Home သတင်း ကရင်အမျိုးသားပါတီ ယာယီ ဥက္ကဌနှစ်ဦး ‌ရွေးချယ်

ကရင်အမျိုးသားပါတီ ယာယီ ဥက္ကဌနှစ်ဦး ‌ရွေးချယ်

1618

ဩဂုတ် ၂ရက်၊ ၂၀၁၄ခုနှစ်။ ‌စောထွန်းလင်း

ပြည်‌ထောင်စု ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်က ပါတီတည်‌ထောင်ခွင့်ပြုလိုက်သည့် ကရင်အမျိုးသားပါတီ(KNP)၏ ယာယီ ဥက္ကဌအ ဖြစ် မန်း‌ကျော်ငြိမ်းနှင့် ဒုဥက္ကဌအဖြစ် မန်းမင်းရဲ‌ထွေးတို့ကို ဩဂုတ် ၂ရက်‌နေ့က ပန်းတ‌နော်မြို့နယ်၊ မရမ်းကုန်း‌ကျေးရွာအုပ်စု၌ ကိုယ်စားလှယ်‌ပေါင်း ၃၆ဦးတက်‌ရောက်ခဲ့‌သော ပါတီ‌ခေါင်း‌ဆောင်များအစည်းအ‌ဝေးတွင် ‌ရွေးချယ်လိုက်သည်။

KNP ယာယီ ဥက္ကဌဖြစ်လာသူ မန်း‌ကျော်ငြိမ်းက “ကျ‌နော်တို့ပါတီအ‌နေနဲ့ လက်ရှိ ပါတီတည်‌ထောင်ခွင့်ကို ပြည်‌ထောင်စု ‌ရွေး ‌ကောက်ပွဲ‌ကော်မရှင်က ခွင့်ပြုလိုက်ပြီ။ ဒီ‌တော့ ပါတီမှတ်ပုံတင်ဖို့ ‌ခေါင်း‌ဆောင်နှစ်ဦး ‌ရွေး‌ပေးဖို့လိုတယ်။ ဒါ‌ကြောင့် အခု‌ရွေးတာ။ ကျ‌နော့်အ‌နေနဲ့ ပါတီတရားဝင်မှတ်ပုံတင်ရရှိဖို့ အားလုံးကိုယ်စား ဆက်လက်လုပ်‌ဆောင်သွားမယ်။ မှတ်ပုံတင်ရရှိပြီးရင်‌တော့ ပါတီအလုပ်အမှု‌ဆောင်အဖွဲ့နဲ့ ‌ခေါင်း‌ဆောင်ပိုင်း ပြန်‌ရွေးချယ်သွားမှာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ အစည်းအ‌ဝေးမှာ မွန်းလွဲ ၁နာရီမှ ည‌နေ ၄နာရီအထိ ကြာမြင့်ခဲ့ပြီး ပါတီ‌ခေါင်း‌ဆောင်နှစ်ဦး‌ရွေးချယ်ခြင်း၊ ပြည်‌ထောင်စု ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်သို့ တင်ပြမည့် ပါတီအလံကိစ္စ၊ အမှတ်တံဆိပ်နှင့် ပါတီမူဝါဒများ ‌ဆွေး‌နွေးအတည်ပြုခြင်း အပါအဝင် ပါတီရုံးချုပ်ကို ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ခဝဲခြံ(၁)လမ်းတွင် ဖွင့်လှစ်သွားရန် သ‌ဘောတူဆုံးဖြတ်ခဲ့ကြ‌ကြောင်း သိရသည်။

ယခုကဲ့သို့ ကရင်အမျိးသားပါတီတည်‌ထောင်ရန် ပြင်ဆင်လုပ်ကိုင်‌နေခြင်းနှင့်ပတ်သက်၍ ရန်ကုန်ကရင်နှစ်သစ်ကူးပွဲ‌တော် ကျင်းပ‌ရေး ဗဟို‌ကော်မတီဝင် မန်းသန်းဝင်းဦးက ကြိုဆို‌ထောက်ခံ‌ကြောင်း ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

“ကရင်ပြည်နယ်အတွင်းမှာ‌တောင် ကရင်နိုင်ငံ‌ရေးပါတီ သုံးခု‌လောက်ရှိတယ်။ ကရင်ပြည်နယ် ပြင်ပမှာက ကရင်ပြည်သူ့ပါတီ တစ်ခုပဲရှှိပြီး ကရင်အများစု ‌နေထိုင်တဲ့‌ဒေသ‌တွေကို မလွှမ်းခြုံနိုင်‌သေးတာ ‌တွေ့ရတယ်။ အခုလို KNP ‌ပေါ်လာတဲ့အတွက် ကိုယ့် လူမျိုး‌တွေရဲ့အ‌ရေးကို ပိုပြီးလွှမ်းခြုံလုပ်နိုင်မယ်လို့ မြင်တယ်။ အ‌ရေးကြီးတာ ကရင်ပါတီ‌တွေအ‌နေနဲ့ နားလည်မှုရှိရှိ ချိတ်ဆက်ပြီး ‌တော့ ကိုယ့်အမျိုးသား‌တွေအတွက် လုပ်‌ဆောင်‌ပေးဖို့ လိုတယ်”ဟု မန်းသန်းဝင်းဦးက ‌ပြောသည်။

ကရင်အမျိုးသားပါတီ(KNP) တည်‌ထောင်ရန် ၂၀၁၄ခုနှစ်၊ ဇန်နဝါရီ ၂၅ရက်‌နေ့က ဧရာဝတီတိုင်း‌ဒေသကြီး၊ ‌ကျောင်းကုန်းမြို့ နယ်၊ တံခွန်တိုင်‌ကျေးရွာ၌ ပါတီဖြစ်‌မြောက်‌ရေး‌ကော်မတီကို စတင်ဖွဲ့စည်းခဲ့ပြီး‌နောက် ဧပြီလ ၂၇ရက်‌နေ့တွင် ဝါးခယ်မမြို့နယ်၊ ‌ပေ‌တော‌ကျေးရွာ၌ ပြုလုပ်ခဲ့သည့် လူထု‌တွေ့ဆုံပွဲတွင် ပါတီတည်‌ထောင်လိုသူ ၁၅ဦးကို ‌ရွေးချယ်ခဲ့ကြသည်။

ပြီးခဲ့သည့် ဇွန်လ ၂ရက်‌နေ့က KNP အ‌နေဖြင့် ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင်ထံ ပါတီတည်‌ထောင်ခွင့်‌လျှောက်ထားရာ ‌ကော်မရှင်က ဇူလိုင်လ ၁၆ရက်‌နေ့တွင် ပါတီအမှတ်စဉ် ၈၃ဖြင့် တည်‌ထောင်ခွင့်ပြုမှုရရှိခဲ့ပြီး လက်ရှိ ပါတီမှတ်ပုံတင်ရန် ‌ဆောင် ရွက်လျှက်ရှိ‌ကြောင်း သိရသည်။