Home သတင်း ‌နော်ဘူ‌ဘောကုမ္ပဏီ အမည်သုံးစွဲခြင်းအ‌ပေါ် KNU ‌တောင်ငူခရိုင် ကန့်ကွက်

‌နော်ဘူ‌ဘောကုမ္ပဏီ အမည်သုံးစွဲခြင်းအ‌ပေါ် KNU ‌တောင်ငူခရိုင် ကန့်ကွက်

1655

ဇူလိုင် ၃၁ရက်၊ ၂၀၁၄ခုနှစ်။ ‌စောခါးစူးညား

KNLA တပ်မဟာ(၂) ‌တောင်ငူခရိုင် “‌နော်ဘူ‌ဘော”ကုမ္ပဏီအမည်ဖြင့် သုံးနှုန်းသည့်အ‌ပေါ် ကရင်အမျိုးသားအစည်းအရုံး (‌ကေ အဲန်ယူ) ‌တောင်ငူခရိုင်၊ တပ်မဟာ(၂)မှ ဇူလိုင် ၂၈ရက်‌နေ့က ကန့်ကွက်အသိ‌ပေးစာတစ်‌စောင် ‌ပေးပို့ခဲ့သည်။

ရန်ကုန်တိုင်း၊ သာ‌ကေတမြို့နယ် သာ‌ကေတ‌တောင်ပိုင်း ရပ်ကွက်(၂) ဇဂင်္မလမ်း၌ ဇူလိုင် ၃ဝရက်‌နေ့စွဲဖြင့် ကျင်းပသည့် ကုမ္ပဏီ ဖွင့်ပွဲနှင့် ကုမ္ပဏီများ မိတ်ဆက်ခြင်း မဂင်္လာအခမ်းအနား ဖိတ်ကြားလွှာတွင် ပါရှိ‌သော KNLA စစ်ဦးစီးချုပ်ရုံး “ချစ်ကြည်ငြိမ်း ချမ်း”၊ KNLA တပ်မဟာ(၂) ‌တောင်ငူခရိုင် “‌နော်ဘူ‌ဘော”နှင့် KNU/KNLA-PC မဲလအထူး‌ဒေသ၏ “မဲလ‌ရှေ့‌ဆောင်” စသည့် ကုမ္ပဏီ ၃ခုထဲမှ ‌နော်ဘူ‌ဘောကုမ္ပဏီကို ‌ကေအဲန်ယူ၊ ‌တောင်ငူခရိုင်က ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။

‌ကေအဲန်ယူ ‌တောင်ငူခရိုင် ဥက္ကဌ ပဒို‌စောအယ်ဝါးက “ဒီကန့်ကွက်စာကို ကျ‌နော်တို့ထုတ်တာက အခု(‌နော်ဘူ‌ဘော)ကုမ္ပဏီနဲ့ ပတ်သက်ခြင်း မရှိတာကို ဆိုလိုတာ ဖြစ်ပါတယ်။ အခြားထူးထူး‌ထွေ‌ထွေ‌တော့ မရှိပါဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကုမ္ပဏီများ မိတ်ဆက်ပွဲအခမ်းအနားအတွက် ပွဲမကျင်းပမီရက်များအတွင်း ‌ကေအဲန်ယူ ‌တောင်ငူခရိုင်အား ဖိတ်စာဖြင့် ဖိတ်ကြား ခဲ့ခြင်းဖြစ်ပြီး ယင်းဖိတ်စာကို ကုမ္ပဏီများကိုယ်စား ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ KNU/KNLA-PC မှ ဒုတိယဗိုလ်မှူးကြီး‌စောဩ ဂတ်က တာဝန်ယူကာ ဖိတ်ကြားခဲ့ခြင်းဖြစ်‌ကြောင်း သိရသည်။

