Home သတင်း ပြည်တွင်း ကရင်‌ကျောင်းသား‌ကျောင်းသူများနှင့် KUSG ပထမဆုံးအကြိမ် ‌တွေ့ဆုံ

ပြည်တွင်း ကရင်‌ကျောင်းသား‌ကျောင်းသူများနှင့် KUSG ပထမဆုံးအကြိမ် ‌တွေ့ဆုံ

1423

ဇူလိုင် ၁၉ရက်၊ ၂၀၁၄ခုနှစ်။ ‌စောညွှန့်‌သောင်း

ထိုင်း-မြန်မာနယ်စပ်အ‌ခြေစိုက် ကရင်တက္ကသိုလ်‌ကျောင်းသားအဖွဲ့(KUSG)က ကရင်ပြည်နယ်အတွင်းရှိ ကရင်‌ကျောင်းသား ‌ကျောင်းသူများကို ယမန်‌နေ့က ဖားအံမြို့၊ ကြား‌တောရ‌ကျောင်းတွင် ပထမဆုံးအကြိမ် လာ‌ရောက်‌တွေ့ဆုံခဲ့သည်။

KUSG ကိုယ်စားလှယ် ၄ဦး ပါဝင်‌သောအဖွဲ့သည် ဖားအံမြို့ရှိ တက္ကသိုလ်၊ အထက်တန်း၊ အလယ်တန်း‌ကျောင်း တက်‌ရောက်‌နေ ဆဲအပြင် တက္ကသိုလ်‌အောင်မြင်ပြီးသွားသည့် ‌ကျောင်းသား‌ကျောင်းသူများကိုပါ ‌တွေ့ဆုံကာ ပြည်တွင်းပြည်ပရှိ ပညာ‌ရေးအ‌ခြေ အ‌နေများ သိရှိ‌စေရန် ‌ဆွေး‌နွေးခဲ့ကြခြင်းဖြစ်သည်ဟု ‌တွေ့ဆုံပွဲ ဦး‌ဆောင်သူ KUSG ဥက္ကဌ မန်း‌နေထူးက ‌ပြောသည်။

၎င်းက “ဒီ‌တွေ့ဆုံပွဲမှာ ပညာ‌ရေးအခန်းကဏ္ဍကို အဓိက ‌ဆွေး‌နွေးကြတယ်။ စီးပွား‌ရေး၊ အမျိုးသားနိုင်ငံ‌ရေး၊ လူမှု‌ရေး၊ ကျန်းမာ ‌ရေး စတဲ့အ‌ကြောင်းအရာ‌တွေလည်း ကျ‌နော်တို့ အပြန်အလှန် ‌ဆွေး‌နွေးကြတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ဆွေး‌နွေးရရှိသည့် ရလဒ်များကို KUSG အ‌နေဖြင့် မှတ်သားကာ ပြည်တွင်းကရင်‌ကျောင်းသား‌ကျောင်းသူများ၏ ပညာ‌ရေးလိုအပ် ချက်များအတွက် ပူး‌ပေါင်းကူညီသွားမည်ဖြစ်‌ကြောင်းနှင့် ယခု‌တွေ့ဆုံပွဲတွင် ‌ကျောင်းသား‌ကျောင်းသူများသည် နိုင်ငံ တကာအဆင့်ဖြစ်‌စေ၊ နယ်စပ်‌ဒေသအဆင့်ဖြစ်‌စေ ‌ပြောဆို‌ဆွေး‌နွေးနိုင်မှု၊ ‌မေးခွန်းများ ‌မေးမြန်းနိုင်မှု အလွန်အားနည်းသည်ကို ‌တွေ့ရ‌ကြောင်း မန်း‌နေထူးက ဆက်‌ပြောသည်။

မြန်မာစံ‌တော်ချိန် နံနက် ၉နာရီမှ ၁၁နာရီအထိ ပြုလုပ်ခဲ့သည့် ယင်း‌တွေ့ဆုံပွဲတွင် KUSG အပါအဝင် ပြည်တွင်းကရင်‌ကျောင်း သား‌ကျောင်းသူများ စုစု‌ပေါင်း ၃၀‌ကျော် တက်‌ရောက်ခဲ့သည်ဟု သိရသည်။

‌တွေ့ဆုံပွဲ တက်‌ရောက်ခဲ့သူ ‌ကော့ကရိတ်မြို့နယ်၊ ‌တောင်ကြာအင်းရွာမှ နဝမတန်း‌ကျောင်းသူ နန်းလှလှကြည်က “ဒီ‌တွေ့ဆုံပွဲမှာ ပညာ‌ရေး၊ လူမှု‌ရေး၊ စီးပွား‌ရေး၊ နိုင်ငံ‌ရေး၊ ကျန်းမာ‌ရေးအ‌ကြောင်း ‌ဆွေး‌နွေးသွားတာ ‌တွေ့ရပါတယ်။ အဲဒီအ‌ကြောင်း‌တွေနဲ့ ပညာ‌ရေး ဘယ်လိုဆက်စပ်‌နေသလဲဆိုတာ သိခွင့်ရသွားတယ်။ ကရင်လူငယ်‌တွေကြားမှာလည်း ဒီလိုလာရှင်းပြတဲ့ နိုင်ငံတကာ အဆင့်ရှိတဲ့ ပညာတတ်ရှိတယ်ဆိုတာ သိရတယ်။ ညီမတို့ ရရှိသွားတဲ့ အကျိုး‌ကျေးဇူးက‌တော့ ကရင်လူငယ်‌တွေ ပညာ‌ရေး ဆက်သင်ကြားနိုင်တဲ့ အခွင့်အလမ်း‌တွေ အများကြီးရှိတယ်ဆိုတာပါပဲ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ‌တွေ့ဆုံပွဲတွင် တက်‌ရောက်ခဲ့သည့် သု‌မေဓာရာမကြား‌တောရ‌ကျောင်းထိုင်ဆရာ‌တော် အရှင်စန္ဒာဝရက “လျင်မြန်စွာ တိုးတက်လာတဲ့ ကမ္ဘာကြီးကို အမှီလိုက်ဖို့ ပညာ‌ရေးဟာ အလွန်အ‌ရေးကြီးပါတယ်။ ပြည်တွင်းက ကရင်လူငယ်များက‌တော့ နိုင်ငံတကာအဆင့်ကို လိုက်မှီနိုင်ဖို့က လိုအပ်ချက်‌တွေ အများကြီး ရှိ‌နေပါ‌သေးတယ်”ဟု ‌ပြောဆိုသည်။

KUSG သည် ကရင်‌ကျောင်းသား‌ကျောင်းသူ ပညာ‌ရေးအခွင့်အလမ်းများကို အား‌ပေးမြှင့်တင်သည့်အဖွဲ့ဖြစ်ပြီး ထိုင်းနိုင်ငံ၊ ဘန် ‌ကောက်မြို့ရှိ Brabfos တက္ကသိုလ်၊ Mahidol တက္ကသိုလ်၊ Bangkok တက္ကသိုလ်နှင့် Assumption တက္ကသိုလ်များမှ ကရင် ‌ကျောင်းသူ‌ကျောင်းသားများ စု‌ပေါင်းကာ ၂၀၀၂ခုနှစ်၊ ဇွန်လ ၆ရက်‌နေ့တွင် စတင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။