Home သတင်း မြဝတီ-ရန်ကုန်‌ပြေးဆွဲသည့် ခရီးသည်တင်ကားတစ်စီး မီး‌လောင်

မြဝတီ-ရန်ကုန်‌ပြေးဆွဲသည့် ခရီးသည်တင်ကားတစ်စီး မီး‌လောင်

2568

ဇူလိုင် ၁၆ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ချောင်‌ဖော့

မြဝတီမှ ရန်ကုန်တိုက်ရိုက် ‌ပြေးဆွဲသည့် “အာကာသ”ယာဉ်လိုင်းမှ ခရီးသည်တင်ကားတစ်စီးသည် ဇူလိုင်လ ၁၅ရက်(ယမန် ‌နေ့)က ကရင်ပြည်နယ်၊ မြဝတီ-‌ကော့ကရိတ်‌တောင်‌ပေါ်ကားလမ်း၌ ဝါယာ‌လျှော့ဖြစ်ပြီး မီး‌လောင်ကျွမ်းမှု ဖြစ်ပွားခဲ့‌ကြောင်း ခရီး သည်များ၏ ‌ပြောပြချက်အရ သိရသည်။

ကားမီး‌လောင်မှုကို ကိုယ်တိုင်‌တွေ့မြင်ခဲ့သူ ‌ကော့ကရိတ်ကားသမားတစ်ဦးက “ကျ‌နော်တို့ ‌ရောက်တဲ့အချိန်က အ‌ရှေ့ခန်း မီး ‌လောင်‌နေပြီး။ သူ့သခင် ‌ပြောတာက‌တော့ ကားဟာ ‌မောင်းလို့ မသွား‌တော့ဘူး။ (စက်)အင်ဂျင်ခန်းက‌နေ မီးခိုးထွက်ပြီး‌တော့ မီး‌တောက်လာပြီး ကားသမားနဲ့ ခရီးသည်‌တွေက ထွက်‌ပြေးလွတ်‌မြောက်သွားတယ်”ဟု ‌ပြောသည်။

ကားနံပါတ် 7E-9088 ရှိ ကားဒရိုင်ဘာ(ယာဉ်‌မောင်းသမား) ဦး‌အောင်ဆန်းဦး ‌မောင်းလာ‌သော အဆိုပါကားမှာ Rammar အမျိုး အစားဖြစ်ပြီး ထို‌နေ့မနက် ၁ဝနာရီအချိန်၌ မြဝတီ မိုင်တိုင်အမှတ် ၈၅/၇ နှင့် ၈၅/၆ မိုင်တိုင်ကြားတွင် မီး‌လောင်မှုဖြစ်ပွားခဲ့ပြီး ဒရိုင်ဘာနှင့် ခရီးသည်များမှာမူ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့‌ပေ။

‌ကော့ကရိတ်မြို့မရဲစခန်းမှ တပ်ကြပ်မျိုးမင်းထွန်းက “လက်ရှိမှာ အဲဒီကား မီး‌လောင်သွားတဲ့ ကား‌မောင်းသမားကို ပုဒ်မ ၂၅၈နဲ့ ‌ကော့ကရိတ် မြို့မရဲစခန်းမှာ အမှုဖွင့်ထားပါတယ်”ဟု ‌ကေအိုင်စီသို့ အတည်ပြု ‌ပြောဆိုသည်။

မီး‌လောင်မှုဖြစ်ပွားသည့် ကားသည် ရန်ကုန်မှ မြဝတီသို့ ‌ပြေးဆွဲ‌သော လိုင်းကားဖြစ်ပြီး ခရီးသည်တစ်ဦးလျှင် ကားခကျပ် ‌လေး ‌သောင်း ‌ပေး‌ဆောင်ရ‌ကြောင်း သိရသည်။

မြဝတီ-‌ကော့ကရိတ်‌တောင်‌ပေါ်ကားလမ်းတွင် ပြီးခဲ့သည့် ဧပြီလ ၁ဝရက်‌နေ့ကလည်း မြဝတီ-ဖြူး-‌တောင်ငူယာဉ်လိုင်းမှ ခရီး သည်တင် အို‌အေစစ်မှန်လုံကားသည် ဘရိတ်‌ပေါက်ပြီး ‌ချောက်ထဲသို့ ထိုးဆင်းတိမ်း‌မှောက်သွားခဲ့ရာ ခရီးသည် ၇ဦး ‌သေဆုံးပြီး ၃၈ဦး ဒဏ်ရာရရှိခဲ့သည်။

မြဝတီ-‌ကော့ကရိတ် ‌တောင်‌ပေါ်ကားလမ်းသည် ကျဉ်း‌မြောင်း၍ အ‌ကွေ့အ‌ကောက်များပြီး လမ်းကြမ်းသည့်အတွက် သွားလာမှု လမ်း‌ကြောင်းကို အဆင်းတစ်ရက်၊ အတက်တစ်ရက် သတ်မှတ်ထား‌သော်လည်း ဆိုင်ကယ်များ၊ ကားများ မ‌တော်တဆ ဖြစ်ပွား မှု၊ ‌ချောက်ထဲသို့ တိမ်း‌မှောက်သွားမှုများနှင့် ကားမီး‌လောင်မှုများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။