Home သတင်း ကရင်လူမှုအဖွဲ့အစည်းများကို နယ်စပ်ဖွံ့ဖြိုး‌ရေးလုပ်ငန်းစဉ်များ KCBNG မိတ်ဆက်

ကရင်လူမှုအဖွဲ့အစည်းများကို နယ်စပ်ဖွံ့ဖြိုး‌ရေးလုပ်ငန်းစဉ်များ KCBNG မိတ်ဆက်

1758

ဩဂုတ် ၇ရက်၊ ၂၀၁၄ခုနှစ်၊ နန်း‌ချောင်‌ဖော့

ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ်၊ ‌ဒေါနအ‌ရှေ့ခြမ်းတွင် အ‌ခြေစိုက် ကရင်လူထုအ‌ခြေပြုကွန်ရက်အဖွဲ့ (KCBNG)က ၎င်းတို့ ‌ဆောင်ရွက်သွားမည့် ဖွံ့ဖြိုး‌ရေးနှင့် ပညာ‌ရေးလုပ်ငန်းစဉ်များကို ထိုင်း-မြန်မာနယ်စပ်ရှိ အခြားကရင်လူထုအ‌ခြေပြုအဖွဲ့များ၊ ပြည် တွင်းရှိ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ဩဂုတ်လ ၅ရက်‌နေ့က မိတ်ဆက်ခဲ့သည်။

KCBNG သည် ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)ထိန်းချုပ်နယ်‌မြေ ‌ကော့ကရိတ်မြို့နယ် ‌ဒေါနအ‌ရှေ့ခြမ်းနှင့် ‌ဒေါနအ ‌နောက်ခြမ်း၊ လှိုင်းဘွဲမြို့နယ်နှင့် မွန်ပြည်နယ်၊ ‌ရေးမြို့နယ်တို့တွင် ရပ်ရွာလူထုပညာ‌ရေးနှင့် စွမ်းရည်မြှင့်တင်‌ရေးစီမံကိန်းအဖြစ် ၂၀၁၄ခုနှစ်၊ ဇူလိုင်လ ၁ရက်‌နေ့မှ ၂၀၁၅ခုနှစ် ဒီဇင်ဘာလကုန်အထိ လုပ်‌ဆောင်သွားရန် ဖားအံမြို့၊ သု‌မေဓာရာမကြား‌တောရ ‌ကျောင်းတွင် ကျင်းပသည့် ၎င်း‌တွေ့ဆုံပွဲတွင် KCBNG ၏ စီမံကိန်းမန်‌နေဂျာ ‌နော်စန္ဒာဝိုင်းက ထိုသို့‌ပြောဆိုခဲ့သည်။

“အဓိက‌တော့ အပစ်ရပ်‌နေတဲ့ကာလမှာ ကရင်ပြည်နယ်မှာရှိတဲ့ ပြည်သူလူထု‌တွေရဲ့‌ဒေသမှာ ဖွံ့ဖြိုး‌ရေးနဲ့ ပညာ‌ရေးကို ‌ထောက်ပံ့ ကူညီပံ့ပိုးနိုင်‌အောင် လိုအပ်ချက်အ‌ပေါ်မှာ KCBNG က လက်‌တွေ့ အ‌ကောင်အထည်‌ဖော်နိုင်မယ့်လုပ်ငန်းကို ဒီဖားအံမြို့မှာ လာ ပြီး‌တော့ လုပ်ငန်းမိတ်ဆက်တဲ့ အခမ်းအနားတစ်ခုကို လာလုပ်တာဖြစ်တယ်”ဟု ‌နော်စန္ဒာဝိုင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

