Home သတင်း ‌ရွေး‌ကောက်ပွဲဝင် အာမခံ‌ကြေး ‌ရွေး‌ကောက်ပွဲ‌ကော်မရှင် ‌လျှော့ချ‌ပေးမည်ဟု PSDP ‌ပြောဆို

‌ရွေး‌ကောက်ပွဲဝင် အာမခံ‌ကြေး ‌ရွေး‌ကောက်ပွဲ‌ကော်မရှင် ‌လျှော့ချ‌ပေးမည်ဟု PSDP ‌ပြောဆို

1519

(ဇူလိုင် ၂ရက်‌နေ့က ‌နေပြည်‌တော်တွင် ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်နှင့် နိုင်ငံ‌ရေးပါတီများ ‌တွေ့ဆုံစဉ်)

ဇူလိုင် ၇ရက်၊ ၂၀၁၄ ခုနှစ်။ ‌စောညွှန့်‌သောင်း

လာမည့် ၂၀၁၄ ကြားဖြတ်နှင့် ၂၀၁၅ ‌ရွေး‌ကောက်ပွဲတွင် ဝင်‌ရောက်အ‌ရွေးခံမည့် အမတ်‌လောင်းများ အတွက် တစ်ဦးကို ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင်က အာမခံ‌ကြေး ကျပ် ၅ သိန်းမှ ၃သိန်းအထိ ‌လျှော့ချ‌ပေးမည်ဟု ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP)က ‌ပြောသည်။

၂၀၁ဝ ‌ရွေး‌ကောက်ပွဲက ဝင်‌ရောက်အ‌ရွေးခံသည့် အမတ်‌လောင်း တစ်ဦးလျှင် ကျပ် ၅ သိန်းနှုန်းဖြင့် အာမခံ ‌ကြေး သတ်မှတ်ထားမှုမှာ အလွန်များပြားသည့်အတွက် ပြန်လည်ပြင်ဆင်‌ပေးရန် နိုင်ငံ‌ရေးပါတီများမှ ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်သို့ အကြိမ်ကြိမ်‌တောင်းဆိုခဲ့ပြီး‌နောက် ဇူလိုင် ၂ရက်‌နေ့၌ ‌နေပြည်‌တော်တွင် နိုင်ငံ‌ရေးပါတီများနှင့်‌တွေ့ဆုံပွဲတွင် ‌ရွေး‌ကောက်ပွဲမရှင်က ထိုသို့ ‌ပြောဆိုခဲ့ခြင်းဖြစ်‌ကြောင်း PSDP ဥက္ကဌ ‌စောသိန်း‌အောင်က ဆိုသည်။

‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်အဖွဲ့နှင့် ‌တွေ့ဆုံပွဲတွင် ပါဝင်သည့် PSDP ဥက္ကဌ ‌စောသိန်း‌အောင်က “ဒီလို သတ်မှတ်လိုက်တဲ့အတွက် အလွန်‌ကောင်းတယ်။ ကိုယ့်နိုင်ငံအတွက် အလုပ်လုပ်‌ပေးမယ့် လူ‌တွေပဲ‌လေ။ ဖြစ်နိုင်ရင် ဝင်အ‌ရွေးခံတဲ့ ကိုယ်စားလှယ်များအတွက် အာမခံ‌ကြေး‌ပေးသွင်းစရာ မလို‌အောင် အစိုးရက လုပ်‌ဆောင်နိုင်ရင် အ‌ကောင်းဆုံး‌ပေါ့”ဟု ‌စောသိန်း‌အောင်က ‌ပြောဆိုသည်။

‌ရွေး‌ကောက်ပွဲဝင်မည့် ကိုယ်စားလှယ်များကို အာမခံ‌ကြေး ‌လျှော့ချ‌ရေး ဥပ‌ဒေနှင့်ပတ်သက်၍ သတ်မှတ်နှင့်ထားသည့် ဥပ‌ဒေကို ပြန်လည်ပြင်ဆင်ရန် လုပ်‌ဆောင်သွားမည်ဖြစ်ပြီး ယခုလို ပြန်လည် ပြင်ဆင်မှုကိစ္စသည် နိုင်ငံ‌ရေးပါတီများ၏ ‌တောင်းဆိုမှုအတိုင်းဖြစ်သည်ဟု ‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်က ‌ပြော‌ကြောင်း PSDP ‌စောသိန်း‌အောင်က ပြန်လည်ရှင်းပြသည်။

ထို့အပြင် လာမည့်‌ရွေး‌ကောက်ပွဲတွင် ဝင်‌ရောက်ယှဉ်ပြိုင်မည့် အမတ်‌လောင်းတစ်ဦးသည် မိမိရရှိလာမည့် မဲများအနက် ၈ ပုံတွင် ၁ ပုံ ရရှိပါက ယင်း‌ပေးထားသည့် အာမခံ‌ကြေး ၃ သိန်းကို ပြည်‌ထောင်စု ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်မှ ပြန်လည်‌ပေးအပ်မည်ဖြစ်သည်ဟု PSDP က ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ကရင်ပြည်နယ်၊ ဖားအံမြို့ ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်ရုံးမှ ရုံးတာဝန်ခံတစ်ဦး ဖြစ်သူ ကိုသန့်စင်‌မောင်ထွန်းက “ဒီအ‌ကြောင်းအရာ‌တွေက ဖားအံ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်ရုံးမှာ‌တော့ တရားဝင်စာ‌တွေ မ‌ရောက်လာ‌သေးဘူး။ ‌ရွေး‌ကောက်ပွဲနီးလာရင်‌တော့ ‌ရောက်လာမယ်လို့‌တော့ ထင်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၂၀၁၄ခုနှစ်အတွင်း ပြုလုပ်မည့် ကြားဖြတ်‌ရွေး‌ကောက်ပွဲမှာ လာမည့် နိုဝင်ဘာနှင့် ဒီဇင်ဘာတွင် ဖြစ်နိုင်‌ခြေရှိ‌ကြောင်း နိုင်ငံ‌ရေးပါတီများက ‌ပြောဆို‌နေကြပြီး ‌ရွေး‌ကောက်ပွဲ ဝင်‌ရောက်အ‌ရွေးခံမည့် အမတ်‌လောင်းတိုင်း ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင်သို့ အာမခံ‌ကြေး ၃သိန်း ‌ပေး‌ဆောင်ရမည်ဖြစ်သည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် လက်ရှိ အစိုးရတည်‌ထောင်ထားသည့် ပါတီအပါအဝင် ဒီမိုက‌ရေစီ အင်အားစုပါတီနှင့် တိုင်းရင်းသားပါတီများ စုစု‌ပေါင်း နိုင်ငံ‌ရေးပါတီ (၆၀)‌ကျော် ရှိ‌ကြောင်း ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော် မရှင်က ထုတ်ပြန်ထားသည်။