Home သတင်း လူထုပါဝင်‌သော ငြိမ်းချမ်း‌ရေးဖြစ်စဉ်သာ ခိုင်မြဲမည်ဟု အရပ်ဘက်လူမှုအဖွဲ့အစည်းများ ‌ပြောဆို

လူထုပါဝင်‌သော ငြိမ်းချမ်း‌ရေးဖြစ်စဉ်သာ ခိုင်မြဲမည်ဟု အရပ်ဘက်လူမှုအဖွဲ့အစည်းများ ‌ပြောဆို

2032

ဇူလိုင် ၁ဝရက်၊ ၂၀၁၄ခုနှစ်။ ‌စောထွန်းလင်း

လက်ရှိ မြန်မာအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့အစည်းများအကြား ‌ဖော်‌ဆောင်‌နေသည့် ပြည်တွင်း ငြိမ်းချမ်း‌ရေးဖြစ်စဉ်တွင် ပြည်သူလူထုကို ပါဝင်မှု အပြည့်အဝခွင့်ပြုမှသာ ခိုင်မြဲမည်ဖြစ်‌ကြောင်း အရပ်ဘက်လူမှု အဖွဲ့အစည်း များက ‌ပြောဆိုလိုက်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရန်ကုန်မြို့၌ အင်တာနျူးမြန်မာက စီစဉ်ကာ ဇူလိုင် ၉ရက်‌နေ့၊ ‌နေ့လည်ပိုင်းတွင် ကျင်းပခဲ့သည့် ၈၈ မျိုးဆက် ငြိမ်းချမ်း‌ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ ကချင်ငြိမ်းချမ်း‌ရေးကွန်ရက်၊ ကရင်နီအမျိုးသမီးကွန်ရက်၊ ရှမ်းလူငယ်ကွန် ရက်၊ Gender Equality Myanmar အပါအဝင် အရပ်ဖက်လူမှု အဖွဲ့အစည်း ၁၁ဖွဲ့နှင့် မီဒီယာများအကြား ‌ဆွေး‌နွေးပွဲတွင် ယင်း သို့ ‌ပြောဆိုခဲ့ကြခြင်းဖြစ်သည်။

‌ဆွေး‌နွေးပွဲ၌ ပါဝင်သည့် ၈၈ မျိုးဆက် ငြိမ်းချမ်း‌ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးက “အပစ်အခတ်ရပ်စဲ‌ရေး ဘယ် လိုကျင်းပ‌နေလဲ။ ဘာ‌တွေ သ‌ဘောတူခဲ့သလဲ၊ ပြည်သူ‌တွေကဘာမှ မသိဘူး။ ဘာမှလည်း ‌ဆွေး‌နွေးခွင့်၊ အကြံ‌ပေးခွင့် မရဘူး။ အဲဒီအပစ်အခတ်ရပ်စဲ‌ရေး ပျက်သွားပြီးဆိုရင် ပြည်သူ‌တွေက ‌ပြေးရမယ်။ ဒီစစ်ဒဏ်ကို ခံ‌နေရတဲ့ ပြည်သူ‌တွေမပါဘဲနဲ့ ငြိမ်းချမ်း ‌ရေးလုပ်‌နေတာ ‌တော်‌လောက်ပြီ။ သင်ခန်းစာ‌တွေလည်း ရ‌နေ‌လောက်ပြီးလို့ မြင်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

နှစ် ၆၀‌ကျော်ကြာ ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်ဒဏ်ကို ပြည်သူများက အများဆုံးခံစားခဲ့ရ‌သော်လည်း ငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေး သည့်အခါ ပြည်သူများ ပါဝင်ခွင့်မရသည်ကို ‌တွေ့ရ‌ကြောင်း၊ ခိုင်မြဲသည့် ငြိမ်းချမ်း‌ရေးဖြစ်စဉ်ဖြစ်‌ရေးအတွက် ပြည်သူလူထုပါဝင်မှ သာ ရရှိမည်ဖြစ်သလို ငြိမ်းချမ်း‌ရေးဖြစ်စဉ်သည် နိုင်ငံ‌ရေးကိစ္စဖြစ်သည့်အတွက် နိုင်ငံ‌ရေး‌ဆွေး‌နွေးရာ၌ လူထုသ‌ဘောထား ပါဝင် မှသာ ငြိမ်းချမ်း‌ရေးဖြစ်စဉ်မှာ အာမခံချက်ရှိမည်ဖြစ်‌ကြောင်း ဦးကိုကိုကြီးက ဖြည့်စွက်‌ပြောဆိုသည်။

