Home သတင်း KNU နှင့် အစိုးရတပ် နှစ်ဖက်ပစ်ခတ်မှု‌ကြောင့် ထပ်မံ ထိခိုက်‌သေဆုံး

KNU နှင့် အစိုးရတပ် နှစ်ဖက်ပစ်ခတ်မှု‌ကြောင့် ထပ်မံ ထိခိုက်‌သေဆုံး

1816

ဇူလိုင် ၂ရက်၊ ၂၀၁၄ခုနှစ်။ စဖန်း‌ရှောင်း

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ( ၅) လက်‌အောက်ခံ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် KNLA နှင့် အင်အား ၃ဝခန့်ရှိ မြန်မာအစိုးရတပ်တို့ ဇွန်လ ၂၆ရက်‌နေ့ မနက် ၆း၄၅နာရီအချိန်က ပစ်ခတ်မှုဖြစ်ပွားရာ ထိခိုက်‌သေဆုံးမှု ရှိခဲ့ ‌ကြောင်း သိရသည်။

KNLA တပ်မဟာ( ၅) တပ်ရင်း (၁၀၂)၊ ခွဲ(၃)လှုပ်ရှားနယ်‌မြေရှိ တပ်ဖွဲ့ဝင်များနှင့် ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ်အ‌ခြေစိုက် အစိုးရ ဘက်မှ တပ်မ ၄၄၊ ခမရ(၈)တပ်ဖွဲ့ဝင်များက ‌ကေအဲန်ယူထိန်းချုပ်နယ်‌မြေ ပိုမာဟဲရွာအနီးတွင် ဆယ်မိနစ်ခန့်ပစ်ခတ်မှု ဖြစ်ပွားခဲ့ ခြင်းဖြစ်ပြီး အစိုးရတပ်သားတစ်ဦး ကျဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု KNU ဖာပွန်ခရိုင်ရုံးက အတည်ပြု ‌ပြောဆိုသည်။

KNLA တပ်မဟာ( ၅) ခရိုင်ရုံးတာဝန်ရှိသူတစ်ဦးက “သူတို့က ကျ‌နော်တို့ထိန်းချုပ်နယ်‌မြေအတွင်းမှာ သွားလာလှုပ်ရှား‌နေတာ အကြိမ်‌ပေါင်း မနည်း‌တော့ဘူးဆို‌တော့ ဇွန်လ ၁၆ရက်‌နေ့တုန်းကလည်း တစ်ခါဝင်လာ‌သေးတယ်။ အခုဖြစ်တာကလည်း နယ် ‌မြေကို ကျူး‌ကျော်ဝင်‌ရောက်လာတဲ့အတွက် ဒီလိုပစ်ခတ်မှုဖြစ်ပွားတာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုသို့ ဖြစ်ပွားသည့်ကိစ္စကို ဇွန်လ ၂၇ရက်‌နေ့တွင် ‌ကေအဲန်ယူ ဗဟိုသို့ တင်ပြထားခဲ့ပြီး ပစ်ခတ်မှုနှင့် ပတ်သက်၍ အစိုးရတပ် ဘက်က မိမိတို့ထံသို့ တစ်စုံတစ်ရာ အ‌ကြောင်းကြားခြင်း မရှိ‌သေး‌ကြောင်း အဆိုပါတာဝန်ရှိသူက ဆက်‌ပြောသည်။

ထိုကိစ္စနှင့်ပတ်သက်၍ ကရင်ပြည်နယ်၊ နယ်စပ်‌ရေးရာလုံခြုံ‌ရေးဝန်ကြီး ဗိုလ်မှူးကြီး‌အောင်လွင်ထံ ‌ကေအိုင်စီက ဖုန်းဖြင့် ယ‌နေ့ ဆက်သွယ်‌မေးမြန်းရာ ‌နေ့လည်ဘက်တွင် ‌ဖြေဆိုရန် မအားလပ်ခဲ့‌သော်လည်း ည‌နေဘက်တွင် ‌ကေအိုင်စီထံသို့ ယခုလို ပြန် လည် ဆက်သွယ်‌ပြောဆိုခဲ့သည်။