‌နော်ဘူ‌ဘောကုမ္ပဏီနှင့် ပတ်သက်၍ ဒုတိယဗိုလ်မှူးကြီး‌စောဩဂတ်က “‌တောင်ငူခရိုင်က စာကို ကျ‌နော်တို့ သိပြီးပါပြီ။ အခု ‌နော်ဘူ‌ဘော ကုမ္ပဏီဟာ ‌ဒေသခံအတွင်းက မိသားစု‌တွေထဲက ပါစင်နယ်(ပုဂ္ဂလိက)လုပ်တဲ့ ကုမ္ပဏီ‌ပေါ့‌နော်။ အခုလုပ်တာက မိတ်ဆက်ပွဲပါပဲ။ ဖွင့်ဖို့က‌တော့ (ကုမ္ပဏီရဲ့) အုပ်ချုပ်မှုအပိုင်းမှာ တာဝန်‌ပေါ့‌နော်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ကေအဲန်ယူ တပ်မဟာ(၂)၏ ကန့်ကွက်စာအ‌ပေါ် ၎င်းအ‌နေဖြင့် တစုံတရာ မှတ်ချက်‌ပေး ‌ပြောစရာမရှိ‌ကြောင်းနှင့် သက်ဆိုင်ရာ တပ်မဟာအ‌နေဖြင့် တာဝန်ရှိပါ‌ကြောင်း ဒုတိယဗိုလ်မှူးကြီး ‌စောဩဂတ်က ဆက်လက်‌ပြောဆိုသည်။

အဆိုပါကန့်ကွက်စာထဲတွင် ‌ကေအဲန်ယူ ‌တောင်ငူခရိုင်သည် လက်ရှိ‌ဖော်‌ဆောင်‌နေ‌သော ငြိမ်းချမ်း‌ရေးဖြစ်စဉ်၌ ‌ကေအဲန်ယူဗဟို ကွန်ဂရက်၏ နိုင်ငံ‌ရေးလမ်းညွှန်ချက် စံသတ်မှတ်မှုများဖြစ်သည့် ၁)အပစ်အခတ်ရပ်စဲ‌ရေး၊ ၂)ခိုင်မာ‌သော အပစ်အခတ်ရပ်စဲ‌ရေး တည်‌ဆောက်‌ရေး၊ ၃)နိုင်ငံ‌ရေး ‌တွေ့ဆုံစကား‌ပြော‌ရေးနှင့် ၄)စစ်မှန်‌သော ငြိမ်းချမ်း‌ရေးမှသည် စစ်မှန်‌သော ဖွံ့ဖြိုးတိုးတက်‌ရေး စသည်တို့အတိုင်း ‌လျှောက်လှမ်း‌နေပြီး လက်ရှိတွင် ကုမ္ပဏီဖွင့်ရန် အစီအစဉ် မရှိ‌သေး‌ကြောင်း ‌ဖော်ပြထားသည်။

ထို့အပြင် ကုမ္ပဏီများအတွက် ကိုယ်စားပြုဖိတ်ကြား‌ပေးသူ ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ KNU/KNLA-PC မှ ဒုတိယ ဗိုလ်မှူးကြီး ‌စောဩဂတ်နှင့်လည်း လုံးဝ ပတ်သက်မှုမရှိ‌ကြောင်း၊ KNLA တပ်မဟာ(၂) ‌တောင်ငူခရိုင် “‌နော်ဘူ‌ဘော”ကုမ္ပဏီဟု သုံးနှုန်းခြင်း အ‌ပေါ် ရပ်တန့်‌ပေးလို‌ကြောင်းနှင့် မရပ်တန့်ဘဲ ဆက်လက်သုံးစွဲပါက ‌ကော်သူး‌လေ(‌ကေအဲန်ယူ)၏ တည်ဆဲဥပ‌ဒေအရ အ‌ရေး ယူမည်ဖြစ်‌ကြောင်း ယင်းအသိ‌ပေးကန့်ကွက်စာတွင် ထည့်သွင်း‌ရေးသားထားသည်။

ဇူလိုင် ၃ဝရက်‌နေ့တွင် ဖွင့်လှစ်‌သော ၎င်းကုမ္ပဏီများသည် နည်းပြစီမံကိန်း၊ စိုက်ပျိုး‌ရေး၊ ဓာတ်သတ္တုတူး‌ဖော်‌ရေး၊ ဝန်‌ဆောင်မှု လုပ်ငန်း၊ မြန်မာအစိုးရနှင့်အတူ ပူး‌ပေါင်းပြီး တရားဥပ‌ဒေ စိုးမိုး‌ရေးနှင့် ‌အေးချမ်းသာယာဖွံ့ဖြိုး‌ရေး စသည်တို့‌ဆောင်ရွက်ရန် ရည် မှန်းထား‌ကြောင်း ‌စောဩဂတ်၏‌ပြောပြချက်အရ သိရသည်။