မွန်းလွဲ ၁နာရီမှ ည‌နေ ၄နာရီအထိ ရန်ကုန်မြို့၊ ပက်ရွိုင်ရယ်ဟိုတယ်၌ ပြုလုပ်သည့် ယင်း‌ဆွေး‌နွေးပွဲတွင် အရပ်ဘက် လူ့အဖွဲ့အ စည်းများနှင့် သတင်းမီဒီယာ သမား‌ပေါင်း ၁၀ဝ ‌ကျော် တက်‌ရောက်‌ဆွေး‌နွေးခဲ့ကြသည်။

ကချင်ငြိမ်းချမ်း‌ရေးကွန်ရက်မှ မ‌မေစပယ်ဖြူက “ငြိမ်းချမ်း‌ရေးဖြစ်စဉ်အတွင်း လူထုပါဝင်မှုဆိုတဲ့‌နေရာမှာ သူတို့လိုချင်တဲ့ ဓါက်ပုံ ‌ခေါ်ရိုက်ရုံ၊ အစည်းအ‌ဝေးတခုခုလုပ်တဲ့အခါမှာ လူမှုအဖွဲ့အစည်း ဘယ်‌လောက်ပါဝင် ‌ဆွေး‌နွေးကြပါတယ် ဆိုတာမျိုး‌လေး၊ သတင်း‌ဖော်ပြနိုင်ရုံ‌လေး မလုပ်ပါနဲ့။ တကယ်ပဲ လူထုကို ပါဝင်‌စေချင်တယ်ဆိုရင် အချိန်‌ပေးပါ၊ ‌ပြောဖို့အတွက် အခွင့်အ‌ရေး ‌ပေး ပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြီးခဲ့သည့် ‌မေလအတွင်းက ဒုဥက္ကဌ ပဒို‌နော်စီဖိုးရာစိန်ဦး‌ဆောင်‌သော ကရင်အမျိုးသားအစည်းအရုံး(KNU) ကိုယ်စားလှယ်အဖွဲ့ ၏ ပြည်တွင်းခရီးစဉ်လူထု‌တွေ့ဆုံပွဲများတွင်လည်း ငြိမ်းချမ်း‌ရေးဖြစ်စဉ်တွင် ပြည်သူလူထုနှင့် ပူ‌ပေါင်းပါဝင်မှသာ ထာဝရငြိမ်းချမ်း ‌ရေး ရရှိမည်ဖြစ်‌ကြောင်း၊ လူထုဆန္ဒသ‌ဘောထားများကိုလည်း အစိုးရနှင့် နိုင်ငံ‌ရေး ‌ဆွေး‌နွေးသည့်အခါ ထည့်သွင်း‌ဆွေး‌နွေး သွားမည်ဖြစ်‌ကြောင်း ‌ပြောဆိုထားခဲ့သည်။

အစိုးရသစ်လက်ထက် ၂နှစ်‌ကျော်ကြာ ‌ဖော်‌ဆောင်‌နေသည့် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်တွင် ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး‌ဖော် ‌ဆောင်‌ရေးလုပ်ငန်း‌ကော်မတီနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးဆိုင်ရာ ညှိနှိုင်း‌ရေးအဖွဲ့တို့အကြား တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲ‌ရေး စာချုပ်မူကြမ်း ‌ရေးဆွဲ‌နေ‌သော်လည်း နှစ်ဘက် သ‌ဘောမတူသည့် အချက်များကို ညှိနှိုင်း‌ဆွေး‌နွေး‌နေဆဲဖြစ်ကာ ယင်းစာချုပ်ပါအချက်များနှင့်ပတ်သက်၍ အများပြည်သူသို့ ထုတ်‌ဖော်‌ပြောဆို‌နေမှု မှာ ပွင့်လင်းမြင်သာမှုအားနည်း‌ကြောင်း အရပ်ဖက် လူမှုအဖွဲ့အစည်းများက ‌ဝေဖန်လျှက်ရှိသည်။