ဗိုလ်မှူးကြီး‌အောင်လွင်က “ဖြစ်တာက ၂၆ရက်‌နေ့‌ပေါ့‌နော်။ တိုင်းစစ်ဌာနချုပ်က ကျ‌နော့်ဆီကို ၂၉ရက်‌နေ့မှာ အ‌ကြောင်းကြား တယ်။ အဲလိုအ‌ကြောင်းကြားစာထွက်‌တော့ ဒီမှာရှိတဲ့ ဗဟိုနဲ့ တပ်မဟာများ ဆက်ဆံ‌ရေးရုံးကို ဇွန်လ ၃ဝရက်‌နေ့မှာ ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်‌နေတဲ့ကာလမှာ နှစ်ဖက်တပ်များ လိုက်နာရမဲ့ စည်းမျဉ်းအတိုင်းကို လိုက်နာသွား‌ပေးဖို့နဲ့ ‌နောက်ထပ် ဖြစ်စဉ် မဖြစ် ပွားဖို့ ဆက်ဆံ‌ရေးရုံးကတဆင့် ‌ကေအဲန်ယူ ဌာနချုပ်ကို အ‌ကြောင်းကြားထားပါတယ်”ဟု ‌ကေအိုင်စီသို့ ပြန်လည်‌ဖြေကြားသည်။

ယခုကဲ့သို့ ရံဖန်ရံခါ ဖြစ်စဉ်များ‌ကြောင့် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်ကို မထိခိုက်နိုင်‌သော်လည်း ‌အောက်‌ခြေ တပ်ဖွဲ့ဝင်များအ‌နေဖြင့် ငြိမ်းချမ်း‌ရေးအကျိုးကို ‌မျှော်ကိုး၍ အားလုံး လိုက်နာကြရန်လို‌ကြောင်း ဗိုလ်မှူးကြီး‌အောင်လွင်က ဆက်လက် မှတ်ချက်‌ပေး ‌ပြော ဆိုခဲ့သည်။

ပြီးခဲ့သည့် ဇွန်လ ၁၃ရက်နှင့် ၁၄ရက်‌နေ့များကလည်း တနသင်္ာရီတိုင်း‌ဒေသကြီး၊ တနသင်္ာရီမြို့နယ်ရှိ ‌ကေအဲန်ယူ ဘိတ်-ထား ဝယ်ခရိုင် လက်‌အောက်ခံ ကရင်အမျိုးသားလွတ်‌မြောက်‌ရေး တပ်မ‌တော် (KNLA)၏ ‌ဟွေးဖာ့နယ်စပ်စခန်းကို အစိုးရစစ်တပ်က ဝင်‌ရောက်ပစ်ခတ်ရာ KNLA တပ်ဖွဲ့ဝင် ၁ဦးကျဆုံးကာ ၁ဦး ဒဏ်ရာရရှိခဲ့သည်။

‌ကေအဲန်ယူ ဥက္ကဌနှင့် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး‌စော‌ဂျော်နီတို့သည် တပ်မ‌တော်ကာကွယ်‌ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း‌အောင် လှိုင်နှင့် ဇွန်လ ၄ရက်‌နေ့က ‌နေပြည်‌တော်တွင် ‌တွေ့ဆုံခဲ့ကြပြီး ကာကွယ်‌ရေးဦးစီးချုပ်က ကရင်ပြည်နယ်အတွင်းရှိ အစိုးရတပ် များအ‌နေဖြင့် အချို့‌နေရာများတွင် ပြန်လည်‌ရွှေ့‌ပြောင်း‌ပေးရန် သ‌ဘောတူခဲ့ကြ‌သော်လည်း ဇွန်လအတွင်းမှာပင် နှစ်ဖက် ပစ်ခတ် မှုမှာ နှစ်ကြိမ်ဖြစ်ပွားခဲ့သည်။