင်ရာ ပ‌ဟေဠိပြိုင်ပွဲ ပန်းတ‌နော်တွင် ကျင်းပ

2100

ဩဂုတ် ၉ရက်၊ ၂၀၁၄ခုနှစ်။ ‌စောထွန်းလင်း

ကရင့်ရိုးရာလက်ချည်ပွဲဆိုင်ရာ ပ‌ဟေဠိပြိုင်ပွဲတစ်ရပ်ကို ပန်းတ‌နော်မြို့နယ်၊ ဝဲ‌ဒေါင့်‌ကျေးရွာအုပ်စု၊ အစုကြီး‌ကျေးရွာ၊ ကရင်လူ ငယ်အသင်းက ဦးစီး၍ ဩဂုတ် ၇ရက်‌နေ့၊ ‌နေ့လည်ပိုင်းတွင် အမှတ်(၁)အ‌ခြေခံပညာ အလယ်တန်း‌ကျောင်း၊ အစုကြီး‌ကျေးရွာ ‌ကျောင်းခမ်းမ၌ ကျင်းပခဲ့သည်။

၎င်းပြိုင်ပွဲကို လက်ချည်ပွဲဆိုင်ရာ ရိုးရာပွဲ‌တော်အ‌ကြောင်းကို ကရင်လူငယ်များ ပိုမိုသိရှိနားလည်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်‌ပေါ် လာ‌စေ‌ရေး၊ ကရင်လူငယ်များစုစည်းနိုင်‌ရေး၊ ရိုးရာဓ‌လေ့ကို ‌ရေရှည်ထိန်းသိမ်းနိုင်‌စေရန် ရည်ရွယ်ကာ ကျင်းပခြင်းဖြစ်‌ကြောင်း ပွဲဖြစ်‌မြောက်‌ရေးဦး‌ဆောင်သူတစ်ဦးဖြစ်သည့် ဝဲ‌ဒေါင့်‌ကျေးရွာအုပ်စု ကရင်လူငယ်အဖွဲ့ ဥက္ကဌ စသက်နိုင်ဝင်းက ‌ပြောသည်။

“ကိုယ့်ကရင်ရိုးရာဓ‌လေ့အ‌ကြောင်းကို လူငယ်‌တွေ ပိုမိုသိ‌အောင် ဒီလိုလက်ချည်ပွဲမျိုးမှာ ပ‌ဟေဠိပြိုင်ပွဲလုပ်တာပါ။ ဒီပွဲမှာဆိုရင် လည်း ပထမဆုံးအကြိမ် ကျ‌နော်တို့လုပ်တာ ဖြစ်ပါတယ်”ဟု စသက်နိုင်ဝင်းက ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

ယင်းလက်ချည်ပွဲကို ‌နေ့လည် ၁နာရီမှ ၃နာရီ‌ကျော်အထိ ကျင်းပခဲ့ပြီး လက်ချည်ပွဲ အစီအစဉ်ပြီး‌နောက် ပ‌ဟေဠိပြိုင်ပွဲကို ဆက် လက်ကျင်းပရာ ရုန်း‌ကျောင်း၊ လက်ပံပင်၊ ချမ်းသာကြီး၊ အစုကြီး‌ကျေးရွာတို့မှ ကရင်လူငယ် ၁၇ဦး ဝင်‌ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲ ဝင်သူများကို လက်ချည်ပွဲသည် ရိုးရာပွဲ‌တော် ဟုတ်မဟုတ်၊ ဘာသာ‌ရေးနှင့် သက်ဆိုင်သည့် ပွဲ‌တော်ဟုတ်မဟုတ်၊ လက်ချည်ပွဲ အသုံးပြု‌သော ကြံ၊ ငှက်‌ပျောသီး၊ ထမင်းဆုပ်၊ ‌ကောက်ညှင်းထုပ်၊ နတ်ပန်းနွယ်၊ ‌ရေ‌အေးနှင့် ချည်ဖြူတို့၏ အဓိပ္ပါယ်ဖွင့်ဆိုချက် အပါအဝင် လက်ချည်ပွဲနှင့် ပတ်သက်၍လည်း ‌မေးမြန်းခဲ့သည်ဟု သိရသည်။
IMG_9699
ပြိုင်ပွဲတွင် လက်ပံပင်‌ကျေးရွာသူ နန့်သန္တာဝင်းက ပထမ၊ ရုန်း‌ကျောင်း‌ကျေးရွာသူ စရှိုင်းထက်‌အောင်က ဒုတိယနှင့် ချမ်းသာကြီး ‌ကျေးရွာသူ နန့်‌အေး‌အေးမာက တတိယ အသီးသီးရရှိခဲ့ပြီး ဆုရရှိသူများကို ပန်းတ‌နော်မြို့နယ်လုံးဆိုင်ရာ ကရင်နှစ်သစ်ကူးပွဲ ‌တော် ပ‌ဟေဠိပြိုင်ပွဲသို့ ဝင်‌ရောက်ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်‌ကြောင်း စသက်နိုင်ဝင်းက ဖြည့်စွက်‌ပြောသည်။

ပြိုင်ပွဲဒုတိယဆုရရှိခဲ့သူ စရှိုင်းထက်‌အောင်က “အခုလို ပြိုင်ပွဲမျိုးလုပ်‌ပေး‌တော့ ကရင်လူငယ်‌တွေစုစည်းပြီး တိမ်‌ကော‌နေတဲ့ ရိုး ရာ၊ ယဉ်‌ကျေးမှုကို ပြန်လည်‌ဖော်ထုတ်တဲ့‌နေရာမှာ အ‌ထောက်အကူဖြစ်‌စေတယ်။ ဘာသာ‌ရေးပွဲ‌တော် မဟုတ်ဘူးဆိုတာလည်း ရှင်းရှင်းလင်းလင်းသိလာတယ်။ ဘာလို့လဲဆို‌တော့ ဒီလက်ချည်ပွဲက ဘာသာ‌ရေးအယူအဆ‌တွေ မရှိခင်ကတည်းက ဘိုးဘွား ‌တွေ လုပ်လာတာ‌လေ။ လူငယ်‌တွေအ‌နေနဲ့ ဒါ‌တွေကို စည်းစည်းလုံးလုံးနဲ့ ထိန်းသိမ်းကြပါလို့ ‌ပြောချင်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပန်းတ‌နော်မြို့နယ်ရှိ ဝဲ‌ဒေါင့်‌ကျေးရွာအုပ်စုတွင် လက်ချည်ပွဲကို နှစ်စဉ်ကျင်းပလာခဲ့ဖြစ်ပြီး ယခုနှစ် ၇ကြိမ်‌မြောက်တွင် ပန်းတ‌နော် မြို့ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ ဒုဥက္ကဌ မန်းထိန်ဝင်းစိန်၊ ကရင့်‌ကြေးမုံမဂ္ဂဇင်း တာဝန်ခံအယ်ဒီတာ မန်း‌နောင်မင်းထီး မန်၊ လူငယ့်အလင်း‌ရောင်မဂ္ဂဇင်း တာဝန်ခံအယ်ဒီတာ စ‌ကျော်မျိုး‌အောင်(ဥပ‌ဒေ)၊ ပြိုင်ပွဲဒိုင်အဖွဲ့ဝင်များ အပါအဝင် ‌ဒေသခံ ကရင်အမျိုးသား၊ အမျိုးသမီး စုစု‌ပေါင်း ၁၅၀‌ကျော် တက်‌ရောက်ခဲ့ကြသည်။