Home သတင်း CSO နှင့် ပူး‌ပေါင်းပြီး ဖိုရမ်တစ်ရပ် ကျင်းပနိုင်ရန် UNDP ကြိုးပမ်းလုပ်‌ဆောင်‌နေ

CSO နှင့် ပူး‌ပေါင်းပြီး ဖိုရမ်တစ်ရပ် ကျင်းပနိုင်ရန် UNDP ကြိုးပမ်းလုပ်‌ဆောင်‌နေ

1442

ဇူလိုင် ၁၅ရက်၊ ၂၀၁၄ခုနှစ်။ ‌စောညွှန့်‌သောင်း

ကရင်ပြည်နယ်အ‌ခြေစိုက် ကမ္ဘာ့ကုလသမဂ္ဂ ဖွံ့ဖြိုး‌ရေး အစီအစဉ်(UNDP)နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်း (CSO) အဖွဲ့များ ပူး ‌ပေါင်းပြီး လာမည့် စက်တင်ဘာလ၌ ဖိုရမ်(forum)တစ်ရပ်ကို ကျင်းပနိုင်ရန် ဖားအံမြို့ သု‌မေဓာရာမကြား‌တောရ‌ကျောင်းတွင် ဇူလိုင်လ ၁၂ရက်‌နေ့က အစည်းအ‌ဝေးပြုလုပ်ခဲ့ကြသည်။

“CSO ရဲ့ အဓိက လိုအပ်ချက်‌တွေ၊ အဖွဲ့များရဲ့ ‌ရေရှည်တည်တံ့ခိုင်မြဲဖို့အတွက် ‌ဒေသန္တရဖွံ့ဖြိုး‌ရေးလုပ်ငန်းမှာ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ‌ရေရှည် ပူး‌ပေါင်းနိုင်ဖို့နဲ့ ပွင့်လင်းမြင်သာမှုများ အား‌ကောင်းလာ‌အောင် ရည်ရွယ်ပြီး‌တော့ ဒီဖိုရမ်ကို လုပ်သွားမှာ ဖြစ်ပါတယ်”ဟု UNDP မှ ဆရာမ ‌ဒေါ်‌နော်‌နော်က ‌ပြောသည်။

ကရင်တစ်ပြည်နယ်လုံး CSO ဖိုရမ် ကျင်းပနိုင်ရန် လက်ရှိဖြစ်‌မြောက်‌ရေး‌ကော်မတီ (၇)ဦးဖြင့် ဖွဲ့စည်းထားပြီး ‌နောက်တစ်ဆင့် တွင် လုပ်ငန်း‌ကော်မတီ ၅ခုဖြစ်သည့် (Logistic) လုပ်ငန်း‌ထောက်ကူပြု‌ကော်မတီ၊ (Documentation) မှတ်တမ်း‌ကော်မတီ၊ (Coordination)ညှိနှိုင်း‌ဆောင်ရွက်မှု‌ကော်မတီ၊ Media မီဒီယာ‌ကော်မတီ၊ (Finance) ဘဏ္ဍာ‌ရေး‌ကော်မတီ စသည့်‌ကော်မတီ အဖွဲ့များကို ထပ်မံ ဖွဲ့စည်းသွားမည်ဟု ဆရာမ‌ဒေါ်‌နော်‌နော်က အစည်းအ‌ဝေးတွင် ‌ပြောကြားခဲ့သည်။

သု‌မေဓာရာမ ကြား‌တောရ‌ကျောင်းတွင် ပြုလုပ်သည့် ထိုအစည်းအ‌ဝေးပွဲတွင် UNDP အပါအဝင် လူမှုအဖွဲ့ အစည်း ၁၃ဖွဲ့တို့မှ ကိုယ်စားလှယ် စုစု‌ပေါင်း ၂ဝဦးခန့် တက်‌ရောက်ခဲ့သည်ဟု သိရသည်။

အစည်းအ‌ဝေး တက်‌ရောက်ခဲ့သည့် ကရင်အမျိုးသားဖွံ့ဖြိုး‌ရေးအသင်းမှ ‌စောမြင့်‌ဇော်ဦးက “ကရင်ပြည်နယ်မှာရှိ‌နေကြတဲ့ CSO အဖွဲ့များအ‌နေနဲ့‌တော့ ဒီဖိုရမ်ကို ကျင်းပလုပ်‌ဆောင်သင့်ပါတယ်။ ‌ဒေသအတွက် CSO များအတွက်‌တွေလည်း အကျိုးရှိမယ်လို့ ကျ‌နော်ယူဆတယ်”ဟု ‌ပြောသည်။

ကျင်းပရန်ရှိသည့် CSO ဖိုရမ်တွင် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ စွမ်း‌ဆောင်ရည်မြှင့်တင်‌ပေးရန်၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ‌ဒေသဖွံ့ ဖြိုး‌ရေးအတွက် လုပ်‌ဆောင်ရာတွင် အလွယ်တကူ ချိတ်ဆက်မှုလုပ်နိုင်ရန်နှင့် အသွင်ကူး‌ပြောင်း‌ရေးကာလတွင် လူမှုအ‌ခြေပြု အဖွဲ့အစည်းများ၏ အခန်းကဏ္ဍများကို ပိုမိုသိရှိလာ‌စေရန် ဖြစ်သည်ဟု UNDP က ဆိုသည်။

၂၀၁၄ခုနှစ်၊ စက်တင်ဘာတွင် ပြုလုပ်ရန်ရှိသည့် CSO ဖိုရမ်သည် ကရင်ပြည်နယ်တွင် ပထမအကြိမ်ဖြစ်ပြီး ကုန်ကျစရိတ်များကို UNDP မှ တာဝန်ယူ လုပ်‌ဆောင်သွားမည်ဟု ဆရာမ‌ဒေါ်‌နော်‌နော်က ‌ပြောသည်။