Home သတင်း KNU တပ်မဟာ(၆) သစ်ပင်စိုက်အခမ်းအနားသို့ဥက္ကဌနှင့်ကရင်ပြည်နယ်ဝန်ကြီးချုပ်တက်‌ရောက်

KNU တပ်မဟာ(၆) သစ်ပင်စိုက်အခမ်းအနားသို့ဥက္ကဌနှင့်ကရင်ပြည်နယ်ဝန်ကြီးချုပ်တက်‌ရောက်

2017

ဇူလိုင်၉ရက်၊၂၀၁၄ခုနှစ်။နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ‌ကျောက်ဂူ‌နေရာရှိ ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆)ကြီးမှူး၍ ဇူလိုင်၈ရက်‌နေ့က ပြုလုပ်သည့် သစ်ပင်စိုက်အခမ်းအနားတွင်KNUဥက္ကဌဗိုလ်ချုပ်ကြီး ‌စောမူးတူး‌စေး ဖိုးနှင့်ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦး‌ဇော်မင်းတို့ကကျွန်းပင်တက်‌ရောက်စိုက်ပျိုးသည်ဟုသိရသည်။

‌ကျောက်ဂူ‌နေရာရှိ ‌ဒေါနအ‌ရှေ့ခြမ်း‌ဒေသဖွံ့ဖြိုး‌ရေးနှင့်ပြန်လည်‌နေရာချထား‌ရေးအလုပ်အဖွဲ့အမှတ်(၁) ဘက်စုံ စိုက်ပျိုး‌ရေးခြံတွင် ပြုလုပ်သည့် သစ်ပင်စိုက်အခမ်းအနားကို ကရင်ပြည်နယ်ဝန်ကြီးချုပ်က အား‌ပေးသည့် အ‌နေဖြင့် KNU ဥက္ကဌနှင့်အတူ လာ‌ရောက်ပူး‌ပေါင်းစု‌ပေါင်းသစ်ပင်စိုက်ခဲ့ခြင်းဖြစ်သည်ဟု KNU တပ်မဟာ(၆) ‌ဒေသဖွံ့ဖြိုး‌ရေးနှင့် ပြန်လည်‌နေရာချထား‌ရေးတာဝန်ခံဗိုလ်မှူး‌စောရန်နိုင်က ‌ပြောသည်။

“အခု စိုက်တဲ့‌နေရာ‌တွေကအရင်ကလည်း ကျွန်းပင်ရှိတဲ့‌နေရာ‌တွေပဲ။ဒါ‌ပေမဲ့အခုအခါမှာက‌ပြောင်သလင်း ဖြစ်သွားပြီ။အဲဒါကို ပြန်လည်ထိန်းသိမ်းတဲ့‌နေနဲ့‌နောက်‌တော့အခုလက်ရှိ စစ်‌ရေးလှုပ်ရှားမှု ဘာမှမရှိ‌သေးတဲ့ အခါမှာဒီရဲ‌ဘော်‌တွေအလုပ်အကိုင်လုပ်နိုင်‌အောင်၊ပြီး‌တော့ ပတ်ဝန်းကျင်‌တွေကိုလည်းပြန်လည်ထိန်းသိမ်းတဲ့အ‌နေနဲ့ ပြန်စိုက်တာ ဖြစ်တယ်”ဟု ဗိုလ်မှူး ‌စောရန်နိုင်က‌ပြောသည်။

လက်ရှိ သစ်ပင်များစိုက်ပျိုးသည့်‌မြေ‌နေရာတွင်‌မြေဧက‌ပေါင်း ၇၅ ဧကခန့်ရှိကျွန်းပင်‌ပေါင်း၁၅,၀၀ဝစိုက်မည့်‌နေရာဖြစ်ပြီး‌နောက်ထပ်စားပင်များဖြစ်သည့်သံပုရာပင်၊‌ရှောက်ပင်၊ သရက်ပင်၊ ပနဲ္နပင်၊ ခရမ်းပင် စသည့် အပင်များကိုပါ စိုက်ပျိုးထားမည်ဟု KNU တပ်မဟာ၆က ဆိုသည်။

ထို့အပြင် ယင်းသစ်ပင်စိုက်ပျိုးသည့်အခမ်းအနားသို့တက်‌ရောက်သည့် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦး‌ဇော်မင်းကကြက်‌မောက်ပင်နှင့်ပနဲ္နပင်‌ပေါင်း၂၀ဝပင်တို့လှူဒါန်းခဲ့သည်ဟု သိရသည်။

သစ်ပင်စိုက်ပျိုးခြင်းအခမ်းအနားနှင့် ပတ်သက်၍ မြဝတီဆက်ဆံ‌ရေးရုံးတာဝန်ခံ‌စော‌ဇောရိုးက“သစ်ပင်စိုက်ပွဲ အခမ်းအနားမှာ‌တော့ကရင်ပြည်နယ်အစိုးရဘက်မှ တာဝန်ရှိသူ အ‌မြောက်အများတက်‌ရောက်ကြတာကို မြင်ရတာ‌ပေါ့‌နော်။ သူတို့ကKNU ဘက်မှသစ်ပင်စိုက်တာကို တက်‌ရောက်အား‌ပေးတဲ့သ‌ဘော‌ပေါ့”‌ကေအိုင်စီသို့ ‌ပြောသည်။

KNU တပ်မဟာ(၆)မှကျင်းပသည့်ယခုသစ်ပင်စိုက်ခြင်းအခမ်းအနားသို့ KNU ဥက္ကဌနှင့်ကရင်ပြည်နယ်ဝန်ကြီးချုပ်တို့ကပထမဆုံးအကြိမ်အတူတကွတက်‌ရောက်ခဲ့ခြင်းဖြစ်‌ကြောင်းသိရသည်။