၆လကြာမြင့်မည့် KCBNG ၏ လုပ်‌ဆောင်မည့် စီမံကိန်းလုပ်ငန်းစဉ်အတွက် ‌နော်‌ဝေးပြည်သူများ‌ထောက်ပံ့‌ရေးအဖွဲ့(Norwegian People’s Aid)က ထိုင်းဘတ် ၃သန်း‌ကျော် ‌ထောက်ပံ့သွားမည်ဖြစ်ပြီး ၎င်းလုပ်ငန်းစဉ်ကို အ‌ကောင်အထည်‌ဖော်နိုင်ရန် ကရင်အ မျိုးသားအစည်းအရုံး အ‌ထွေ‌ထွေအတွင်း‌ရေးမှူးနှင့် ဒီမိုက‌ရေစီအကျိုးပြုကရင့်တပ်မ‌တော်(DKBA)ဗဟိုဌာနချုပ်တို့က ‌ထောက်ခံ သည့်အပြင် ကရင်ပြည်နယ်အစိုးရကလည်း ခွင့်ပြုထားသည်ဟု သူမက ဆက်‌ပြောသည်။

ယင်းမိတ်ဆက်ပွဲတွင် ‌ကော့ကရိတ်မြို့နယ် ‌ဒေါနအ‌ရှေ့ခြမ်းမှ ‌ကေအဲန်ယူကိုယ်စားလှယ်များ အပါအဝင် ‌နော်‌ဝေးပြည်သူ‌ထောက် ပံ့‌ရေးအဖွဲ့မှ Ms.Roisin Devale (Program Manager)၊ မချမ်းမြတ်သူ (Program Officer)နှင့်အဖွဲ့များ၊ ဒီမိုက‌ရေစီ အကျိုးပြု ကရင်တပ်မ‌တော်(ဒီ‌ကေဘီ‌အေ)၊ ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီ(PSDP)၊ ပြည်တွင်းနှင့် နယ်စပ်‌ဒေသရှိ လူမှုအဖွဲ့အစည်းများ စုစု‌ပေါင်း ၁၅ဖွဲ့တို့မှ ကိုယ်စားလှယ် ၅၀‌ကျော် တက်‌ရောက်ခဲ့ကြသည်။

KCBNG မိတ်ဆက်ပွဲသို့ တက်‌ရောက်ခဲ့သည့် ပြည်တွင်းလူမှုဖွံ့ဖြိုး‌ရေးလုပ်‌ဆောင်‌နေ‌သော ‌နော်စူးခလိန်းက “ဒီ KCBNG အဖွဲ့နဲ့ ပတ်သက်ပြီး ကျမတို့ သိမထားဘူး။ ‌နောက်ပြီး ကြိုတင်ဖိတ်ကြားမှုမရှိဘဲ ဖြုန်းခနဲ အဖိတ်ခံရပြီး မိတ်ဆက်ပွဲကို တက်တာပါ။ ကိုယ့်ကရင်လူမှုအဖွဲ့အစည်းပဲဆို‌တော့ လာတက်တာ‌ပေါ့။ မိတ်ဆက်ပွဲမှာ KCBNG ဟာ သူတို့လုပ်သွားမဲ့ စီမံကိန်းအတွက် ဖြုန်း ခနဲလာပြီး မိတ်ဆက်တဲ့သ‌ဘောဆို‌တော့ ပြည်တွင်းလူမှုအဖွဲ့‌တော်‌တော်များများက သ‌ဘောမကျတာ‌တွေ့ရတယ်”ဟု‌ပြောသည်။

KCBNG အဖွဲ့ကို ၂၀၁၃ခုနှစ်၊ ဩဂုတ် ၃၁ရက်‌နေ့က ‌ကေအဲန်ယူ ‌ကော့ကရိတ်မြို့နယ် အ‌ရှေ့‌ဒေါန‌ဒေသတွင် စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် အဖွဲ့ဝင် (၁၁)ဦး၊ အကြံ‌ပေးအဖွဲ့ဝင် (၄)ဦး၊ ဝန်ထမ်း (၉)ဦးဖြင့် လုပ်ငန်းလည်ပတ်‌နေကြာင်း သိရသည်။